သတင်း #စိုင်းဇေယျာ
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့တွင် မတ်လ (၂)ရက်နေ့ ည(၈)နာရီဝန်းကျင်တွင် နေအိမ်ခြံဝန်းအတွင်း အရက်သောက်မူးယစ်ပြီး တူမီးသေနတ် ပစ်ဖေါက်နေသူအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
မိုင်းယောင်းမြို့ ရပ်ကွက်(၉)တွင်နေထိုင်သည့် ဦးအိုက်ဘွန်းသည် နေအိမ်တွင် အရက်သောက်ပြီး တူမီးသေနတ်ပစ်ဖေါက်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့ထံ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ တူမီးသေနတ်နှင့်အတူ ဦးအိုက်ဘွန်းအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဦးအိုက်ဘွန်းအား မိုင်းယောင်းမြို့မရဲစခန်းတွင် (ပ) ၄/၂၀၁၈ ၊ ရှမ်းပြည်နယ်လက်နက်များ အမိန့်အပိုဒ် ၁၂(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ
