၂၀၁၈ခုႏွစ္၏ ရက္ေပါင္း (၁၁၃)ရက္ အတြင္း တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသား (၂၄၆)ဦးကို တာခ်ီလိတ္ကို လႊဲေျပာင္း

၂၀၁၈ခုႏွစ္၏ ရက္ေပါင္း (၁၁၃)ရက္ အတြင္း တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသား (၂၄၆)ဦးကို တာခ်ီလိတ္ကို လႊဲေျပာင္း
ဧပြီ 24, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသားမ်ားအား ဧၿပီလ(၂၄)ရက္ေန႔အထိ ရက္ေပါင္း(၁၁၃)ရက္အတြင္း ထိုင္းဘက္မွ လႊဲေျပာင္း ေပးလာရာတြင္  စုစုေပါင္း(၂၄၆)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔ကစ၍ ရက္ေပါင္း (၁၁၃)ရက္ေျမာက္ျဖစ္သည့္ ဧၿပီလ(၂၄)ရက္ေန႔ နံနက္ပိုင္းက တရားမ၀င္လုပ္သား ျမန္မာႏိုင္ငံသား(၇)ဦးအား လႊဲေျပာင္းေပးလာရာတြင္ ရက္ေပါင္း(၁၁၃)ရက္အတြင္း အမ်ဳိးသား(၁၆၉)ဦး၊ အမ်ဳိးသမီး(၇၀)ဦး ႏွင့္ ကေလး(၇)ဦး စုစုေပါင္း (၂၄၆)ဦး ရွိၿပီျုဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္မွ လႊဲေျပာင္းေပးလာရာတြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ လ၀က၊ လူကုန္တား၊ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ ( CNCMC  ) ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္ကာ စိစစ္လက္ခံၾကေၾကာင္း သိရသည္။

လြႊဲေျပာင္းေပးလာမႈမ်ားတြင္ အဆိုပါ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားမွာ ၎တုိ႕ဆႏၵျဖင့္ ျပန္လာသူမ်ား မဟုတ္ၾကဘဲ ထုိင္းႏုိင္ငံတြင္ နယ္စပ္ျဖတ္သန္းခြင့္ သက္တမ္းလြန္ျခင္း၊ အေထာက္အထားမရွိဘဲ ေနထုိင္ျခင္း၊ အေထာက္အထားမရွိဘဲ အလုပ္ လုပ္ကိုင္ျခင္း စသည္တုိ႔ေၾကာင့္ ဖမ္းဆီးခံရၿပီး ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္ေစလႊတ္ခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ လႊဲေျပာင္းေပးလာရာ ရံဖန္ရံခါမ်ားတြင္ ျမန္မာႏိုင္ငံသားမဟုတ္သည့္ အျခားႏိုင္ငံသားမ်ားလည္း ပါ၀င္လာတတ္သည့္အတြက္ ျမန္မာဘက္ တာ၀န္ရွိသူမ်ားက စိစစ္ၿပီးမွသာ လက္ခံေၾကာင္း သိရသည္။

"တစ္ခါတစ္ေလ အခုလို လူလႊဲေျပာင္းတဲ့အခါမွာ ျမန္မာႏိုင္ငံသား မဟုတ္တဲ့ သူေတြ ပါလာတာလည္း ရွိတယ္၊ လာအိုႏိုင္ငံသားတို႔ တရုတ္ႏိုင္ငံသားတို႔ေပါ့။ အဲ့ဒီအျပင္ ဘဂၤလီပါလာတာေတြလည္းရွိခဲ့ဖူးတယ္။ အဲ့ဒီအခါဆိုရင္ ခ်က္ခ်င္းပဲ ကြ်န္ေတာ္တို႔ဘက္က ထိုင္းဘက္ကို ျပန္လႊဲေပးပါတယ္၊ အဓိက ကေတာ့ လႊဲေျပာင္းလာတဲ့အထဲမွာ ျမန္မာႏိုင္ငံသား ဟုတ္ မဟုတ္ကို အဓိက စိစစ္ၿပီးမွ လက္ခံတာပါ"ဟု လူလႊဲလက္ခံသည့္ အဖြဲ႔မွ တာ၀န္ရွိသူ တစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာျပသည္။

တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသားမ်ားအား ထိုင္းဘက္ ရဲတပ္ဖြဲ႔ႏွင့္လ၀က တို႔က ဖမ္းဆီးရမိသည့္ အခါတိုင္းတြင္ လူဦးေရေပၚမူတည္၍ တစ္ပတ္လွ်င္ အနည္းဆံုး (၃)ႀကိမ္မွ (၄)ႀကိမ္အထိ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာေလ့ရွိေၾကာင္း သိရွိရသည္။

 ဓါတ္ပံု - ၿမိဳ႕နယ္ေထြ/အုပ္




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများအား ဧပြီလ(၂၄)ရက်နေ့အထိ ရက်ပေါင်း(၁၁၃)ရက်အတွင်း ထိုင်းဘက်မှ လွှဲပြောင်း ပေးလာရာတွင် စုစုပေါင်း(၂၄၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကစ၍ ရက်ပေါင်း (၁၁၃)ရက်မြောက်ဖြစ်သည့် ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက တရားမဝင်လုပ်သား မြန်မာနိုင်ငံသား(၇)ဦးအား လွှဲပြောင်းပေးလာရာတွင် ရက်ပေါင်း(၁၁၃)ရက်အတွင်း အမျိုးသား(၁၆၉)ဦး၊ အမျိုးသမီး(၇၀)ဦး နှင့် ကလေး(၇)ဦး စုစုပေါင်း (၂၄၆)ဦး ရှိပြီုဖစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လွှဲပြောင်းပေးလာရာတွင် မြန်မာနိုင်ငံ တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ လူကုန်တား၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC ) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကာ စိစစ်လက်ခံကြကြောင်း သိရသည်။

လွှဲပြောင်းပေးလာမှုများတွင် အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့် သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်း၊ အထောက်အထားမရှိဘဲ အလုပ် လုပ်ကိုင်ခြင်း စသည်တို့ကြောင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးလာရာ ရံဖန်ရံခါများတွင် မြန်မာနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံသားများလည်း ပါဝင်လာတတ်သည့်အတွက် မြန်မာဘက် တာဝန်ရှိသူများက စိစစ်ပြီးမှသာ လက်ခံကြောင်း သိရသည်။

"တစ်ခါတစ်လေ အခုလို လူလွှဲပြောင်းတဲ့အခါမှာ မြန်မာနိုင်ငံသား မဟုတ်တဲ့ သူတွေ ပါလာတာလည်း ရှိတယ်၊ လာအိုနိုင်ငံသားတို့ တရုတ်နိုင်ငံသားတို့ပေါ့။ အဲ့ဒီအပြင် ဘင်္ဂလီပါလာတာတွေလည်းရှိခဲ့ဖူးတယ်။ အဲ့ဒီအခါဆိုရင် ချက်ချင်းပဲ ကျွန်တော်တို့ဘက်က ထိုင်းဘက်ကို ပြန်လွှဲပေးပါတယ်၊ အဓိက ကတော့ လွှဲပြောင်းလာတဲ့အထဲမှာ မြန်မာနိုင်ငံသား ဟုတ် မဟုတ်ကို အဓိက စိစစ်ပြီးမှ လက်ခံတာပါ"ဟု လူလွှဲလက်ခံသည့် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောပြသည်။

တရားမဝင် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအား ထိုင်းဘက် ရဲတပ်ဖွဲ့နှင့်လဝက တို့က ဖမ်းဆီးရမိသည့် အခါတိုင်းတွင် လူဦးရေပေါ်မူတည်၍ တစ်ပတ်လျှင် အနည်းဆုံး (၃)ကြိမ်မှ (၄)ကြိမ်အထိ တာချီလိတ်သို့ လွှဲပြောင်းပေးလာလေ့ရှိကြောင်း သိရှိရသည်။

 ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~