စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန် အခြေခံသင်တန်းဖွင့်လှစ်မည်ဖြစ်သဖြင့် တက်ရောက်လိုသူများ မေလ (၁၁)ရက်နေ့ နောက်ဆုံးထား၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မုံရွာရုံးခွဲတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
မေလ (၂၁)ရက်နေ့မှ ဇွန်လ (၁၅)ရက်နေ့အထိ လေးပတ်ကြာမြင့်မည့် အဆိုပါသင်တန်းအား လျှောက်ထားလိုသူများ အနေဖြင့် Passport ဓါတ်ပုံ(၃)ပုံ (နောက်ခံအပြာ)၊ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ (မူရင်းပြသရမည်)၊ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ် (သို့မဟုတ်) ဘွဲ့လက်မှတ် မိတ္တူ(မူရင်းပြသရမည်)၊ ဒေသတွင် အမှန် တကယ်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာမူရင်း၊ သက်ဆိုင်ရာရဲစခန်းထောက်ခံချက်မူရင်း၊ အိမ်ထောင်စုဇယားမိတ္တူ (မူရင်းပြသရမည်)နှင့် အခြားပညာရေးဆိုင်ရာ အထောက်အထားများဖြင့် ပူးတွဲတင်ပြ လျှောက်ထားနိုင်ကြောင်းသိရသည်။
မေလ (၂၁)ရက်နေ့မှ ဇွန်လ (၁၅)ရက်နေ့အထိ လေးပတ်ကြာမြင့်မည့် အဆိုပါသင်တန်းအား လျှောက်ထားလိုသူများ အနဖြေင့် Passport ဓာတ်ပုံ(၃)ပုံ (နောက်ခံအပြာ)၊ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ (မူရင်းပြသရမည်)၊ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ် (သို့မဟုတ်) ဘွဲ့လက်မှတ် မိတ္တူ(မူရင်းပြသရမည်)၊ ဒေသတွင် အမှန် တကယ်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာမူရင်း၊ သက်ဆိုင်ရာရဲစခန်းထောက်ခံချက်မူရင်း၊ အိမ်ထောင်စုဇယားမိတ္တူ (မူရင်းပြသရမည်)နှင့် အခြားပညာရေးဆိုင်ရာ အထောက်အထားများဖြင့် ပူးတွဲတင်ပြ လျှောက်ထားနိုင်ကြောင်းသိရသည်။