မေကြးတိုင္းေဒသႀကီးအတြင္း ေရရွားပါးမႈ ကာကြယ္ႏုိင္ေရးအတြက္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ က်ပ္သန္း(၅၀၀)ျဖင့္ ေဆာင္ရြက္ေန

မေကြးတိုင္းေဒသႀကီးအတြင္း ေရရွားပါးမႈ ကာကြယ္ႏုိင္ေရးအတြက္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ က်ပ္သန္း(၅၀၀)ျဖင့္ ေဆာင္ရြက္ေန
မတ် 23, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း ေႏြရာသီကာလမ်ားတြင္ ေရရွားပါးမႈ ကာကြယ္နိုင္ေရးအတြက္ တိုင္းေဒသႀကီးအစိုးရအဖဲြ႕ရံပံုေငြဘတ္ဂ်က္​ က်ပ္​ သန္း(၅၀၀)ျဖင့္ ေဆာင္ရြက္ေန​ေၾကာင္​း မေကြးတိုင္း ေဒသႀကီး ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရသည္။

"မ​ေကြးတိုင္​း​ေဒသႀကီးအတြင္​းက ေရရွားပါးတဲ့ ​ေက်းရြာ(၂၄)ရြာအတြက္​ ​ေရတြင္း(၂၄) တြင္း တူးေဖာ္ေပးျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္ေနတဲ့ အျပင္​ ျပည္ေထာင္စုဘတ္ ဂ်က္ ၆၉၇ ဒႆမ ၈ သန္းနဲ႔ တြင္းနက္၊ တြင္းတိမ္၊ ေျမသားေရကန္မ်ား ျပဳျပင္တာ​ေတြနဲ႔ ကန္ေဖာက္ျခင္းလုပ္ငန္း (၅၀)ခန္႔ကိုလည္​း
​ေဆာင္​ရြက္​​ ေပး​ေနပါတယ္"ဟု မေကြးတိုင္း ေဒသႀကီးေက်းလက္ဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးသန္းထိုက္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီး အတြင္း၌ (၂၀၁၇ - ၂၀၁၈)ဘ႑ာႏွစ္တြင္ ၿမိဳ႕နယ္(၁၂)ၿမိဳ႕နယ္ မွေက်းရြာေပါင္း(၉၃)ရြာ ေရရွားပါးခ့ဲသည့္အတြက္  (၂၀၁၈ -၂၀၁၉)ဘ႑ာႏွစ္တြင္ ၿမိဳ႕နယ္ေပါင္း (၁၄)ၿမိဳ႕နယ္ႏွင့္ ေက်းရြာေပါင္း(၄၆)ရြာ ေရရွားပါးနိုင္ေၾကာင္းကို စစ္တမ္းေကာက္ယူထားေၾကာင္း သိရသည္။

တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာႏွင့္ ေဒသခံမ်ားက အမွန္တကယ္ ေရလိုအပ္သည့္ ေက်းရြာမ်ားကို ေရြးခ်ယ္၍ ေရရရွိေရး လုပ္​ငန္​းမ်ားအတြက္ ေဆာင္ရြက္ေပး​ေနျခင္​း ျဖစ္​ေၾကာင္း သိရသည္။

ေရရွားပါးမႈ ေလ်ွာ့နည္း​ေရးႏွင္​့ ​ေက်းရြာမ်ား​ ေရအခက္​အခဲႏွင္​့ ၾကံဳ​ေတြ႕ရမႈ မရိွ​ေစ​ေရးတို႔ အတြက္ ျပည္​​ေထာင္​စု အစိုးရမွ အေလးထား ေဆာင္ရြက္ေနၿပီျဖစ္၍ တစ္ႏွစ္ထက္​ တစ္ႏွစ္ ​​ေရ႐ွားပါးမႈျဖစ္​စဥ္​မ်ား ေလ်ွာ့နည္းလာၿပီး (၂၀၃၀)ခုႏွစ္တြင္​ ေက်းရြာမ်ား အားလံုးေရရရွိေစ​ေရးအတြက္​ စီမံခ်က္​မ်ား ​ေရးဆဲြေဆာင္ ရြက္​လ်ွက္​ရိွ​ေၾကာင္​း သိရသည္​။

သတင္း - #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်း နွေရာသီကာလများတွင် ရေရှားပါးမှု ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရံပုံငွေဘတ်ဂျက်​ ကျပ်​ သန်း(၅၀၀)ဖြင့် ဆောင်ရွက်နေ​ကြောင်​း မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

"မ​ကွေးတိုင်​း​ဒေသကြီးအတွင်​းက ရေရှားပါးတဲ့ ​ကျေးရွာ(၂၄)ရွာအတွက်​ ​ရေတွင်း(၂၄) တွင်း တူးဖော်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေတဲ့ အပြင်​ ပြည်ထောင်စုဘတ် ဂျက် ၆၉၇ ဒဿမ ၈ သန်းနဲ့ တွင်းနက်၊ တွင်းတိမ်၊ မြေသားရေကန်များ ပြုပြင်တာ​တွေနဲ့ ကန်ဖောက်ခြင်းလုပ်ငန်း (၅၀)ခန့်ကိုလည်​း
​ဆောင်​ရွက်​​ ပေး​နေပါတယ်"ဟု မကွေးတိုင်း ဒေသကြီးကျေးလက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး အတွင်း၌ (၂၀၁၇ - ၂၀၁၈)ဘဏ္ဍာနှစ်တွင် မြို့နယ်(၁၂)မြို့နယ် မှကျေးရွာပေါင်း(၉၃)ရွာ ရေရှားပါးခဲ့သည့်အတွက် (၂၀၁၈ -၂၀၁၉)ဘဏ္ဍာနှစ်တွင် မြို့နယ်ပေါင်း (၁၄)မြို့နယ်နှင့် ကျေးရွာပေါင်း(၄၆)ရွာ ရေရှားပါးနိုင်ကြောင်းကို စစ်တမ်းကောက်ယူထားကြောင်း သိရသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနှင့် ဒေသခံများက အမှန်တကယ် ရေလိုအပ်သည့် ကျေးရွာများကို ရွေးချယ်၍ ရေရရှိရေး လုပ်​ငန်​းများအတွက် ဆောင်ရွက်ပေး​နခြေင်​း ဖြစ်​ကြောင်း သိရသည်။

ရေရှားပါးမှု လျှော့နည်း​ရေးနှင်​့ ​ကျေးရွာများ​ ရေအခက်​အခဲနှင်​့ ကြုံ​တွေ့ရမှု မရှိ​စေ​ရေးတို့ အတွက် ပြည်​​ထောင်​စု အစိုးရမှ အလေးထား ဆောင်ရွက်နပြေီဖြစ်၍ တစ်နှစ်ထက်​ တစ်နှစ် ​​ရေရှားပါးမှုဖြစ်​စဉ်​များ လျှော့နည်းလာပြီး (၂၀၃၀)ခုနှစ်တွင်​ ကျေးရွာများ အားလုံးရေရရှိစေ​ရေးအတွက်​ စီမံချက်​များ ​ရေးဆွဲဆောင် ရွက်​လျှက်​ရှိ​ကြောင်​း သိရသည်​။

သတင်း - #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~