ပေါက်မြို့နယ် သုံးမွှာတာချောင်းကျေးရွာရှိ အမှီပြုရေကန်တွင် (၅)ရက်စာမျှသာ ရေကျန်ရှိတော့၍ ရေအလှူရှင်နှင့် စက်ရေတွင်း အလှူရှင်များပေါက်ပေါ်မည့်အရေး ရွာသူ/သားများ မျှော်လင့်နေ
ပေါက်မြို့နယ် သုံးမွှာတာချောင်းကျေးရွာရှိ အမှီပြုရေကန်တွင် (၅)ရက်စာမျှသာ ရေကျန်ရှိတော့၍ ရေအလှူရှင်နှင့် စက်ရေတွင်း အလှူရှင်များပေါက်ပေါ်မည့်အရေး ရွာသူ/သားများ မျှော်လင့်နေ
မတျ 22, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ကန်ရေကိုသာ အမှီပြုနေရသော သုံးမွှာတာချောင်းကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသဖြင့် ရေအလှူရှင်များနှင့် ရေတွင်းအလှူရှင်များအား မျှော်လင့်နေကြကြောင်း သိရသည်။
ကန်ရေမှာ လွန်စွာနည်းပါးပြီး နောက်ကျိနေ၍ ကျန်းမာရေးအရ သောက်သုံးရန်မသင့်သည့် အခြေအနေ ရှိသော်လည်း လူနှင့်နွားများ အတွက်ပါ အားထားနေရကာ ယခုကဲ့သို့ နွေရာသီသို့ ရောက်ရှိပြီ ဆိုပါက ရေပြတ်လပ်မှုနှင့် နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး ရေအလှူရှင် မပေါ်ပေါက်သည့် အချိန်မျိုးတွင် ရွာနှင့် (၁)မိုင်ခွဲကျော် ကွာဝေးသည့် ရွှေပြည်သာကျေးရွာသို့ သွားရောက် ဝယ်ယူသုံး စွဲကြရကြောင်း သိရသည်။
သတင်း - ဖီးနစ် 
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ကန်ရေကိုသာ အမှီပြုနေရသော သုံးမွှာတာချောင်းကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသဖြင့် ရေအလှူရှင်များနှင့် ရေတွင်းအလှူရှင်များအား မျှော်လင့်နကြေကြောင်း သိရသည်။
"ကန်ရေကို ချွေတာပြီးသုံးနကြေတာတောင် နောက် (၅)ရက်စာလောက်ပဲ ရတော့မှာပါ။ ပေါက် မြို့နယ် မီးသတ်ဦးစီးကိုတော့ အကူအညီတောင်းထားပါတယ်။ နှစ်တိုင်းလည်း ရေသယ်ယာဉ်နဲ့ အကူ အညီ ပေးခဲ့ပါတယ်။ ဆီဖိုးတော့ ကျခံရတာပေါ့ဗျာ။ နှစ်စဉ် အခက်အခဲနဲ့ ကြုံတွေ့နေရတာကြောင့် ရေ တွင်း အလှူရှင်ကိုပဲ မျှော်လင့်နကြေပါတယ်"ဟု အဆိုပါ ကျေးရွာမှ ရာအိမ်မှူး ဦးမြဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ကန်ရေမှာ လွန်စွာနည်းပါးပြီး နောက်ကျိနေ၍ ကျန်းမာရေးအရ သောက်သုံးရန်မသင့်သည့် အခြေအနေ ရှိသော်လည်း လူနှင့်နွားများ အတွက်ပါ အားထားနေရကာ ယခုကဲ့သို့ နွေရာသီသို့ ရောက်ရှိပြီ ဆိုပါက ရပြေတ်လပ်မှုနှင့် နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး ရေအလှူရှင် မပေါ်ပေါက်သည့် အချိန်မျိုးတွင် ရွာနှင့် (၁)မိုင်ခွဲကျော် ကွာဝေးသည့် ရွှပြေည်သာကျေးရွာသို့ သွားရောက် ဝယ်ယူသုံး စွဲကြရကြောင်း သိရသည်။
"ရွှပြေည်သာရွာကို သွားပြီး နွားလှည်းနဲ့ ရေဝယ်ယူရတဲ့ အခါမျိုးမှာ အချိန်တွေ အများကြီးပေးရပြီး လူရော နွားတွေရော ပင်ပန်းကြတာပေါ့ဗျာ။ ပြီးခဲ့တဲ့ တပို့တွဲလထဲမှာ အစိုးရက ချပေးတဲ့ သိန်း (၁၈၀)နဲ့ ကျေးလက်ဦးစီးက ရေတွင်းတူးပေးခဲ့ပေမယ့် ပေ (၆၀၀)ကျော်လောက်ပဲ တူးတာကြောင့် ရေမ အောင် ခဲ့ပါဘူး"ဟု ဦးမြဝင်းက ပြောသည်။
အဆိုပါ ဒေသတွင် အနက်ပေ(၇၀၀)မှ ပေ(၈၀၀)ဝန်းကျင်အထိ တူးပါက ရေရနိုင်မည်ဖြစ်၍ ရအောင်တူးပေးနိုင်မည့်အဖွဲ့များ ရှိသော်လည်း ကုန်ကျမှုအတွက် အလှူရှင်များ လိုအပ်နေသည်မှာ အဓိက ဖြစ်နေကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် အိမ်ခြေ (၆၂)အိမ်၊ လူဦးရေ (၃၆၀)ကျော်၊ နွားအကောင်ရေ (၄၀၀) ကျော်ရှိကာ ပဲစဉ်းငုံ၊ ပြောင်း၊ ပြောင်းဖူးနှင့် မြေပဲ ကို အဓိကထား စိုက်ပျိုးလျှက်ရှိကြောင်း သိရပြီး လတ်တလော သုံးစွဲရန်ရေနှင့် စက်ရေတွင်း လှူဒါန်းလိုပါက ဦးမြဝင်း(ရာအိမ်မှူး) ဖုန်း 09427848108 ,
ဦးအောင်မြင့်သန်း (ကျောင်းအုပ်) ဖုန်း 09459878019 တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~