တာချီလိတ်မြို့ရှိ ခရိုင်အားကစားခန်းမတွင် တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ကြက်တောင်ဆပ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် အခမဲ့ ကြက်တောင်သင်တန်းအား ၂၀၁၈ခုနှစ် မေလ(၃)ရက်နေ့အထိ ဖွင့်လှစ်မှာဖြစ်သည့် အတွက် ကြက်တောင်ရိုက်ဝါသနာပါသူ လူငယ်များအနေဖြင့် လာရောက်၍ စာရင်းပေး သင်ယူနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကြက်တောင်ရိုက် သင်တန်းသား မိန်းကလေး(၁၂)ဦး နှင့် ယောက်ျားလေး(၁၈)ဦး စုစုပေါင်း (၃၀)ဦး ရှိနေပြီး ကြက်တောင်ရိုက် ၀ါသနာပါသူ လူငယ်များ အနေဖြင့် ဆက်လက် တက်ရောက်နိုင်သေးကြောင်း သိရသည်။
အဆိုပါ သင်တန်းအား ၂၀၁၈ခုနှစ် ဧပြီလ(၁)ရက်နေ့က စတင်၍ မေလ(၃)ရက်နေ့အထိ ဖွင့်လှစ်မှာဖြစ်သည့် အတွက် တာချီလိတ်ခရိုင်အားကစားခန်းမ၌လည်းကောင်း၊ ဂေါက်ကွင်းအဆင်းလမ်းရှိ ရွှေကျွန်းညို မိုတယ်( ဖုန်း - 09440670420 ) သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကြက်တောင်ရိုက် သင်တန်းသား မိန်းကလေး(၁၂)ဦး နှင့် ယောက်ျားလေး(၁၈)ဦး စုစုပေါင်း (၃၀)ဦး ရှိနပြေီး ကြက်တောင်ရိုက် ဝါသနာပါသူ လူငယ်များ အနဖြေင့် ဆက်လက် တက်ရောက်နိုင်သေးကြောင်း သိရသည်။
သင်တန်းချိန်အား နံနက်(၈)နာရီခွဲမှ ညနေ(၃)နာရီခွဲအချိန်အထိ သတ်မှတ်ပေးထားသည့် အတွက် သင်တန်းချိန်များတွင်လည်း လာရောက်၍ စာရင်းပေးနိုင်ကြောင်း သိရှိရသည်။
