မကွေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော် အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲမှ ဆုရသူများ စာရင်းကို ဧပြီ(၂၅)ရက်နေ့တွင် မကွေးမြို့တော် မဟာသင်္ကြန်ဓာတ်ပုံပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ထုတ်ပြန်ကြေညာကြောင်း သိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မကွေးမြို့၏ မဟာသင်္ကြန်ပွဲတော်အလှကို ဖော်ထုတ် ကျူးရေးအတွက် ဧပြီ(၁၃)ရက်အကြိုနေ့မှ ဧပြီ(၁၆)ရက် အတက်နေ့ထိ အတာသင်္ကြန်ဆင်နွှဲပုံများကို ရိုက် ကူးယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
"အနယ်နယ်အရပ်ရပ်က ဓာတ်ပုံဆရာ(၄၇)ဦးရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း(၂၀၉)ပုံ ဝင်ရောက်ယှဉ် ပြိုင်တာမှာ မန္တလေးမြို့အခြေစိုက် အထက်ဗမာပြည်ဓာတ်ပုံဆရာအသင်းက ပညာရှင်တွေကို ခေါ်ယူပြီး အကဲဖြတ်စေခဲ့တာပါ"ဟု မဟာသင်္ကြန်ဓာတ်ပုံပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးဦးဇော်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆုရွေးချယ်ရေးအဖွဲ့မှ ပထမဆု ဇေဇေ(အောင်လံ)၊ ဒုတိယဆု နေမျိုးအောင်(အောင်လံ)၊ တတိယ ဆု ကိုလွှမ်း၊ ဖန်ခါးမြေ(မကွေး)၊ နှစ်သိမ့်ဆု (၁)ကိုသန်းစိုး(စကု)၊နှစ်သိမ့်ဆု(၂) ကိုသန်းစိုး(စကု)၊ နှစ်သိမ့် ဆု (၃) စိုင်းကိုလတ်(မကွေး)၊ နှစ်သိမ့်ဆု(၄) ထိန်လင်း(မကွေး)၊ နှစ်သိမ့်ဆု(၅) ကျော်မင်းသန့် (ရေနံ ချောင်း) တို့ဖြစ်ပြီး ပထမဆု ကျပ်(၅)သိန်း၊ ဒုတိယဆု ကျပ်(၃)သိန်း၊ တတိယဆု ကျပ်(၂)သိန်း၊ နှစ် သိမ့်ဆု ကျပ်(၁)သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆုများအား ပဏာမရွေးချယ်ခြင်းဖြစ်ပြီး ဆုရဓာတ်ပုံများနှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ဓာတ်ပုံပြိုင်ပွဲကော်မတီမှ အတည်ပြုဆုံးဖြတ်ချက်ဖြင့် ဆုများကို ပေးအပ်ချီး မြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
"ဆုပေးပွဲကျင်းပဖို့ရက်က ရွေးချယ်ပြီးတစ်ပတ်လောက်ခွာပြီးမှလုပ်ဖို့ အခြေအနေရှိပါတယ်။ ဆုရ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ အငြင်းပွားဖွယ်ရာဖြစ်လာခဲ့ရင် စိစစ်ဆုံးဖြတ်ဖို့ အချိန်ယူရမှာကြောင့်ပါ" ဟု ဦးဇော်မိုးက ပြောသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မကွေးမြို့၏ မဟာသင်္ကြန်ပွဲတော်အလှကို ဖော်ထုတ် ကျူးရေးအတွက် ဧပြီ(၁၃)ရက်အကြိုနေ့မှ ဧပြီ(၁၆)ရက် အတက်နေ့ထိ အတာသင်္ကြန်ဆင်နွှဲပုံများကို ရိုက် ကူးယှဉ်ပြိုင်စခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ- (ပ)၊(ဒု)၊(တ)၊နှစ်သိမ့်ဆု(၅)
