ရခုိင္ျပည္နယ္ဘက္မွေန၍ ရန္ကုန္သို႔သြားမည့္ ဘဂၤါလီ (၇)ဦးကို သယ္ေဆာင္လာသည့္ ယာဥ္အား မတ္လ(၆)ရက္ နံနက္(၅)နာရီအခ်ိန္ခန္႔၌ မေကြးတိုင္းေဒသႀကီး ပုသိမ္-မံုရြာလမ္းတြင္ ပိတ္ဆို႔ရွာေဖြေရး အဖဲြ႔က ေတြ႔ရိွ ဖမ္းဆီးရမိေၾကာင္း ေရနံမ နယ္ေျမရဲစခန္း တာဝန္ရိွသူထံမွ သိရသည္။
အဆိုပါ ဘဂၤါလီ (၇)ဦးမွာ လြန္ခဲ႔ေသာ ရက္(၂၀)ခန္႔က ရခိုင္ျပည္နယ္ဘက္မွ ေတာလမ္းခရီးအတိုင္း ေျခက်င္ ေလွ်ာက္လာၾကျခင္းျဖစ္ၿပီး စိုးမင္းေထြးက တစ္ဦးလွ်င္ က်ပ္ႏွစ္သိန္းခြဲႏႈန္းရယူ၍ ေမာ္ေတာ္ယာဥ္ျဖင့္ ရန္ကုန္သို႔ ပို႔ေဆာင္ေပးရန္ ေခၚေဆာင္လာစဥ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
ယာဥ္ေမာင္း စိုးမင္းေထြး၏ ေမာ္ေတာ္ယာဥ္တြင္ ဘဂၤါလီ (၇)ဦးႏွင့္အတူ ယာဥ္ေနာက္လုိက္ ေမာင္ေမာင္ေက်ာ္လည္း ပါဝင္ၿပီး စိုးမင္းေထြးထံမွ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ (၇၀)ရြက္၊ ကားအတြင္းရိွ ၎၏ပိုက္ဆံအိတ္အတြင္းမွ ေငြစကၠဴေရာရာ(၂၇၅၀၀၀က်ပ္)ႏွင္႔ ဖုန္း(၁) လံုး၊ ယာဥ္ေနာက္လိုက္ ေမာင္ေမာင္ေက်ာ္ထံမွ ဖုန္း(၁)လံုး တို႔ကို ေတြ႔ရိွသိမ္းဆည္းခဲ႔ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ေရနံမနယ္ ေျမရဲစခန္းမွဴး ရဲအုပ္ မ်ိဳးမင္းထြန္း၊ မေကြးတိုင္းရဲတပ္ဖဲြ႔ မႈခင္းႏိွမ္နင္းေရးမွ ရဲအုပ္ရဲႏိုင္ျမင္႔၊ သရက္ခရိုင္ရဲ တပ္ဖဲြ႔ မႈခင္းႏိွမ္နင္းေရးမွ ဒုရဲအုပ္သိန္းမင္း၊ လက္ပံတံခါးရဲကင္းစခန္းမွဴး ရဲအုပ္ျမင္႔ေဇာ္ဦး တို႔ ဦးစီးအဖဲြ႔၊ ေရနံမနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ေနေအာင္ဦး ဦးစီးအဖဲြ႔၊ ရွမ္းတပ္ရဲ ကင္းစခန္းမွဴး ရဲအုပ္သက္ႏိုင္ဦး ဦးစီးအဖဲြ႕၊ ေရႊေခ်ာင္းရဲကင္းစခန္းမွဴး ဒုရဲအုပ္ တင္ေအာင္စန္း ဦးစီးအဖဲြ႔တို႔က သတင္းအရ မတ္လ (၅) ရက္ေန႔ ည (၉)နာရီဝန္းက်င္ကတည္းက ယုဇနလမ္းဆံု၊ ကန္တုတ္လမ္းဆံု၊ ဘန္႔ျပင္ေက်းရြာလမ္းေပါက္၊ ခ်င္းကုန္းေက်းရြာလမ္းေပါက္ တို႔တြင္ ယာဥ္အဝင္အထြက္ႏွင္႔ လူသြား လူလာမ်ားအား ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ေနခဲ႔ေၾကာင္း သိရသည္။
မတ္လ(၆)ရက္ေန႔ နံနက္(၅)နာရီ အခ်ိန္ခန္႔တြင္ ေရနံမနယ္ေျမရဲစခန္း၏ အေနာက္ေျမာက္ဘက္ (၁၆)မိုင္ခန္႔အကြာ ပုသိမ္-မံုရြာလမ္း၌ ဘဂၤါလီ အမ်ိဳးသား (၃)ဦး၊ အမ်ိဳးသမီး (၂)ဦးႏွင့္ ကေလး (၂)ဦးတင္လာသည့္ ယာဥ္အား စစ္ေဆးရွာေဖြေတြ႔ရိွျခင္းျဖစ္ၿပီး အဆိုပါ ဘဂၤါလီ (၇)ဦးအား ၁၉၄၉ခုႏွစ္ ျမန္မာႏိုင္ငံအတြင္း ေနထိုင္သူမ်ား မွတ္ပံုတင္ေရး အက္ဥပေဒပုဒ္မအရ အေရးယူရန္ ေဆာင္ရြက္ ေနေၾကာင္း သိရသည္။
သတ္မွတ္နယ္ေျမမွ ေက်ာ္လြန္၍ ခရီးသြားလာခြင့္ မရိွသူမ်ားအား အခေၾကးေငြယူ၍ တရားမဝင္ ေခၚေဆာင္လာသူ စိုးမင္းေထြးႏွင္႔ ေမာင္ေမာင္ေက်ာ္တို႔အား ေရနံမနယ္ေျမရဲစခန္းတြင္ (ပ)၁၁/၂၀၁၈၊ရာဇသတ္ႀကီး ပုဒ္မ ၃၆၇ ျဖင္႔ အမႈဖြင္႔အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
ဓာတ္ပံု - ေရနံမနယ္ေျမရဲစခန္း
အဆိုပါ ဘင်္ဂါလီ (၇)ဦးမှာ လွန်ခဲ့သော ရက်(၂၀)ခန့်က ရခိုင်ပြည်နယ်ဘက်မှ တောလမ်းခရီးအတိုင်း ခြေကျင် လျှောက်လာကြခြင်းဖြစ်ပြီး စိုးမင်းထွေးက တစ်ဦးလျှင် ကျပ်နှစ်သိန်းခွဲနှုန်းရယူ၍ မော်တော်ယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်း စိုးမင်းထွေး၏ မော်တော်ယာဉ်တွင် ဘင်္ဂါလီ (၇)ဦးနှင့်အတူ ယာဉ်နောက်လိုက် မောင်မောင်ကျော်လည်း ပါဝင်ပြီး စိုးမင်းထွေးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူ (၇၀)ရွက်၊ ကားအတွင်းရှိ၎င်း၏ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူရောရာ(၂၇၅၀၀၀ကျပ်)နှင့် ဖုန်း(၁) လုံး၊ ယာဉ်နောက်လိုက် မောင်မောင်ကျော်ထံမှ ဖုန်း(၁)လုံး တို့ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ရေနံမနယ် မြေရဲစခန်းမှူး ရဲအုပ် မျိုးမင်းထွန်း၊ မကွေးတိုင်းရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးမှ ရဲအုပ်ရဲနိုင်မြင့်၊ သရက်ခရိုင်ရဲ တပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးမှ ဒုရဲအုပ်သိန်းမင်း၊ လက်ပံတံခါးရဲကင်းစခန်းမှူး ရဲအုပ်မြင့်ဇော်ဦး တို့ ဦးစီးအဖွဲ့၊ ရေနံမနယ်မြေရဲစခန်းမှ ဒုရဲအုပ် နေအောင်ဦး ဦးစီးအဖွဲ့၊ ရှမ်းတပ်ရဲ ကင်းစခန်းမှူး ရဲအုပ်သက်နိုင်ဦး ဦးစီးအဖွဲ့၊ ရွှေချောင်းရဲကင်းစခန်းမှူး ဒုရဲအုပ် တင်အောင်စန်း ဦးစီးအဖွဲ့တို့က သတင်းအရ မတ်လ (၅) ရက်နေ့ ည (၉)နာရီဝန်းကျင်ကတည်းက ယုဇနလမ်းဆုံ၊ ကန်တုတ်လမ်းဆုံ၊ ဘန့်ပြင်ကျေးရွာလမ်းပေါက်၊ ချင်းကုန်းကျေးရွာလမ်းပေါက် တို့တွင် ယာဉ်အဝင်အထွက်နှင့် လူသွား လူလာများအား ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြောင်း သိရသည်။
မတ်လ(၆)ရက်နေ့ နံနက်(၅)နာရီ အချိန်ခန့်တွင် ရေနံမနယ်မြေရဲစခန်း၏ အနောက်မြောက်ဘက် (၁၆)မိုင်ခန့်အကွာ ပုသိမ်-မုံရွာလမ်း၌ ဘင်္ဂါလီ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၂)ဦးနှင့် ကလေး (၂)ဦးတင်လာသည့် ယာဉ်အား စစ်ဆေးရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး အဆိုပါ ဘင်္ဂါလီ (၇)ဦးအား ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မအရ အရေးယူရန် ဆောင်ရွက် နေကြောင်း သိရသည်။
သတ်မှတ်နယ်မြေမှ ကျော်လွန်၍ ခရီးသွားလာခွင့် မရှိသူများအား အခကြေးငွေယူ၍ တရားမဝင် ခေါ်ဆောင်လာသူ စိုးမင်းထွေးနှင့် မောင်မောင်ကျော်တို့အား ရေနံမနယ်မြေရဲစခန်းတွင် (ပ)၁၁/၂၀၁၈၊ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ရေနံမနယ်မြေရဲစခန်း