ရွမ္းျပည္နယ္(အေရွ႕ပိုုင္း)တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ မုန္းလုိက္အုပ္စု၊ မုိင္းဟမ္ေက်းရြာရိွ ဓမၼဂမၻီရသာသနာ့ လိႈဏ္ဂူေတာ္ႀကီး (စြမ္းဟိန္းဂူ)၊ ဓမၼာရံုအနီးရိွ နားေနေဆာင္တြင္ ႀကိဳးဆြဲခ် ေသဆံုး ေနသည့္ ဒုလႅဘတစ္ပါးအား ဧၿပီလ (၂၉)ရက္ေန႔ နံနက္ (၇)နာရီက ေတြ႔ရိွရေၾကာင္း သိရသည္။
မုိင္းဟစ္ေက်းရြာသူႀကီး ဦးအိုက္ရွဲန္က သတင္းေပးပို႔လာသျဖင့္ မုိင္းေယာင္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး စံလင္း ဦးစီးသည့္ အဖြဲ႕က သက္ေသမ်ားႏွင့္ အတူ အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးရာ အသက္ (၄၈)ႏွစ္အရြယ္ လူအမည္ အုိက္ရွဲန္ဆိုသူမွာ ျပင္ပဒဏ္ရာမရိွဘဲ ခါးစည္းပဝါျဖင့္ ႀကိဳးဆြဲခ်ေသဆံုးေနသည့္ ရဟန္းအား ေတြ႔ရသျဖင့္ ရင္ခြဲစစ္ေဆးနုိင္ရန္ မုိင္းေယာင္းျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
အဆိုပါ ဒုလႅဘမွာ ရဟန္းဘဝျဖင့္ (၅)ရက္သာ ရိွေသးၿပီး မေသဆံုးမီညက ၎ကို အျခားသူမ်ားက လာေရာက္ ေခၚေဆာင္ကာ သတ္ေတာ့မည္ျဖစ္ေၾကာင္း အတူေနသူကို ကေယာင္ကတန္းျဖင့္ ေျပာဆို ေနခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဒုလႅဘရဟန္းေသဆံုးမႈအား ဓမၼတာအတုိင္း ေသဆံုးျခင္း ဟုတ္ မဟုတ္ စစ္ေဆးေနၿပီး မုိင္းေယာင္းၿမိဳ႕မ ရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၃/၂၀၁၈)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စု၊ မိုင်းဟမ်ကျေးရွာရှိ ဓမ္မဂမ္ဘီရသာသနာ့ လှိုဏ်ဂူတော်ကြီး (စွမ်းဟိန်းဂူ)၊ ဓမ္မာရုံအနီးရှိ နားနေဆောင်တွင် ကြိုးဆွဲချ သေဆုံး နေသည့် ဒုလ္လဘတစ်ပါးအား ဧပြီလ (၂၉)ရက်နေ့ နံနက် (၇)နာရီက တွေ့ရှိရကြောင်း သိရသည်။
မိုင်းဟစ်ကျေးရွာသူကြီး ဦးအိုက်ရှဲန်က သတင်းပေးပို့လာသဖြင့် မိုင်းယောင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စံလင်း ဦးစီးသည့် အဖွဲ့က သက်သေများနှင့် အတူ အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ အသက် (၄၈)နှစ်အရွယ် လူအမည် အိုက်ရှဲန်ဆိုသူမှာ ပြင်ပဒဏ်ရာမရှိဘဲ ခါးစည်းပဝါဖြင့် ကြိုးဆွဲချသေဆုံးနေသည့် ရဟန်းအား တွေ့ရသဖြင့် ရင်ခွဲစစ်ဆေးနိုင်ရန် မိုင်းယောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ ဒုလ္လဘမှာ ရဟန်းဘဝဖြင့် (၅)ရက်သာ ရှိသေးပြီး မသေဆုံးမီညက၎င်းကို အခြားသူများက လာရောက် ခေါ်ဆောင်ကာ သတ်တော့မည်ဖြစ်ကြောင်း အတူနေသူကို ကယောင်ကတန်းဖြင့် ပြောဆို နေခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုလ္လဘရဟန်းသေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနပြေီး မိုင်းယောင်းမြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။