ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ပန္လန္းေက်းရြာတြင္ ခိုလႈံေနသည့္ ပန္ေညာင္ရြာႏွင့္ ပန္ေဆာင္ကြမ္ ေက်းရြာမ်ားမွ စစ္ေဘးေရွာင္မ်ားမွာ ၎တို႔ေက်းရြာမ်ားတြင္ နယ္ေျမတည္ၿငိမ္မႈ မရိွေသးသည့္ အတြက္ မတ္လ (၁၇)ရက္ေန႔အထိ ေနရပ္ျပန္ႏုိင္ျခင္းမရိွေသးေၾကာင္း သိရသည္။
"သူတို႔အတြက္က ဆန္တို႔ စားနပ္ရိကၡာတုိ႔က စိုးရိမ္စရာ မရိွပါဘူး။ သူတို႔ေဒသအနီးမွာ တုိက္ပြဲရိွေနေသးလို႔ ေလာေလာဆယ္ေတာ့ မျပန္ႏုိင္ေသးပါဘူး”ဟု စစ္ေဘးေရွာင္မ်ားကို အကူအညီေပး နယ္စည္းမျခား ပရဟိတအသင္း မွ ကိုမ်ိဳး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ပန္လန္းေက်းရြာသို႔ မတ္လ (၁၁) ရက္ေန႔မွစတင္၍ မိုးေတေက်းရြာအုပ္စု ပန္ေညာင္ရြာႏွင့္ ပန္ေဆာင္ကြမ္ေက်းရြာ တို႔မွ စစ္ေဘးေရွာင္မ်ားေရာက္လာရာ က်န္းမာေရးဦးစီးဌာန၏ ပဏာမစိစစ္ေရးအဖြဲ႕ (vulnerability assessment team)အား ဖြဲ႕စည္းကာ ကနဦးတုန္႔ျပန္ေရး အစီအစဥ္မ်ား (rapid response measure)၊ ေဆးစိမ္ျခင္ေထာင္မ်ား၊ ဓါတ္ဆားမ်ား၊ အေရးေပၚေဆးမ်ား၊ အာဟာရထုပ္မ်ားျဖင့္ ေစလႊတ္ကူညီရာ နယ္စည္းမျခား ပရဟိတအသင္းကလည္း ကူညီေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သီေပါၿမိဳ႕နယ္ထဲက ပန္ေညာင္ရြာက တုိက္ပြဲေရွာင္ေတြ ေရာက္လာတယ္ သတင္းၾကားလုိ႔ ဆရာတုိ႔ အဖြဲ႕ေလး လႊတ္လုိက္ပါတယ္။ အဲဒီမွာ အေယာက္ (၈၀)ေက်ာ္ေရာက္တယ္။ မိသားစု (၃၀)ေက်ာ္ ေရာက္တယ္ေပါ့။ အေရးေပၚေဆးဝါးေတြေပးတယ္။ လိုအပ္တဲ့ အစာအဟာရထုပ္ေတြ၊ အလွဴရွင္ လွဴတာေတြ ေပးတယ္ေပါ့။ အဲဒီမွာ ေစာင္ေတြလိုတယ္ဆိုလို႔ ဆရာတို႔က အလွဴရွင္ရွာၿပီး လွဴေပးလုိက္ပါတယ္။ သူတို႔ဆီမွာ အလွဴရွင္ေတြလည္း ဆက္တုိက္ေတာ့ ပို႔ေပးေနပါတယ္။ အနီးဝန္းက်င္ရြာေတြကလည္း ကူညီၾကတယ္။ ဟိုဘက္ရြာကေန ဒီဘက္ျခမ္းက ရြာကို ေျပာင္းလာတဲ့ အေနအထားဆိုေတာ့ ေဆြမ်ိဳးေတြကေတာ့ ဝိုင္းၿပီး ၾကည့္ေနၾကပါတယ္”ဟု သီေပါျပည္သူ႔ ေဆးရံုအုပ္ ေဒါက္တာ နႏၵဝင္းက ေျပာသည္။
ပန္လန္းေက်းရြာမွာ သီေပါၿမိဳ႕၏ အေနာက္ဘက္ (၁၂) မိုင္ခန္႔အကြာရွိ ေတာင္ေပၚေက်းရြာ တစ္ခ ုျဖစ္ေၾကာင္း သိရၿပီး အဆိုပါ စစ္ေဘးေရွာင္မ်ားအား ကူညီလိုသူမ်ားအေနျဖင့္ နယ္စည္းမျခား ပရဟိတအဖြဲ႔၏ ဖုန္း ၀၉ ၂၅၉၁၃၆၁၆၄ သို႔ ဆက္သြယ္ ႏိုင္ေၾကာင္း သိရသည္။
သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတအသင္း (သီေပါ)
"သူတို့အတွက်က ဆန်တို့ စားနပ်ရိက္ခါတို့က စိုးရိမ်စရာ မရှိပါဘူး။ သူတို့ဒေသအနီးမှာ တိုက်ပွဲရှိနေသေးလို့ လောလောဆယ်တော့ မပြန်နိုင်သေးပါဘူး”ဟု စစ်ဘေးရှောင်များကို အကူအညီပေး နယ်စည်းမခြား ပရဟိတအသင်း မှ ကိုမျိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ပန်လန်းကျေးရွာသို့ မတ်လ (၁၁) ရက်နေ့မှစတင်၍ မိုးတေကျေးရွာအုပ်စု ပန်ညောင်ရွာနှင့် ပန်ဆောင်ကွမ်ကျေးရွာ တို့မှ စစ်ဘေးရှောင်များရောက်လာရာ ကျန်းမာရေးဦးစီးဌာန၏ ပဏာမစိစစ်ရေးအဖွဲ့ (vulnerability assessment team)အား ဖွဲ့စည်းကာ ကနဦးတုန့်ပြန်ရေး အစီအစဉ်များ (rapid response measure)၊ ဆေးစိမ်ခြင်ထောင်များ၊ ဓာတ်ဆားများ၊ အရေးပေါ်ဆေးများ၊ အာဟာရထုပ်များဖြင့် စေလွှတ်ကူညီရာ နယ်စည်းမခြား ပရဟိတအသင်းကလည်း ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သီပေါမြို့နယ်ထဲက ပန်ညောင်ရွာက တိုက်ပွဲရှောင်တွေ ရောက်လာတယ် သတင်းကြားလို့ ဆရာတို့ အဖွဲ့လေး လွှတ်လိုက်ပါတယ်။ အဲဒီမှာ အယောက် (၈၀)ကျော်ရောက်တယ်။ မိသားစု (၃၀)ကျော် ရောက်တယ်ပေါ့။ အရေးပေါ်ဆေးဝါးတွေပေးတယ်။ လိုအပ်တဲ့ အစာအဟာရထုပ်တွေ၊ အလှူရှင် လှူတာတွေ ပေးတယ်ပေါ့။ အဲဒီမှာ စောင်တွေလိုတယ်ဆိုလို့ ဆရာတို့က အလှူရှင်ရှာပြီး လှူပေးလိုက်ပါတယ်။ သူတို့ဆီမှာ အလှူရှင်တွေလည်း ဆက်တိုက်တော့ ပို့ပေးနေပါတယ်။ အနီးဝန်းကျင်ရွာတွေကလည်း ကူညီကြတယ်။ ဟိုဘက်ရွာကနေ ဒီဘက်ခြမ်းက ရွာကို ပြောင်းလာတဲ့ အနေအထားဆိုတော့ ဆွေမျိုးတွေကတော့ ဝိုင်းပြီး ကြည့်နကြေပါတယ်”ဟု သီပေါပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ နန္ဒဝင်းက ပြောသည်။
ပန်လန်းကျေးရွာမှာ သီပေါမြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာရှိ တောင်ပေါ်ကျေးရွာ တစ်ခုဖြစ်ကြောင်း သိရပြီး အဆိုပါ စစ်ဘေးရှောင်များအား ကူညီလိုသူများအနဖြေင့် နယ်စည်းမခြား ပရဟိတအဖွဲ့၏ ဖုန်း ဝ၉ ၂၅၉၁၃၆၁၆၄ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတအသင်း (သီပေါ)