မိုးရေစီမံခန့်ခွဲခြင်း လုပ်ငန်းတစ်ရပ်အား ( Green Water Management ) အာရှဖွံဖြိုးရေးဘဏ်(ADB)၏ အထောက်အပံ့ဖြင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း၌ စတင်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ သန်းကုန်းကျေးရွာရှိ တောင်သူဒေါ်မြင့်မြင့်မူ၏ မိုးကောင်း သောက်ယာမြေအတွင်း အလျားပေ(၆၀)၊ အနံ ပေ (၃၀)အနက် (၁၀)ပေ မြေသား ရေစုကန်တစ်ခုကို တူးဖော်ထားရှိပြီး မိသားစုဟင်းသီးဟင်းရွက်စိုက်ခင်းများ နှင့် ငါးမွေးမြူရေး လုပ်ငန်းတို့ကို တွဲဖက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
"မိုးတွင်းကာလမှာ သဘာဝ အလျောက် စီးဆင်းတဲ့ မိုးရေတွေကို ရေစုကန်သဖွယ် စုဆောင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာ တစ်နိုင်တစ်ပိုင် ရေရှည်လုပ်ကိုင်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်"ဟု မြို့သစ်မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်လင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Organic Farming အထောက်အကူ ပြုလုပ်ငန်းများတွင် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဒေသခံ တောင်သူများ ပေါင်းစပ်၍ စိုက်ပျိုးရေး သင်တန်းများ ၊ နေပြည်တော်မှ အဆင့်မြင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင် လေ့လာရေးများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ အထောက်အပံ့များ ဆောင်ရွက်ပေး လျှက်ရှိကြောင်း သိရသည်။
ဇန်န၀ါရီလ(၁၇)ရက်နေ့က ကျေးရွာအုပ်စု(၈) စုမှ တောင်သူ(၃၅)ဦးအား ရေအသုံးချမှုဆိုင်ရာ သရုပ်ပြနှင့် သင်တန်းပေးခြင်းများ လုပ်ဆောင်နိုင်ခဲ့ပြီး နှမ်းရိတ်သိမ်းချိန်လွန်နည်းပညာ နှင့် စပါးမျိုးသန့်ဇုန် မျိုးစေ့ထုတ် လုပ်ငန်းတို့အား မျှဝေနိုင်ခဲ့ကြောင်းနှင့် နောက်ထပ်နေရာတစ်ခုအား ရွေးချယ်ပြီး သရုပ်ပြ ပညာပေး နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ထံက သိရှိရသည်။
သတင်း/ဓါတ်ပုံ - ဖီးနစ်
မြို့သစ်မြို့နယ်၊ မြပြေင်သာကျေးရွာအုပ်စု၊ သန်းကုန်းကျေးရွာရှိ တောင်သူဒေါ်မြင့်မြင့်မူ၏ မိုးကောင်း သောက်ယာမြေအတွင်း အလျားပေ(၆၀)၊ အနံ ပေ (၃၀)အနက် (၁၀)ပေ မြေသား ရေစုကန်တစ်ခုကို တူးဖော်ထားရှိပြီး မိသားစုဟင်းသီးဟင်းရွက်စိုက်ခင်းများ နှင့် ငါးမွေးမြူရေး လုပ်ငန်းတို့ကို တွဲဖက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
"မိုးတွင်းကာလမှာ သဘာဝ အလျောက် စီးဆင်းတဲ့မိုးရေတွေကို ရေစုကန်သဖွယ် စုဆောင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာ တစ်နိုင်တစ်ပိုင် ရေရှည်လုပ်ကိုင်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်နခြေင်း ဖြစ်ပါတယ်"ဟု မြို့သစ်မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်လင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Organic Farming အထောက်အကူ ပြုလုပ်ငန်းများတွင် စိုက်ပျိုးရေးဦးစီးဌာန အနဖြေင့် ဒေသခံ တောင်သူများ ပေါင်းစပ်၍ စိုက်ပျိုးရေး သင်တန်းများ၊ နပြေည်တော်မှ အဆင့်မြင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင် လေ့လာရေးများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ အထောက်အပံ့များ ဆောင်ရွက်ပေး လျှက်ရှိကြောင်း သိရသည်။
"လုပ်ငန်းစဉ်တွေကို လယ်ယာမြေ ဥပဒေနဲ့အညီ အဆင့်ဆင့် တင်ပြဆောင်ရွက်ခဲ့တာပါ။ သဘာဝကပေးတဲ့ မိုးရေကို အကျိုး ရှိရှိစီမံခန့်ခွဲအသုံးချပြီး စိုက်ပျိုးရေးနဲ့မွေးမြူ ရေးလုပ်ငန်းတွေ တွဲဖက် လုပ်ကိုင်စေနိုင်ဖို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ"ဟု နပြေည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းကြည် က ပြောသည်။
ဇန်နဝါရီလ(၁၇)ရက်နေ့က ကျေးရွာအုပ်စု(၈) စုမှ တောင်သူ(၃၅)ဦးအား ရေအသုံးချမှုဆိုင်ရာ သရုပ်ပြနှင့် သင်တန်းပေးခြင်းများ လုပ်ဆောင်နိုင်ခဲ့ပြီး နှမ်းရိတ်သိမ်းချိန်လွန်နည်းပညာ နှင့် စပါးမျိုးသန့်ဇုန် မျိုးစေ့ထုတ် လုပ်ငန်းတို့အား မျှေဝနိုင်ခဲ့ကြောင်းနှင့် နောက်ထပ်နေရာတစ်ခုအား ရွေးချယ်ပြီး သရုပ်ပြ ပညာပေး နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ထံက သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်