အဆိုပါမိသားစုတြင္ ေျခာက္လအရြယ္ သမီးငယ္တစ္ေယာက္ရိွေနေၾကာင္းသိရၿပီး ဇန္နဝါရီလ (၆)ရက္ေန႔က ေနအိမ္တြင္ စကားမ်ားရန္ျဖစ္ရာမွ ဇနီးျဖစ္သူက ဟင္းရြက္လွီးဓါးျဖင့္ ခင္ပြန္းျဖစ္သူအား ထိုးလုိက္မိျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က စစ္ေဆးသိရိွရသည္ဟု သိရသည္။
တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးတြင္ ေဖေဖၚဝါရီလ (၆)ရက္ေန႔ ည (၁၁)နာရီခြဲခန္႔တြင္ ဓါးဒဏ္ရာျဖင့္ အမ်ိဳးသားတစ္ဦးေရာက္လာေၾကာင္း သတင္းအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးၾကည္စိုး၊ တာဝန္မွဴး ရဲအုပ္မင္းမင္းထုိက္ႏွင့္အဖြဲ႕က သြားေရာက္စစ္ေဆးရာ ဒဏ္ရာရထားသူမွာ မ်ိဳးကိုကိုဆိုသူျဖစ္ေၾကာင္းသိရၿပီး စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေနအိမ္တြင္ လင္မယား မၾကာခဏ စကားမ်ားရန္ျဖစ္ေလ့ရိွၿပီး ခင္ပြန္းျဖစ္သူက ဇနီးျဖစ္သူအား ရိုက္ႏွက္ေလ့ရိွေၾကာင္း ပတ္ဝန္းက်င္မွေျပာၾကားခ်က္မ်ားအရ သိရသည္။
ဇနီးျဖစ္သူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၁/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕
အဆိုပါမိသားစုတွင် ခြောက်လအရွယ် သမီးငယ်တစ်ယောက်ရှိနေကြောင်းသိရပြီး ဇန်နဝါရီလ (၆)ရက်နေ့က နေအိမ်တွင် စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ဟင်းရွက်လှီးဓါးဖြင့် ခင်ပွန်းဖြစ်သူအား ထိုးလိုက်မိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးသိရှိရသည်ဟု သိရသည်။
တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဖေဖေါ်ဝါရီလ (၆)ရက်နေ့ ည (၁၁)နာရီခွဲခန့်တွင် ဓါးဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်လာကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှ မြို့မစခန်းမှူး ဒုရဲမှူးကြည်စိုး၊ တာဝန်မှူး ရဲအုပ်မင်းမင်းထိုက်နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ ဒဏ်ရာရထားသူမှာ မျိုးကိုကိုဆိုသူဖြစ်ကြောင်းသိရပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ်တွင် လင်မယား မကြာခဏ စကားများရန်ဖြစ်လေ့ရှိပြီး ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ရိုက်နှက်လေ့ရှိကြောင်း ပတ်ဝန်းကျင်မှပြောကြားချက်များအရ သိရသည်။
ဇနီးဖြစ်သူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့