မေကြးတိုင္းေဒသႀကီးအတြင္း မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္၌ တေပါင္းလျပည့္ေန႔တြင္ ဘုရားဖူးအလာမ်ား၍ တည္းေက်ာင္းခေစ်းႏွဳန္းမ်ား သတ္မွတ္ႏႈန္းထားထက္ ပို၍ေတာင္းခံလာသျဖင့္ အခန္းခ ေစ်းႏႈန္း က်ပ္တစ္သိန္းအထိ တိုးျမႇင့္သြားေၾကာင္း သိရေသာ္လည္း လာေရာက္တုိင္ၾကားသူ တစ္ဦးသာရိွေၾကာင္း သိရသည္။
"တေပါင္းလျပည့္ေန႔ အပါအဝင္ ရံုးပိတ္ရက္ ေလးရက္ျဖစ္တာေၾကာင္႔ တစ္ႏိုင္ငံလံုးက ဘုရားဖူးယာဥ္ ေတြ အေတာ္ႀကီးကို က်ေနပါတယ္။ ပဲြေတာ္အဝင္မွာ ယာဥ္အပ္ႏွံထိန္းသိမ္းခေကာက္ခံတဲ႔ ဂိတ္ရိွၿပီး အဲဒီမွာ ၾကန္႔ၾကာမႈျဖစ္ေနလို႔ ေလွတင္တံတားအထက္ပိုင္းကေန ပဲြေတာ္အထိ ယာဥ္ပိတ္ဆို႔မႈေတြျဖစ္ေနပါတယ္။ တည္းေက်ာင္းခေစ်းေတြကလည္း သတ္မွတ္ေစ်းထက္ ပိုယူေနၾကတယ္။ တစ္ခ်ိဳ႕ဆို တစ္သိန္းေက်ာ္အထိ ေပးတည္းရတဲ႔သူေတြရိွတယ္"ဟု ရန္ကုန္ၿမိဳ႕မွ လာေရာက္သူ ဦးတင္ဝင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
တည္းေက်ာင္းမ်ား လုပ္ကိုင္ခြင့္ေပးရာတြင္ သတ္မွတ္ေပးထားသည့္ ေစ်းႏွဳန္းမ်ားအား ေရစပ္တစ္ခန္းလွ်င္ က်ပ္သံုးေသာင္း၊ ကုန္းေပၚတစ္ခန္းလွ်င္ က်ပ္ ႏွစ္ေသာင္းထက္ ပိုမယူရန္ႏွင့္ ပိုယူပါက စည္းကမ္း ေဖာက္ဖ်က္မႈျဖင့္ ဒဏ္ရိုက္မည္ျဖစ္ၿပီး ႀကိဳတင္ရယူထားသည့္ က်ပ္သိန္း(၂၀)ထဲမွ ျဖတ္ေတာက္မည္ဟု စည္းကမ္းခ်က္ သတ္မွတ္ခ်က္တြင္ ထည့္သြင္းထားေသာ္လည္း တုိင္ၾကားလာသူ မရိွေသးေၾကာင္း ေဂါပကအဖဲြ႔ထံမွ သိရသည္။
"အဲဒီလို ပိုယူေနတယ္ဆိုရင္ ကြ်န္ေတာ္တို႔ေဂါပကအဖဲြ႔ကို လာတိုင္ပါ။ တိုင္တန္းသူမရိွေသးတဲ႔ အတြက္ ဒီေန႔ အထိေတာ႔ အေရးယူရတာမ်ိဳး မရိွေသးပါဘူး။ မေန႔ကေတာ႔ လာတိုင္တဲ႔သူရိွေပမဲ့ သူတို႔ခ်င္း ေျပလည္သြားၾကလို႔ တိုင္ၾကားမႈကို ျပန္ရုပ္သိမ္းသြားတာ တစ္ခုေတာ႔ရိွပါတယ္။ တရားရံုးေတြမွာေတာင္ ေက်ေအးရင္ အမႈရုပ္သိမ္းေပးရေသးတာပဲေလ"ဟု ေဂါပကဥကၠ႒ ဦးသိန္းလိႈင္က ေျပာသည္။
စည္းကမ္းခ်ိဳးေဖါက္ျခင္းအား အေရးမယူဘဲ ေက်ေအးခြင့္ေပးသည့္ ေဂါပကအဖြဲ႕၏ဆံုးျဖတ္ခ်က္ကို ေဝဖန္မႈမ်ားလည္း ရိွေနေၾကာင္း သိရသည္။
"သတ္မွတ္ေစ်းထက္ပိုယူတာကို မတိုင္ရင္ မိွန္းယူေနမယ္။ တိုင္ရင္ ျပန္ေပးၿပီး ေျပလည္မႈ ရယူမယ္။ ဒီလိုသာ လက္ခံေနရင္ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ဟာ အလကားပဲေပါ႔။ လူ ေလးငါးေျခာက္ ေယာက္ေလာက္ပဲ တည္းႏိုင္တဲ႔ ၾကမ္းခင္းထရံကာတစ္ခန္းကို ဟိုတယ္အခန္းခထက္ ေလး၊ငါးဆ ပိုယူ ေနတာေၾကာင္႔ ဘုရားဖူးေတြအတြက္ ဝန္ထုတ္ဝန္ပိုးျဖစ္ေစပါတယ္"ဟု ၿမိဳ႕သစ္ၿမိဳ႕နယ္မွ လာေရာက္သူ ဦးေအာင္ခင္ က ေျပာသည္။
တည္းေက်ာင္း လုပ္ကိုင္ခြင့္ရသူမ်ားအေနျဖင့္ သတ္မွတ္စည္းကမ္းမလိုက္နာမႈမ်ား ရိွပါက ေဂါပကအဖြဲ႕ထံ လာေရာက္တုိင္ၾကားရန္ တုိက္တြန္းထားသည္။
သတင္း/ဓါတ္ပံု - ဖီးနစ္
"တပေါင်းလပြည့်နေ့ အပါအဝင် ရုံးပိတ်ရက် လေးရက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံးက ဘုရားဖူးယာဉ် တွေ အတော်ကြီးကို ကျနေပါတယ်။ ပွဲတော်အဝင်မှာ ယာဉ်အပ်နှံထိန်းသိမ်းခကောက်ခံတဲ့ ဂိတ်ရှိပြီး အဲဒီမှာ ကြန့်ကြာမှုဖြစ်နေလို့ လှေတင်တံတားအထက်ပိုင်းကနေ ပွဲတော်အထိ ယာဉ်ပိတ်ဆို့မှုတွဖြေစ်နေပါတယ်။ တည်းကျောင်းခဈေးတွေကလည်း သတ်မှတ်ဈေးထက် ပိုယူနကြေတယ်။ တစ်ချို့ဆို တစ်သိန်းကျော်အထိ ပေးတည်းရတဲ့သူတွေရှိတယ်"ဟု ရန်ကုန်မြို့မှ လာရောက်သူ ဦးတင်ဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
တည်းကျောင်းများ လုပ်ကိုင်ခွင့်ပေးရာတွင် သတ်မှတ်ပေးထားသည့် ဈေးနှုန်းများအား ရေစပ်တစ်ခန်းလျှင် ကျပ်သုံးသောင်း၊ ကုန်းပေါ်တစ်ခန်းလျှင် ကျပ် နှစ်သောင်းထက် ပိုမယူရန်နှင့် ပိုယူပါက စည်းကမ်း ဖောက်ဖျက်မှုဖြင့် ဒဏ်ရိုက်မည်ဖြစ်ပြီး ကြိုတင်ရယူထားသည့် ကျပ်သိန်း(၂၀)ထဲမှ ဖြတ်တောက်မည်ဟု စည်းကမ်းချက် သတ်မှတ်ချက်တွင် ထည့်သွင်းထားသော်လည်း တိုင်ကြားလာသူ မရှိသေးကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
"အဲဒီလို ပိုယူနေတယ်ဆိုရင် ကျွန်တော်တို့ဂေါပကအဖွဲ့ကို လာတိုင်ပါ။ တိုင်တန်းသူမရှိသေးတဲ့ အတွက် ဒီနေ့ အထိတော့ အရေးယူရတာမျိုး မရှိသေးပါဘူး။ မနေ့ကတော့ လာတိုင်တဲ့သူရှိပေမဲ့ သူတို့ချင်း ပြေလည်သွားကြလို့ တိုင်ကြားမှုကို ပြန်ရုပ်သိမ်းသွားတာ တစ်ခုတော့ရှိပါတယ်။ တရားရုံးတွေမှာတောင် ကျေအေးရင် အမှုရုပ်သိမ်းပေးရသေးတာပဲလေ"ဟု ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။
စည်းကမ်းချိုးဖောက်ခြင်းအား အရေးမယူဘဲ ကျေအေးခွင့်ပေးသည့် ဂေါပကအဖွဲ့၏ဆုံးဖြတ်ချက်ကို ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။
"သတ်မှတ်ဈေးထက်ပိုယူတာကို မတိုင်ရင် မှိန်းယူနေမယ်။ တိုင်ရင် ပြန်ပေးပြီး ပြေလည်မှု ရယူမယ်။ ဒီလိုသာ လက်ခံနေရင် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်ဟာ အလကားပဲပေါ့။ လူ လေးငါးခြောက် ယောက်လောက်ပဲ တည်းနိုင်တဲ့ ကြမ်းခင်းထရံကာတစ်ခန်းကို ဟိုတယ်အခန်းခထက် လေး၊ငါးဆ ပိုယူ နေတာကြောင့် ဘုရားဖူးတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်"ဟု မြို့သစ်မြို့နယ်မှ လာရောက်သူ ဦးအောင်ခင် က ပြောသည်။
တည်းကျောင်း လုပ်ကိုင်ခွင့်ရသူများအနဖြေင့် သတ်မှတ်စည်းကမ်းမလိုက်နာမှုများ ရှိပါက ဂေါပကအဖွဲ့ထံ လာရောက်တိုင်ကြားရန် တိုက်တွန်းထားသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်