CI ပြုလုပ်ရန် ကျန်သည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား သုံးသောင်းနီးပါး မေလ (၆)ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရန် သတိပေးတိုက်တွန်း

CI ပြုလုပ်ရန် ကျန်သည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား သုံးသောင်းနီးပါး မေလ (၆)ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရန် သတိပေးတိုက်တွန်း
ဧပွီ 30, 2018
By Tachileik News Agency

CI ပြုလုပ်ရန် ကျန်ရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ၂၀၁၈ ခုနှစ် မေလ (၂) ရက်နေ့မှ (၆) ရက်နေ့အတွင်း ဘန်ကောက်မြို့ရှိ OSS စခန်း (၄)ခုနှင့် ကျန် (၇၆) ခရိုင်ခု အသီးသီး၌ ဖွင့်လှစ်ပေးထားသည့် OSS စခန်းများတွင် အချိန်မီ သွားရောက်ဆောင်ရွက်ကြရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားသည်။



သက်ဆိုင်ရာအလုပ်အကိုင်ဌာနနှင့် Online စနစ်တို့တွင် မှတ်ပုံတင်ခဲ့၍ စာရင်းဝင်ပြီး နိုင်ငံသားစိစစ်ရန် ကျန်ရှိနေသည့် နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်သမားဖုန်းနံပါတ်များ၊ အလုပ်ရှင်၏ အချက်အလက်များကို ထိုင်းအလုပ် အကိုင်ဌာနက ရယူထားပြီးဖြစ်ရာ OSS စခန်းများသို့ သွားရောက်ရမည့် ရက်ချိန်းကို ကာယကံရှင် အလုပ်သမားများထံသို့ SMS စနစ်ဖြင့် Message ပေးပို့ အကြောင်းကြား ပေးမည်ဖြစ်ပြီး ရက်ချိန်းရရှိပြီးသူ အလုပ်သမားများ အနေဖြင့် သတ်မှတ်နေ့ရက်တွင် မသွားရောက်နိုင်ပါက ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန၏ Hot Line ဖုန်းနံပါတ် 02-2487290 သို့ ကြိုတင် ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ သတ်မှတ်ရက်အတွင်းCI လျှောက်ထားရယူနိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန အနေဖြင့် သက်ဆိုင်ရာနယ်မြေရုံးများမှတစ်ဆင့် အလုပ်ရှင်များသို့လည်း ဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။


အလုပ်သမားများ အနေဖြင့် သတ်မှတ်ရက်အတွင်း လာရောက် မဆောင်ရွက်နိုင်ကြောင်း ကြိုတင် အကြောင်းကြားရန် ပျက်ကွက်ပါက ရက်ချိန်း (Q) အားပယ်ဖျက်ခြင်း ခံရမည်ဖြစ်၍ ကာယကံရှင် အလုပ်သမား အနေဖြင့် ထပ်မံဆောင်ရွက်ခွင့်ရရှိတော့မည် မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း တရားဝင် ပြန်လည်ဝင်ရောက်လိုပါက MOU စနစ်ဖြင့်သာပြန်လည်ဝင်ရောက်ရတော့မည်ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

CI ပြုလုပ်ရန် ကျန်ရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနဖြေင့် ၂၀၁၈ ခုနှစ် မေလ (၂) ရက်နေ့မှ (၆) ရက်နေ့အတွင်း ဘန်ကောက်မြို့ရှိ OSS စခန်း (၄)ခုနှင့် ကျန် (၇၆) ခရိုင်ခု အသီးသီး၌ ဖွင့်လှစ်ပေးထားသည့် OSS စခန်းများတွင် အချိန်မီ သွားရောက်ဆောင်ရွက်ကြရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားသည်။

ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန၏ စာရင်းအရ ယင်းဌာန၌ မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း CI ပြုလုပ်ရန် ကျန်ရှိသည့် မြန်မာအလုပ်သမား (၂၈,၁၉၄) ဦးခန့် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ပြီးစီး၍ CI စာအုပ်ရရှိပြီးသူ အလုပ်သမားများသည် ကျန်းမာရေးစစ်ဆေးပြီးလျှင် နီးစပ်ရာ OSS စခန်းများသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးဌာန၌ နေထိုင်ခွင့်ဗီဇာ (၂) နှစ် ပြုလုပ်ခြင်း၊ အလုပ်အကိုင် ဌာနတွင် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်ပြုလုပ်ခြင်းနှင့် ပြည်ထဲရေးဌာနတွင် ကိုယ်ရေး အချက်အလက်များ ပြင်ဆင်ဖြည့်စွက်၍ ဂဏန်း (၁၃) လုံးပါသည့် ပန်းရောင် ID ကတ် ထုတ်ယူခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာအလုပ်အကိုင်ဌာနနှင့် Online စနစ်တို့တွင် မှတ်ပုံတင်ခဲ့၍ စာရင်းဝင်ပြီး နိုင်ငံသားစိစစ်ရန် ကျန်ရှိနေသည့် နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်သမားဖုန်းနံပါတ်များ၊ အလုပ်ရှင်၏ အချက်အလက်များကို ထိုင်းအလုပ် အကိုင်ဌာနက ရယူထားပြီးဖြစ်ရာ OSS စခန်းများသို့ သွားရောက်ရမည့် ရက်ချိန်းကို ကာယကံရှင် အလုပ်သမားများထံသို့ SMS စနစ်ဖြင့် Message ပေးပို့ အကြောင်းကြား ပေးမည်ဖြစ်ပြီး ရက်ချိန်းရရှိပြီးသူ အလုပ်သမားများ အနဖြေင့် သတ်မှတ်နေ့ရက်တွင် မသွားရောက်နိုင်ပါက ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန၏ Hot Line ဖုန်းနံပါတ် 02-2487290 သို့ ကြိုတင် ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ သတ်မှတ်ရက်အတွင်းCI လျှောက်ထားရယူနိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာန အနဖြေင့် သက်ဆိုင်ရာနယ်မြေရုံးများမှတစ်ဆင့် အလုပ်ရှင်များသို့လည်း ဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ (၂၄) နာရီ ဆက်သွယ် အကြောင်းကြားနိုင်ရန် ထိုင်းနိုင်ငံ၊ အလုပ်အကိုင် ဌာန၌ Call Center ကြိုးဖုန်း (၁၀) လုံးနှင့် Wall Room Monitor တို့အား တပ်ဆင်ထားရှိပြီး Monitor Screen တွင် OSS စခန်းများ အလိုက် လာရောက် ဆောင်ရွက်ပြီးစီးသူဦးရေ၊ ကျန်ရှိ ဦးရေစသည့် အသေးစိတ် စာရင်းတို့အား အချိန်နှင့်တပြေးညီ ဖော်ပြထားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာနက အသိပေးထားသည်။

အလုပ်သမားများ အနဖြေင့် သတ်မှတ်ရက်အတွင်း လာရောက် မဆောင်ရွက်နိုင်ကြောင်း ကြိုတင် အကြောင်းကြားရန် ပျက်ကွက်ပါက ရက်ချိန်း (Q) အားပယ်ဖျက်ခြင်း ခံရမည်ဖြစ်၍ ကာယကံရှင် အလုပ်သမား အနဖြေင့် ထပ်မံဆောင်ရွက်ခွင့်ရရှိတော့မည် မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း တရားဝင် ပြန်လည်ဝင်ရောက်လိုပါက MOU စနစ်ဖြင့်သာပြန်လည်ဝင်ရောက်ရတော့မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~