ဘောလုံးဒိုင်လူကြီးအဖြစ် လုပ်ကိုင်ရန် စိတ်ဝင်စားသည့် အသက် (၃၀)နှစ်အောက်များ တက်ရောက် နိုင်မည့် MFF New Referees Course 2/2018 ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်း ဌာနက မေလ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနက အဆိုပါ သင်တန်းမှ သင်တန်းအောင်မြင်သူများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်လုပ်ငန်းဌာနနှင့် သက်ဆိုင်သော ပြည်နယ်/တိုင်း ဒိုင်ကော်မတီများတွင် တရားဝင် မှတ်ပုံတင်၍ ဒိုင်လူကြီးတာဝန်များကို ထမ်းဆောင်စေခြင်း၊ အရည်အချင်း ပြည့်မီသူများအား မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်စေခြင်း၊ ပြည်ပသို့ ဒိုင်သင်တန်းများ စေလွှတ်ခြင်းတို့ကို လုပ်ဆောင်ပေးမည် ဖြစ်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီးများ ဖြစ်လာစေရန်အတွက် သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ကျန်းမာကြံ့ခိုင်ပြီး ပြေးလွှားလှုပ်ရှားနိုင်သူ၊ မျက်မှန်တပ်ဆင်ခြင်း မရှိသူ၊အနိမ့်ဆုံး အခြေခံပညာ အထက်တန်းအဆင့်ရှိသူများ ဖြစ်ရန်လိုအပ်ပြီး သင်တန်းအောင်မြင်ပြီးပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒိုင်ကော်မတီတို့တွင် ဒိုင်လုပ်ငန်း တာဝန်များကို ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ကန့်သတ်ထားသည်။
သင်တန်း တက်ရောက်လိုသူများ အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာန သုဝဏ္ဏဘောလုံးကွင်း ဖုန်း ၀၉၄၅၀၀၀၇၄၄၈၊ ၀၉၄၂၀၁၂၈၀၆၄၊ ၀၉၈၆၂၃၆၂၁ များသို့ မေလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနက အဆိုပါ သင်တန်းမှ သင်တန်းအောင်မြင်သူများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်လုပ်ငန်းဌာနနှင့် သက်ဆိုင်သော ပြည်နယ်/တိုင်း ဒိုင်ကော်မတီများတွင် တရားဝင် မှတ်ပုံတင်၍ ဒိုင်လူကြီးတာဝန်များကို ထမ်းဆောင်စခြေင်း၊ အရည်အချင်း ပြည့်မီသူများအား မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်စခြေင်း၊ ပြည်ပသို့ ဒိုင်သင်တန်းများ စေလွှတ်ခြင်းတို့ကို လုပ်ဆောင်ပေးမည် ဖြစ်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီးများ ဖြစ်လာစေရန်အတွက် သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောငး် သိရသည်။
သင်တန်းတက်ရောက်လိုသူများအနဖြေင့် ကျန်းမာကြံ့ခိုင်ပြီး ပြေးလွှားလှုပ်ရှားနိုင်သူ၊ မျက်မှန်တပ်ဆင်ခြင်း မရှိသူ၊အနိမ့်ဆုံး အခြေခံပညာ အထက်တန်းအဆင့်ရှိသူများ ဖြစ်ရန်လိုအပ်ပြီး သင်တန်းအောင်မြင်ပြီးပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒိုင်ကော်မတီတို့တွင် ဒိုင်လုပ်ငန်း တာဝန်များကို ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ကန့်သတ်ထားသည်။
သင်တန်း တက်ရောက်လိုသူများ အနဖြေင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာန သုဝဏ္ဏဘောလုံးကွင်း ဖုန်း ဝ၉၄၅၀၀၀၇၄၄၈၊ ဝ၉၄၂၀၁၂၈၀၆၄၊ ဝ၉၈၆၂၃၆၂၁ များသို့ မေလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။