ပုဂ္ဂလိက ကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လားရှိုးတက္ကသိုလ်ရှိ ကမ္ဘောဇခန်းမတွင် မတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းကစ၍ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရှိရသည်။
“ကျွန်မတို့ လာခဲ့ရတဲ့ အကြောင်းအရင်းက ဒီရဲ့ဒေသ(ရှမ်း/မြောက်)မှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ လုပ်ငန်းတွေမှာ လုပ်နေကြတဲ့ လုပ်သားတွေ အတွက် လိုအပ်တဲ့ သင်တန်းတွေကို ပို့ချသင်ကြားပေးဖို့၊ ဒီဒေသမှာ ရှိတဲ့ လုပ်ငန်းတွေ တိုးတက်လာစေဖို့အတွက် နှီးနှောဖလှယ်မှုတွေနဲ့ သင်ကြားမှုတွေကို ပြုလုပ်ပေးဖို့ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
အဆိုပါ အခမ်းအနား ပြုလုပ်ခြင်းသည် ဒေသအတွက် လုပ်ငန်းများ တိုးတက်လာစေရန်အတွက် သင်ကြားမှုများ ပြုလုပ်ပေးရန် ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ လာခဲ့ရတဲ့ အကြောင်းအရင်းက ဒီရဲ့ဒေသ(ရှမ်း/မြောက်)မှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ လုပ်ငန်းတွေမှာ လုပ်နကြေတဲ့ လုပ်သားတွေ အတွက် လိုအပ်တဲ့ သင်တန်းတွေကို ပို့ချသင်ကြားပေးဖို့၊ ဒီဒေသမှာ ရှိတဲ့ လုပ်ငန်းတွေ တိုးတက်လာစေဖို့အတွက် နှီးနှောဖလှယ်မှုတွေနဲ့ သင်ကြားမှုတွေကို ပြုလုပ်ပေးဖို့ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ် (၆၇) ကိုလည်း စက်မှု(၁) မှ လာရောက်သင်ကြားပေးသည့် ရွေ့လျားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ ဒေသအတွင်းရှိ လုပ်ငန်းများအတွက် လိုအပ်ချက်များကိုလည်း နှီးနှောဖလှယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“လားရှိုးဒေသမှာ အခြားဒေသတွေနဲ့ မတူညီတဲ့ ပြည်နယ်အေးချမ်းရေး အားနည်းမှုရှိတဲ့ အတွက် ဖွံ့ဖြိုးတိုးတက်မှု အားကောင်းတဲ့ နယ်မြေ ထိစပ်မှု ကျယ်ပြန့်စွာ တည်ရှိတဲ့ အိမ်နီးချင်းတိုင်းပြည်နဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ် ဆောင်ရွက်နိုင်မယ်ဆိုရင် အနာဂတ်စီးပွားရေး ရလဒ်ကောင်းတွေ ဖြစ်ပေါ် လာနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ အသင်းဥက္ကဌ ဦးဒေးဗစ်က ပြောသည်။
မတ်လ (၂၅)ရက်နေ့ နံနက်(၈)နာရီခွဲမှ ညနေ(၃)နာရီခွဲအထိ ပြုလုပ်သွားမည့် အဆိုပါ နှီးနှောဖလှယ်ပွဲ အား ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ လားရှိုးခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် ကျောင်းအုပ်ကြီးများ အပါအဝင် သင်တန်းသား (၇၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်