နှစ်နှစ်အကြာမှ ပြန်လည်ကျင်းပသည့် မကွေးတိုင်းဒေသကြီး မဟာသင်္ကြန် ဖွင့်ပွဲနေ့တွင် အထူးစည်ကား
နှစ်နှစ်အကြာမှ ပြန်လည်ကျင်းပသည့် မကွေးတိုင်းဒေသကြီး မဟာသင်္ကြန် ဖွင့်ပွဲနေ့တွင် အထူးစည်ကား
ဧပွီ 14, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီးတွင် နှစ်နှစ်ကြာ မကျင်းပနိုင်ခဲ့သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ယခုနှစ်တွင် ရိုးရာယဉ်ကျေးမှုများနှင့်အတူ လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုပါ ထည့်သွင်းကျင်းပရာ
ယခုနှစ်သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များ၊ ပြိုင်ပွဲဝင်သင်္ကြန်ယိမ်း အကအဖွဲ့များ ပါဝင်ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ် များ၊ စတုဒီသာမဏ္ဍပ်များ၊ တောင်သားလူမျိုးအရှိုချင်းတိုင်းရင်းသားများ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ မှ ဆံရစ်ဝိုင်းအမျိုးသမီးများ၊ ကုန်းဘောင်ခေတ်ကိုဖော်ကျူးသည့် အဆင်တန်ဆာများ၊ ရွှေနွားလှည်းယာဉ် များ၊ ရခိုင်ရိုးရာလောင်းလှေဖြင့် ရေကစားခြင်းများ၊ သနပ်ခါးလူးပွဲများပါဝင်ကြောင်း သိရပြီး သင်္ကြန်အ ကြိုနေ့ ညနေပိုင်း ဖွင့်ပွဲတွင်ပင် ရှေးယခင်နှစ်များကထက် အထူးစည်ကားခဲ့ကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓါတ်ပုံ - သန်းနိုင်ဦး
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတို်င်းဒေသကြီးတွင် နှစ်နှစ်ကြာ မကျင်းပနိုင်ခဲ့သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ယခုနှစ်တွင် ရိုးရာယဉ်ကျေးမှုများနှင့်အတူ လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုပါ ထည့်သွင်းကျင်းပရာ
ဧပြီလ (၁၃)ရက်နေ့ ဖွင့်ပွဲတွင်ပင် အထူးစည်ကားကြောင်း သိရသည်။
“အရင်နှစ်တွေ တုန်းကလိုဆိုရင်တော့ သင်္ကြန်က ကွယ်ပျောက်သွားမလားတောင် အောက်မေ့ခဲ့တာ။ ဒီနှစ်မှာတော့ ပုံမှန်ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်ကို သာမက လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုပါ ခမ်းခမ်းနားနားနဲ့ မြန်မာ့ရိုးရာတွေကို် ဖော်ထုတ်ပြီး ကျင်းပနို်င်အောင် စီစဉ်ပေးတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော် စီစဉ်သူတွေကို ကျေးဇူးတင်ရပါတယ်”ဟု ဈေးလယ်စိုးရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ကျော်ညွန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင် မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
ယခုနှစ်သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များ၊ ပြိုင်ပွဲဝင်သင်္ကြန်ယိမ်း အကအဖွဲ့များ ပါဝင်ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ် များ၊ စတုဒီသာမဏ္ဍပ်များ၊ တောင်သားလူမျိုးအရှိုချင်းတိုင်းရင်းသားများ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ မှ ဆံရစ်ဝိုင်းအမျိုးသမီးများ၊ ကုန်းဘောင်ခေတ်ကိုဖော်ကျူးသည့် အဆင်တန်ဆာများ၊ ရွှေနွားလှည်းယာဉ် များ၊ ရခိုင်ရိုးရာလောင်းလှဖြေင့် ရေကစားခြင်းများ၊ သနပ်ခါးလူးပွဲများပါဝင်ကြောင်း သိရပြီး သင်္ကြန်အ ကြိုနေ့ ညနေပိုင်း ဖွင့်ပွဲတွင်ပင် ရှေးယခင်နှစ်များကထက် အထူးစည်ကားခဲ့ကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~