တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းဖုန္း(က)အုပ္စု၊ လြန္းလိန္းေက်ာင္းတုိက္မွ မုိင္းဖုန္းဆရာေတာ္ ဘႏၱဥာဏသံဝရသည္ ဧၿပီလ (၃)ရက္ေန႔တြင္ မိုင္းေယာင္းၿမိဳ႕သို႔ ၾကြေရာက္ၿပီး ရပ္ကြက္(၄)ရိွ ဟိုခံုရွမ္းဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ ရပ္ကြက္(၂)ရိွ ေၾကာင္က်ိဳက္ရွမ္းဘုန္းေတာ္ႀကီးေက်ာင္းတို႔တြင္ ေဒသခံမ်ားအား သီလေပးတရားမ်ား ေဟာၾကားျခင္းႏွင့္ ေလာကီအေဆာင္လက္ဖြဲ႕ေပးအပ္ျခင္းမ်ား ျပဳလုပ္ေၾကာင္း သိရသည္။
ဆရာေတာ္သည္ မိုင္းေယာင္းၿမိဳ႕နယ္၊ ဝမ္ေကာင္းေက်းရြာအုပ္စု၊ ဝမ္ေတာင္းရြာအနီးရိွ ဓါတ္လံုေစတီ ေက်ာင္းဝင္းတြင္ က်ိန္းစက္ၿပီး ဧၿပီ (၄)ရက္ေန႔တြင္ မုိင္းယုသို႔ ဆက္လက္ၾကြခ်ီျခင္းျဖစ္ေၾကာင္း သိရသည္။
မိုင္းေယာင္းၿမိဳ႕ တရားပြဲတြင္ နဗဟ(၁) နည္းဗ်ဴဟာမွဴး မွဴးႀကီး ျမင့္ထြန္းႏုိင္ဦးစီးသည့္ မုိင္းေယာင္းတပ္နယ္မွ အရာရိွမ်ား၊ စစ္သည္မ်ား၊ မိသားစုမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအုိက္ခမ္းလိႈင္ႏွင့္ ေဒသခံမ်ား စုစုေပါင္း (၁၅၀)ခန္႔ တရားနာလာေရာက္ၾကေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #အားခ်ာ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယုမြို့သို့ ဧပြီလ (၄)ရက်နေ့တွင် မိုင်းဖုန်းဆရာတော် ကြွရောက်မည်ဖြစ်ကြောင်း သိရပြီး ဧပြီလ (၃)ရက်နေ့က မိုင်းယောင်းမြို့ ဟိုခုံဘုန်းကြီးကျောင်း၌ ဆွမ်းချက်ခြင်းနှင့် ကျောင်းဝေယျာဝေစ္စပြုလုပ်သော အမျိုးသမီးကြီးများအဖွဲ့အား Toyota Vigo မော်တော်ယာဉ်တစ်စီး လှူဒါန်းပေးကြောင်းသိရသည်။
တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)အုပ်စု၊ လွန်းလိန်းကျောင်းတိုက်မှ မိုင်းဖုန်းဆရာတော် ဘန္တဉာဏသံဝရသည် ဧပြီလ (၃)ရက်နေ့တွင် မိုင်းယောင်းမြို့သို့ ကြွရောက်ပြီး ရပ်ကွက်(၄)ရှိ ဟိုခုံရှမ်းဘုန်းတော်ကြီးကျောင်းနှင့် ရပ်ကွက်(၂)ရှိ ကြောင်ကျိုက်ရှမ်းဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံများအား သီလပေးတရားများ ဟောကြားခြင်းနှင့် လောကီအဆောင်လက်ဖွဲ့ပေးအပ်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။
ဆရာတော်သည် မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်တောင်းရွာအနီးရှိ ဓါတ်လုံစေတီ ကျောင်းဝင်းတွင် ကျိန်းစက်ပြီး ဧပြီ (၄)ရက်နေ့တွင် မိုင်းယုသို့ ဆက်လက်ကြွချီခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့ တရားပွဲတွင် နဗဟ(၁) နည်းဗျူဟာမှူး မှူးကြီး မြင့်ထွန်းနိုင်ဦးစီးသည့် မိုင်းယောင်းတပ်နယ်မှ အရာရှိများ၊ စစ်သည်များ၊ မိသားစုများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်နှင့် ဒေသခံများ စုစုပေါင်း (၁၅၀)ခန့် တရားနာလာရောက်ကြကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #အားချာ
