ထုိင္းနုိင္ငံတြင္ ေသဆံုးသြားသည့္ ျမန္မာလုပ္သား၏ အာမခံေၾကးထုတ္ေပးရန္ မိသားစုဝင္မ်ားကို ရွာေဖြေန

ထုိင္းနုိင္ငံတြင္ ေသဆံုးသြားသည့္ ျမန္မာလုပ္သား၏ အာမခံေၾကးထုတ္ေပးရန္ မိသားစုဝင္မ်ားကို ရွာေဖြေန
ဧပြီ 25, 2018
By 🌸
ထိုင္းနိုင္ငံ၊ ပထံုဌာနီတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားတစ္ဦး ယာဥ္တုိက္မႈေၾကာင့္ ကြယ္လြန္သြားသျဖင့္ အာမခံေၾကးေငြထုတ္ယူေပးရန္အတြက္ မိသားစုႏွင့္ ေဆြမ်ိဳးေတာ္စပ္သူမ်ား ထုိင္းနုိင္ငံ အလုပ္သမား သံအရာရိွရံုးသို႔ အျမန္ဆံုးဆက္သြယ္ေပးရန္ ဧၿပီလ (၂၅)ရက္ေန႔တြင္ ေၾကညာထားသည္။
PON KHAM အမည္ျဖင့္ ႏုိင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသူသည္ ထိုင္းနိုင္ငံသို႕ ၂၀၁၃ ခုႏွစ္ ေမလ (၁၈)ရက္ေန႔ကတည္းက ဝင္ေရာက္လာၿပီး Mr.Chariyawut Srijan ထံတြင္ အလုပ္လုပ္ကိုင္ေနေၾကာင္း မွတ္တမ္းမ်ားအရသိရၿပီး ၎မွာ ပထံုဌာနီၿမိဳ႕တြင္ တစ္ဦးတည္း ဆိုင္ကယ္ျဖင့္သြားေရာက္စဥ္ ကားတစ္စီးက ဝင္ေရာက္တိုက္မိခဲ့သျဖင့္ အျပင္းအထန္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ပထံုဌာနီေဆးရံုတြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 
၄င္းနွင့္ပတ္သက္၍ ရရွိရန္ရွိသည့္ အာမခံေၾကးေငြမ်ားထုတ္ယူေပးရန္အတြက္  မိဘေမာင္နွစ္မ ေဆြမ်ိဳးေတာ္စပ္သူမ်ားႏွင့္ အျမန္ဆံုးအဆက္အသြယ္ရရိွရန္လိုအပ္ေနၿပီး အလုပ္သမားသံအရာရိွရံုးအေနျဖင့္ သက္ဆိုင္ရာနိုင္ငံ၏ဥပေဒ နွင့္အညီ ဆက္လက္ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
PON KHAM ၏ မိသားစုဝင္မ်ားအေနျဖင့္ ဦးစန္းေမာင္ဦး  ၀၉၄၈၈၄၅၄၈၄၊ ဦးဦးခင္ေမာင္ ၀၉၉၀၅၉၂၃၅၂၊ ဦးမ်ိဳးထက္သူ (ရေနာင္း) ၀၆၅၂၂၀၆၉၅၁၊ ဦးႏိုင္မင္းသူ (ခ်င္းမိုင္) ၀၆၅၂၂၀၆၉၅၂ႏွင့္ ဦးေအာင္ခင္ျမင့္ (မဲေဆာက္) - ၀၆၅၂၂၀၆၉၅၃ တုိ႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် သေဆုံးသွားသည့် မြန်မာလုပ်သား၏ အာမခံကြေးထုတ်ပေးရန် မိသားစုဝင်များကို ရှာဖွေနေ
***********
ထိုင်းနိုင်ငံ၊ ပထုံဌာနီတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားသဖြင့် အာမခံကြေးငွေထုတ်ယူပေးရန်အတွက် မိသားစုနှင့် ဆွေမျိုးတော်စပ်သူများ ထိုင်းနိုင်ငံ အလုပ်သမား သံအရာရှိရုံးသို့ အမြန်ဆုံးဆက်သွယ်ပေးရန် ဧပြီလ (၂၅)ရက်နေ့တွင် ကြေညာထားသည်။

PON KHAM အမည်ဖြင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူသည် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလ (၁၈)ရက်နေ့ကတည်းက ဝင်ရောက်လာပြီး Mr.Chariyawut Srijan ထံတွင် အလုပ်လုပ်ကိုင်နေကြောင်း မှတ်တမ်းများအရသိရပြီး ၎င်းမှာ ပထုံဌာနီမြို့တွင် တစ်ဦးတည်း ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့သဖြင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီးနောက် ပထုံဌာနီဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနှင့်ပတ်သက်၍ ရရှိရန်ရှိသည့် အာမခံကြေးငွေများထုတ်ယူပေးရန်အတွက်  မိဘမောင်နှစ်မ ဆွေမျိုးတော်စပ်သူများနှင့် အမြန်ဆုံးအဆက်အသွယ်ရရှိရန်လိုအပ်နေပြီး အလုပ်သမားသံအရာရှိရုံးအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
PON KHAM ၏ မိသားစုဝင်များအနေဖြင့် ဦးစန်းမောင်ဦး  ၀၉၄၈၈၄၅၄၈၄၊ ဦးဦးခင်မောင် ၀၉၉၀၅၉၂၃၅၂၊ ဦးမျိုးထက်သူ (ရနောင်း) ၀၆၅၂၂၀၆၉၅၁၊ ဦးနိုင်မင်းသူ (ချင်းမိုင်) ၀၆၅၂၂၀၆၉၅၂နှင့် ဦးအောင်ခင်မြင့် (မဲဆောက်) - ၀၆၅၂၂၀၆၉၅၃ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~