ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၉)ရှိ အနောက်နှစ်ခြင်းခရစ်ယာန်ကျောင်းတွင် ရောက်ရှိနေသည့် လွယ်ပြေးကျေးရွာမှ စစ်ဘေးရှောင်(၆၇)ဦးသည် မတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက နေရပ် အသီးသီးသို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။
နားဆိုင်းကျေးရွာ၊ လုပ်လေကျေးရွာ နှင့် လွယ်ပြေးကျေးရွာတို့မှ စစ်ဘေးတိမ်းရှောင်လာသည့် ဒေသခံ များမှာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ဘေးရှောင် အိမ်ထောင်စု (၅၀)အပါအဝင် လားရှိုးမြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်းများအားလုံး၌ အိမ်ထောင်စု (၁၅၇)စုရှိနေပြီး မတ်လ (၂၅)ရက်နေ့နှင့် (၂၆) ရက်နေ့ တို့တွင် စခန်း နှစ်ခုရှိ စစ်ဘေးရှောင်များ နေရပ်သို့ ပြန်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
“သူတို့ကျေးရွာနဲ့ (၂)မိုင်ပဲ ဝေးတဲ့ နားဆိုင်းကျေးရွာအထိ ကားတွေနဲ့ လိုက်ပို့ပေးလိုက်ပါတယ်၊ လောလောဆယ် မြင်တွေ့ရတဲ့ အခြေအနေကတော့ တည်ငြိမ်ပါတယ်၊ သူတို့က ပြန်ချင်ကြတဲ့အတွက် လိုက်ပို့ပေးတာ ဖြစ်ပါတယ် ”ဟု ပေးသောလက်လူမှုကူညီရေးအသင်း(လားရှိုး)မှ ကိုမြင့်မော် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဒေသခံ (၆၇)ဦးအား ပေးသောလက် လူမှုကူညီရေးအသင်းနှင့် ရွှေသံလွင်လူမှုကူညီရေးအသင်းမှ ကား (၃)စီးဖြင့် အပြင် အခမဲ့လိုက်လံပို့ဆောင်ပေးသည့် လားရှိုးဒေသခံ ကား (၆)စီးနှင့် လိုက်လံ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နယ် အီနိုင်းကျေးရွာတွင် ရောက်ရှိနေသည့် လွယ်ပြေးကျေးရွာနှင့် နားဆိုင်းကျေးရွာမှ ဒေသခံ (၁၇၀)ခန့်လည်း မတ်လ(၂၅)ရက်နေ့တွင် နေရပ်များသို့ပြန်သွားပြီဖြစ်ကြောင်း သိရှိရသည်။
“စခန်းမှာကတော့ တစ်ယောက်မှ မကျန်တော့ဘူး အကုန်လုံးပြန်သွားကြပါပြီ၊ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းလာကြတဲ့ စားနပ်ရိက္ခါတွေကိုလည်း အိမ်ထောင်စုတွေအကုန်လုံးရရှိအောင် ထည့်ပေး လိုက်ပါတယ်” ဟု လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ အီနိုင်းလုံကျောင်းတိုက် စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ မရီရီလှိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စုရှိ လွယ်ပြေးကျေးရွာမှ ဒေသခံများသည် မတ်လ (၁၈)ရက်နေ့တွင် လားရှိုးမြို့ရှိ သာသနာ ၂၅၀၀ ကျောင်းတိုက်နှင့် ရပ်ကွက် (၉)၊ နယ်မြေ (၃)ရှိ အနောက် နှစ်ခြင်း ခရစ်ယာန်ကျောင်းတွင် ရောက်ရှိလာကြခြင်းဖြစ်ပြီး နှစ်ခြင်းကျောင်းမှ ဒေသခံများမှာ မတ်လ (၂၆)ရက်တွင် နေရပ်ပြန်သွားခြင်း ဖြစ်ကြောင်း သိရသည်။
နားဆိုင်းကျေးရွာ၊ လုပ်လေကျေးရွာ နှင့် လွယ်ပြေးကျေးရွာတို့မှ စစ်ဘေးတိမ်းရှောင်လာသည့် ဒေသခံ များမှာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ဘေးရှောင် အိမ်ထောင်စု (၅၀)အပါအဝင် လားရှိုးမြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်းများအားလုံး၌ အိမ်ထောင်စု (၁၅၇)စုရှိနပြေီး မတ်လ (၂၅)ရက်နေ့နှင့် (၂၆) ရက်နေ့ တို့တွင် စခန်း နှစ်ခုရှိ စစ်ဘေးရှောင်များ နေရပ်သို့ ပြန်နကြခြေင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်