တဲမ်ားထိုး၍ မူးယစ္ေဆး၀ါး ေရာင္း၀ယ္ေဖာက္ကား သံုးစြဲေနေသာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕နယ္၊ ပန္ဟတ္ေက်းရြာအနီး၊ ျပည္ေထာင္စုလမ္းမႀကီးနံေဘးရွိ (၁၀)မိုင္ကုန္းသို႔ ရဲတပ္ဖြဲ႔က အဖြဲ႔(၃)ဖြဲ႔ ခြဲကာ ၀င္ေရာက္စီးနင္း ဖမ္းဆီးရာ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ (၇)ဦး အပါအ၀င္ ဆိုင္ကယ္(၁၅)စီးအား ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း သိရသည္။
"အဖြဲ႔(၃)ဖြဲ႔ခြဲၿပီး ဝင္ဖမ္းဆီးတာ၊ တစ္ခ်ိဳ႕လူေတြကေတာ့ ေတာထဲကို ထြက္ေျပးကုန္တယ္၊ ေရခဲမုန္႔ေရာင္းတဲ့ ဆိုင္ကယ္ေတြ၊ ေစ်းေရာင္းတဲ့ ဆိုင္ကယ္ေတြနဲ႔ လူစုၿပီး မူးယစ္ေဆးဝါးသံုးစြဲတဲ့ တဲငယ္ေတြမွာ ေန ေနၾကတာ၊ အဲ့ေနရာကို ဝင္တဲ့ လမ္းေၾကာင္းမွာ သူတို႔က ကင္းသမားေတြ ခ်ထားလို႔ ႀကိဳသိၿပီး ထြက္ေျပးတာေတြလည္း ရွိတယ္”ဟု ၎ေနရာသို႔ လိုက္ပါလာသည့္ ရဲတပ္ဖြဲ႔ဝင္မဟုတ္သည့္ အသိသက္ေသ တစ္ဦးက တာခ်ီလိိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လားရိႈး - သိန္းနီလမ္းပိုင္းရွိ ျပည္ေထာင္စုလမ္းမႀကီးနံေဘး ပန္ဟတ္ေက်းရြာရွိ (၁၀)မိုင္ကုန္းတြင္ တဲမ်ားထိုး၍ မူးယစ္ေဆးဝါး သံုးစြဲေရာင္းခ်မႈမ်ား ျပဳလုပ္ေနေၾကာင္း သတင္းအရ လားရိႈးနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ႏိုင္လင္း၊ နယ္ထိန္းတပ္ဖြဲ႔ေခါင္းေဆာင္ ရဲအုပ္ ဝင္းျမင့္ေအာင္တို႔ ဦးေဆာင္ ပါဝင္သည့္ အင္အား (၄၀)ေက်ာ္ အသံုးျပဳ၍ သက္ေသမ်ားႏွင့္အတူ မတ္လ (၂၃)ရက္ေန႔ ေန႔လည္ (၁၂)နာရီ (၅၀)ခန္႔တြင္ ဝင္ေရာက္စီးနင္းကာ ရွင္းလင္း ရွာေဖြခဲ့ျခင္း ျဖစ္သည္။
၎ေနရာတြင္ မူးယစ္ေဆးဝါး အသံုးျပဳရန္ တည္ေဆာက္ထားသည့္ တဲ (၁၅)လံုးႏွင့္ တဲမ်ားအတြင္း မူးယစ္ ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ား၊ ကြန္ဒံုးမ်ား ႏွင့္ ေဆးထိုးအပ္ အမ်ားအျပားကို ေတြ႔ရွိရေၾကာင္း ဖမ္းဆီးေရးတြင္ ပါဝင္သူ တစ္ဦးက ေျပာသည္။
(၁၀)မိုင္ကုန္းတြင္ မူးယစ္ေဆးဝါးသံုးစြဲ၊ ေရာင္းခ်သူအမ်ားအျပား ခိုေအာင္းေနရာ ရဲတပ္ဖြဲ႔မွ ဝင္ေရာက္ ဖမ္းဆီးခ်ိန္တြင္ အခ်ိဳ႕မွာ ထြက္ေျပးလြတ္ေျမာက္ခဲ့ၿပီး အမ်ိဳးသား (၆)ဦး၊ အမ်ိဳးသမီး (၁)ဦး၊ ေမာ္ေတာ္ ဆိုင္ကယ္ အမ်ိဳးစံု (၁၅)စီး၊ 88/1 တံဆိပ္ပါ စိတ္ၾကြရူးသြပ္ေဆးျပား (၅၇၈)ျပား ႏွင့္ ဘိန္းျဖဴမႈန္႔ (၁၀.၁၁)ဂရမ္တို႔ကို ေတြ႔ရွိဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ေတြ႔ရွိ ဖမ္းဆီးရမိခဲ့သည့္ လူ (၇) ဦးအား လားရိႈးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း လားရိႈးနယ္ေျမရဲစခန္းမွ သိရွိရသည္။
သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္
"အဖွဲ့(၃)ဖွဲ့ခွဲပြီး ဝင်ဖမ်းဆီးတာ၊ တစ်ချို့လူတွေကတော့ တောထဲကို ထွက်ပြေးကုန်တယ်၊ ရေခဲမုန့်ရောင်းတဲ့ ဆိုင်ကယ်တွေ၊ ဈေးရောင်းတဲ့ ဆိုင်ကယ်တွေနဲ့ လူစုပြီး မူးယစ်ဆေးဝါးသုံးစွဲတဲ့ တဲငယ်တွေမှာ နေ နကြေတာ၊ အဲ့နေရာကို ဝင်တဲ့ လမ်းကြောင်းမှာ သူတို့က ကင်းသမားတွေ ချထားလို့ ကြိုသိပြီး ထွက်ပြေးတာတွေလည်း ရှိတယ်”ဟု၎င်းနေရာသို့ လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်မဟုတ်သည့် အသိသက်သေ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုး - သိန်းနီလမ်းပိုင်းရှိ ပြည်ထောင်စုလမ်းမကြီးနံဘေး ပန်ဟတ်ကျေးရွာရှိ (၁၀)မိုင်ကုန်းတွင် တဲများထိုး၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုများ ပြုလုပ်နေကြောင်း သတင်းအရ လားရှိုးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်နိုင်လင်း၊ နယ်ထိန်းတပ်ဖွဲ့ခေါင်းဆောင် ရဲအုပ် ဝင်းမြင့်အောင်တို့ ဦးဆောင် ပါဝင်သည့် အင်အား (၄၀)ကျော် အသုံးပြု၍ သက်သေများနှင့်အတူ မတ်လ (၂၃)ရက်နေ့ နေ့လည် (၁၂)နာရီ (၅၀)ခန့်တွင် ဝင်ရောက်စီးနင်းကာ ရှင်းလင်း ရှာဖွေခဲ့ခြင်း ဖြစ်သည်။
၎င်းနေရာတွင် မူးယစ်ဆေးဝါး အသုံးပြုရန် တည်ဆောက်ထားသည့် တဲ (၁၅)လုံးနှင့် တဲများအတွင်း မူးယစ် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ကွန်ဒုံးများ နှင့် ဆေးထိုးအပ် အများအပြားကို တွေ့ရှိရကြောင်း ဖမ်းဆီးရေးတွင် ပါဝင်သူ တစ်ဦးက ပြောသည်။
(၁၀)မိုင်ကုန်းတွင် မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချသူအများအပြား ခိုအောင်းနေရာ ရဲတပ်ဖွဲ့မှ ဝင်ရောက် ဖမ်းဆီးချိန်တွင် အချို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အမျိုးသား (၆)ဦး၊ အမျိုးသမီး (၁)ဦး၊ မော်တော် ဆိုင်ကယ် အမျိုးစုံ (၁၅)စီး၊ 88/1 တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား (၅၇၈)ပြား နှင့် ဘိန်းဖြူမှုန့် (၁၀.၁၁)ဂရမ်တို့ကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည့် လူ (၇) ဦးအား လားရှိုးမြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း လားရှိုးနယ်မြေရဲစခန်းမှ သိရှိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်