ရန္ကုန္တုိင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္ ထိန္ပင္အမိႈက္ပံု မီးေလာင္မႈမွ မီးခိုးေညႇာ္နံ႔မ်ားေၾကာင့္ (၂၀)ရပ္ကြက္မွ အသက္ (၆၀)ေက်ာ္အရြယ္ ပန္းနာရင္ၾကပ္ေဝဒနာရွင္ အမ်ဳိးသမီးတစ္ဦး ဧၿပီလ (၂၅)ရက္ေန႔ နံနက္အေစာပိုင္းက ေသဆံုးသြားေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသမီးမွာ လြန္ခဲ့သည့္ သံုးႏွစ္ခန္႔ကတည္းက ပန္းနာရင္ၾကပ္ႏွင့္ ႏွလံုးေရာဂါ ခံစားေနရသူျဖစ္ၿပီး အမိႈက္ပံုမီးခိုးေညႇာ္နံ႔ေၾကာင့္ အသက္ရႈၾကပ္ေနရာ လႈိင္သာယာၿမိဳ႕နယ္ အတြင္း ပဒံေက်း႐ြာရွိ ျဖဴစင္ေမတၱာပရဟိတအသင္းမွ ေအာက္ဆီဂ်င္ဘူး မ်ားအားငွားယူ၍ ေနအိမ္တြင္ ေအာက္ဆီဂ်င္ဗူးျဖင့္ ေနထုိင္ေနရာမွ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
ထိန္ပင္စြန္႔ပစ္ အမႈိက္ပုံမွာ ဧၿပီလ (၂၁)ရက္ေန႔ကတည္းက မီးေလာင္မႈေၾကာင့္ မီးခိုးေညႇာ္နံ႕မ်ား ဖံုးလႊမ္းေနသျဖင့္ အနီးဝန္းက်င္ေနထိုင္သူမ်ား အသက္ရႈၾကပ္သည့္ေဝဒနာျဖင့္ လိႈင္သာယာ ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနသူ (၁၄)ဦးရိွေနေၾကာင္း သိရသည္။
မီးခိုးေၾကာင့္ အသက္ရႈၾကပ္သည့္ ေဝဒနာခံစားရသူမ်ားအား အေရးေပၚကုသႏုိင္ရန္ လႈိင္သာယာျပည္သူ႔ ေဆး႐ုံအျပင္ အရံေဆး႐ုံမ်ားအျဖစ္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးႏွင့္ ရန္ကုန္ၿမိဳ႕ေပၚရွိ အျခားေဆး႐ုံႀကီးမ်ား တြင္လည္း မီးခိုးမႊန္ေရာဂါႏွင့္ ဆက္စပ္ေရာဂါလူနာ မ်ားႏွင့္ပတ္သက္၍ (၂၄)နာရီပတ္လုံးကုသေပးႏိုင္ေရး အသင့္ျပင္ဆင္ထားရွိသည့္အျပင္ လႈိင္သာယာႏွင့္ ပတ္ဝန္းက်င္နယ္ေျမတြင္ရွိေသာ အေရးေပၚ က်န္းမာေရးေစာင့္ ေရွာက္မႈ ေဆးခန္းမ်ား၊ ေက်းလက္က်န္းမာေရးဌာနႏွင့္ ဌာနခြဲမ်ားအား (၂၄)နာရီ ဖြင့္လွစ္ ထားကာ လူနာတင္ကားမ်ား အသင့္ထားရိွရန္ က်န္းမာေရးဦးစီးဌာနက ေဆာင္ရြက္ထားေၾကာင္း သိရသည္။
ဓါတ္ပံု - ကိုရီး
အဆိုပါ အမျိုးသမီးမှာ လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက ပန်းနာရင်ကြပ်နှင့် နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး အမှိုက်ပုံမီးခိုးညှော်နံ့ကြောင့် အသက်ရှုကြပ်နေရာ လှိုင်သာယာမြို့နယ် အတွင်း ပဒံကျေးရွာရှိ ဖြူစင်မေတ္တာပရဟိတအသင်းမှ အောက်ဆီဂျင်ဘူး များအားငှါးယူ၍ နေအိမ်တွင် အောက်ဆီဂျင်ဗူးဖြင့် နေထိုင်နေရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထိန်ပင်စွန့်ပစ် အမှိုက်ပုံမှာ ဧပြီလ (၂၁)ရက်နေ့ကတည်းက မီးလောင်မှုကြောင့် မီးခိုးညှော်နံ့များ ဖုံးလွှမ်းနေသဖြင့် အနီးဝန်းကျင်နေထိုင်သူများ အသက်ရှုကြပ်သည့်ဝေဒနာဖြင့် လှိုင်သာယာ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသူ (၁၄)ဦးရှိနေကြောင်း သိရသည်။
မီးခိုးကြောင့် အသက်ရှုကြပ်သည့် ဝေဒနာခံစားရသူများအား အရေးပေါ်ကုသနိုင်ရန် လှိုင်သာယာပြည်သူ့ ဆေးရုံအပြင် အရံဆေးရုံများအဖြစ် အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်မြို့ပေါ်ရှိ အခြားဆေးရုံကြီးများ တွင်လည်း မီးခိုးမွှန်ရောဂါနှင့် ဆက်စပ်ရောဂါလူနာ များနှင့်ပတ်သက်၍ (၂၄)နာရီပတ်လုံးကုသပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိသည့်အပြင် လှိုင်သာယာနှင့် ပတ်ဝန်းကျင်နယ်မြေတွင်ရှိသော အရေးပေါ် ကျန်းမာရေးစောင့် ရှောက်မှု ဆေးခန်းများ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများအား (၂၄)နာရီ ဖွင့်လှစ် ထားကာ လူနာတင်ကားများ အသင့်ထားရှိရန် ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ထားကြောင်း သိရသည်။
ဓာတ်ပုံ - ကိုရီး