ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သိန္းနီၿမိဳ႕နယ္၊ ပန္စံုေက်းရြာ ႏွင့္ ျပည္ေထာင္စုလမ္းမႀကီး၊ လားရႈိး - မူဆယ္ လမ္းပိုင္းရွိ မိုင္တိုင္ အမွတ္ ၂၀၁/၀ အနီး လမ္းေပၚတြင္ ရပ္တန္႔ထားသည့္ ခရီးသည္တင္ မွန္လံုယာဥ္ တစ္စီးေပၚမွ ပိုင္ရွင္မဲ့ သစ္မ်ားအား ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္မွ ပူးေပါင္း အဖြဲ႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။
၂၀၁၈ခုႏွစ္ မတ္လ(၂၁)ရက္ေန႔ နံနက္(၆)နာရီခြဲ၀န္းက်င္အခ်ိန္က ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္မွ ပူးေပါင္းအဖြဲ႔မ်ားႏွင့္အတူ လားရႈိးၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ တာဝန္ရွိသူမ်ား ပါ၀င္သည့္ အဖြဲ႔က ျပည္ေထာင္စုလမ္းမႀကီး ပန္စံုေက်းရြာအနီးတြင္ မသကၤာဖြယ္ ရပ္တန္႔ထားသည့္ မွန္လံုယာဥ္တစ္စီးအား စစ္ေဆးရာမွ ပိေတာက္ ဓါးေရြတံုး (၄၂)တံုး( ၁.၄၆၀၂ တန္)အား ေတြ႔ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္မွာ “ေက်ာ္လႊား” ယာဥ္လိုင္းတံဆိပ္တပ္ဆင္ထားသည့္ Express ယာဥ္တစ္စီးျဖစ္ၿပီး ယာဥ္အား သြားေရာက္စစ္ေဆးစဥ္တြင္ ယာဥ္ေမာင္းျဖစ္သူမွာ ထြက္ေျပး တိမ္းေရွာင္သြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။
တရားမဝင္ ပိေတာက္ဓါးေရြတံုးမ်ား တင္ေဆာင္လာသည့္ ယာဥ္ေမာင္း၊ သစ္ပိုင္ရွင္ႏွင့္ ဆက္စပ္ပတ္သက္ သူမ်ားအား သိန္းနီၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စံုစမ္းအေရးယူရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
၂၀၁၈ခုနှစ် မတ်လ(၂၁)ရက်နေ့ နံနက်(၆)နာရီခွဲဝန်းကျင်အချိန်က ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှ ပူးပေါင်းအဖွဲ့များနှင့်အတူ လားရှိုးမြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့က ပြည်ထောင်စုလမ်းမကြီး ပန်စုံကျေးရွာအနီးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် မှန်လုံယာဉ်တစ်စီးအား စစ်ဆေးရာမှ ပိတောက် ဓားရွေတုံး (၄၂)တုံး( ၁.၄၆၀၂ တန်)အား တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မှာ “ကျော်လွှား” ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသည့် Express ယာဉ်တစ်စီးဖြစ်ပြီး ယာဉ်အား သွားရောက်စစ်ဆေးစဉ်တွင် ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေး တိမ်းရှောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
တရားမဝင် ပိတောက်ဓားရွေတုံးများ တင်ဆောင်လာသည့် ယာဉ်မောင်း၊ သစ်ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက် သူများအား သိန်းနီမြို့မရဲစခန်းတွင် အမှုဖွင့်စုံစမ်းအရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်