လားရှိုးမြို့ရှိ သာသနာ(၂၅၀၀)ကျောင်းတိုက်တွင် စစ်ဘေးရှောင်များအတွက် သုံးရေ လိုအပ်နေ

လားရှိုးမြို့ရှိ သာသနာ(၂၅၀၀)ကျောင်းတိုက်တွင် စစ်ဘေးရှောင်များအတွက် သုံးရေ လိုအပ်နေ
မတျ 25, 2018
By Tachileik News Agency



အဆိုပါ စစ်ဘေးရှောင်စခန်းတွင် မတ်လ(၂၂)ရက်နေ့အထိ နားဆိုင်းကျေးရွာ၊ လုပ်လေကျေးရွာ နှင့် လွယ်ပြေး ကျေးရွာတို့မှ စုစုပေါင်း အိမ်ထောင်စု (၂၄)စု လူဦးရေ (၇၂)ဦးအထိသာ ရှိခဲ့သော်လည်း မတ်လ (၂၃)ရက်နေ့တွင် ထပ်မံတိုးပွားလာသည့် အတွက် လက်ရှိတွင် အိမ်ထောင်စု (၄၅)စု လူဦးရေ (၁၆၀)အထိ ရှိလာခြင်းဖြစ်သည့် အတွက် သုံးရေ လိုအပ်ချက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

လားရှိုးမြို့ ရပ်ကွက် (၁)ရှိ သာသနာ(၂၅၀၀)ကျောင်းတိုက်အတွင်း ရောက်ရှိနေကြသည့် စစ်ဘေး ရှောင်များ အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆေးဝါးများ လာရောက်လှူဒါန်းမှု ရှိပြီး လားရှိုး နှစ်ခြင်း ခရစ်ယာန်အသင်းတော်များ မိသဟာရအဖွဲ့ မေတ္တာဧသင် လူမှုကူညီရေးအသင်းတို့မှလည်း ဆရာ ဆရာမ များဖြင့် မတ်လ(၂၄)ရက်နေ့က ကျန်းမာရေးစစ်ဆေးမှု လာရောက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

နားဆိုင်ကျေးရွာ နှင့် လုပ်လေကျေးရွာတို့မှ စစ်ဘေးရှောင်များသည် လားရှိုးမြို့ရှိ သာသနာ(၂၅၀၀)ကျောင်းတိုက်တွင် ထပ်တိုးလာနေလျက်ရှိသည့်အတွက် စားနပ်ရိက္ခါလုံလောက်မှုရှိနေသော်လည်း သုံးရေ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

“ထပ်တိုးလာတဲ့ လူဦးရေနဲ့ဆိုရင် အခုသုံးနေတဲ့ ဘုန်းကြီးကျောင်းက ရေနဲ့လုံလောက်မှု မရှိတော့ဘူး၊ ကျောင်းထိုင်ဘုန်းကြီးကတော့ တစ်ရက်ကို နှစ်ကြိမ် ရေတင်ပေးပါတယ်၊ သောက်ရေလည်း လာလှူတဲ့သူ နည်းနည်းရှိတယ်၊ သုံးဖို့ရေတော့ အခက်အခဲရှိတယ်”ဟု သာသနာ(၂၅၀၀)ဘုန်းကြီးကျောင်းတွင်ရောက်ရှိ နေသည့် စစ်ဘေးရှောင်များစခန်း တာဝန်ခံ ကိုအောင်မြတ်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် မတ်လ(၂၂)ရက်နေ့အထိ နားဆိုင်းကျေးရွာ၊ လုပ်လေကျေးရွာ နှင့် လွယ်ပြေး ကျေးရွာတို့မှ စုစုပေါင်း အိမ်ထောင်စု (၂၄)စု လူဦးရေ (၇၂)ဦးအထိသာ ရှိခဲ့သော်လည်း မတ်လ (၂၃)ရက်နေ့တွင် ထပ်မံတိုးပွားလာသည့် အတွက် လက်ရှိတွင် အိမ်ထောင်စု (၄၅)စု လူဦးရေ (၁၆၀)အထိ ရှိလာခြင်းဖြစ်သည့် အတွက် သုံးရေ လိုအပ်ချက်ရှိနခြေင်းဖြစ်ကြောင်း သိရှိရသည်။

လားရှိုးမြို့ ရပ်ကွက် (၁)ရှိ သာသနာ(၂၅၀၀)ကျောင်းတိုက်အတွင်း ရောက်ရှိနကြေသည့် စစ်ဘေး ရှောင်များ အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆေးဝါးများ လာရောက်လှူဒါန်းမှု ရှိပြီး လားရှိုး နှစ်ခြင်း ခရစ်ယာန်အသင်းတော်များ မိသဟာရအဖွဲ့ မေတ္တာဧသင် လူမှုကူညီရေးအသင်းတို့မှလည်း ဆရာ ဆရာမ များဖြင့် မတ်လ(၂၄)ရက်နေ့က ကျန်းမာရေးစစ်ဆေးမှု လာရောက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မတ်လ(၁၂)ရက်နေ့တွင် နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် TNLA နှင့် RCSS တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် မတ်လ (၁၃)ရက်နေ့မှ စတင်၍ လားရှိုးမြို့နယ် အီနိုင်းကျေးရွာ ဘုန်းကြီး ကျောင်း၊ လွယ်တောက်ကျေးရွာ၊ ရပ်ကွက် (၉)ကချင်နှစ်ခြင်း၊ ရပ်ကွက် (၁)ကရင်နှစ်ခြင်းကျောင်း၊ ရတနာမဉ္ဇူ ကျောင်းတိုက် နှင့် ရပ်ကွက် (၁)သာသနာ(၂၅၀၀)ကျောင်းတိုက်တို့မှ အိမ်ထောင်စု (၁၅၇) စု တို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန (လားရှိုး) မှ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် ဆန်ရိက္ခါကြေး ထောက်ပံ့မှုတို့ကို ပြုလုပ်ပေးထားကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~