အထူးဒေသ(၄)အတွင်း လာရောက်လည်ပတ်သူများ မေလ (၅)ရက်နေ့မှစ၍ ယာယီနေထိုင်ခွင့်လက်မှတ် လုပ်ရမည်

အထူးဒေသ(၄)အတွင်း လာရောက်လည်ပတ်သူများ မေလ (၅)ရက်နေ့မှစ၍ ယာယီနေထိုင်ခွင့်လက်မှတ် လုပ်ရမည်
ဧပွီ 27, 2018
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄)အတွင်း လာရောက် လည်ပတ်နေထိုင်သူများ အနေဖြင့် ၂၀၁၈ ခုနှစ် မေလ (၅)ရက်နေ့မှ စတင်၍ ယာယီနေထိုင်ခွင့်လက်မှတ် လုပ်ဆောင်ရန်နှင့် ယာယီနေထိုင်ခွင့် မရှိသူများအား တည်းခိုနေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့်မပေးရန် သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဧည့်သည်များ အနေဖြင့် အထူးဒေသ (၄) ရဲတပ်ဖွဲ့ သို့မဟုတ် ဒေသရဲတပ်ဖွဲ့ထံတွင် ယာယီနေထိုင်ခွင့် လက်မှတ် သွားရောက် ပြုလုပ်ရမည်ဖြစ်ပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ တိုက်ခန်းနှင့် အိမ်ခန်း ငှားရမ်း နေထိုင်သည့် ဧည့်သည်များပါ အကျုံးဝင်ကြောင်း သိရသည်။

မိုင်းလားမြို့တွင် တိုက်ခန်း၊ အိမ်ခန်းငှားများ နှင့် အခန်းပြန်အပ်သည်တို့ကို ရပ်ကွက်အလိုက် အချိန်မီ သတင်းပေးပို့ရန်၊ မြို့ပြင်တွင် ငှားရမ်းနေထိုင်သည့်ဧည့်သည်များရှိပါက ကိုယ်ရေးအချက်အလက်များကို ဒေသရဲတပ်ဖွဲ့ထံ ပေးပို့ရန်အပြင် ကုမ္ပဏီများအနေဖြင့် အလုပ်ခန့်ထားခြင်း၊ ဖြုတ်ခြင်းများကိုလည်း အကြောင်းကြားရမည်ဖြစ်ကြောင်း သိရပြီး မလိုက်နာပါက ယွမ်ငွေ (၅၀၀)မှ (၁၀၀၀)ထိ ဒဏ်ငွေပေးဆောင်စေရမည်ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄)အတွင်း လာရောက် လည်ပတ်နေထိုင်သူများ အနဖြေင့် ၂၀၁၈ ခုနှစ် မေလ (၅)ရက်နေ့မှ စတင်၍ ယာယီနေထိုင်ခွင့်လက်မှတ် လုပ်ဆောင်ရန်နှင့် ယာယီနေထိုင်ခွင့် မရှိသူများအား တည်းခိုနေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့်မပေးရန် သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဧည့်သည်များ အနဖြေင့် အထူးဒေသ (၄) ရဲတပ်ဖွဲ့ သို့မဟုတ် ဒေသရဲတပ်ဖွဲ့ထံတွင် ယာယီနေထိုင်ခွင့် လက်မှတ် သွားရောက် ပြုလုပ်ရမည်ဖြစ်ပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ တိုက်ခန်းနှင့် အိမ်ခန်း ငှါးရမ်း နေထိုင်သည့် ဧည့်သည်များပါ အကျုံးဝင်ကြောင်း သိရသည်။

မိုင်းလားမြို့တွင် တိုက်ခန်း၊ အိမ်ခန်းငှါးများ နှင့် အခန်းပြန်အပ်သည်တို့ကို ရပ်ကွက်အလိုက် အချိန်မီ သတင်းပေးပို့ရန်၊ မြို့ပြင်တွင် ငှါးရမ်းနေထိုင်သည့်ဧည့်သည်များရှိပါက ကိုယ်ရေးအချက်အလက်များကို ဒေသရဲတပ်ဖွဲ့ထံ ပေးပို့ရန်အပြင် ကုမ္ပဏီများအနဖြေင့် အလုပ်ခန့်ထားခြင်း၊ ဖြုတ်ခြင်းများကိုလည်း အကြောင်းကြားရမည်ဖြစ်ကြောင်း သိရပြီး မလိုက်နာပါက ယွမ်ငွေ (၅၀၀)မှ (၁၀၀၀)ထိ ဒဏ်ငွေပေးဆောင်စေရမည်ဖြစ်ကြောင်း သိရသည်။

ယာယီနေထိုင်ခွင့် လက်မှတ်မရှိသူများကို ကုမ္ပဏီများတွင် အလုပ်ခန့်အပ်ခြင်း၊ အိမ်ခန်း၊ တိုက်ခန်းငှါးရမ်းခြင်း မပြုရန်နှင့် ဟိုတယ်၊တည်းခိုခန်းများတွင် လာရောက်တည်းခိုသူများ၏ ကိုယ်ရေးအချက်အလက် အသေးစိတ် မှတ်တမ်းယူထားရန်နှင့် လိုက်နာခြင်းမရှိပါက ဒဏ်ငွေအဖြစ် ယွမ်ငွေတစ်ထောင်မှ နှစ်ထောင်အထိ ပေးဆောင်စေရန် ညွှန်ကြားထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~