စိုက်ပျိုးမြေနမူနာများ၊ သွင်းရေ အရည်အသွေး နှင့် ဓာတ်မြေသြဇာ အရည်အသွေးတို့ကို စစ်ဆေးပေးမည့် မြေဆီလွှာဓာတ်ခွဲခန်းအား မကွေးတိုင်းဒေသကြီး၏ တိုင်းစိုက်ပျိုးရေးရုံးဝန်းအတွင်း၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
မြေဆီလွှာစမ်းသပ်ခြင်းဖြင့် မြေဆီလွှာ ဓာတ်ခွဲခြင်းဖြင့် စိုက်သင့်သော သီးနှံပင်အမျိုးအစားကို ဆုံးဖြတ်နိုင်ခြင်း၊ မြေတွင်းရှိ ရှိရင်းစွဲ အပင်အာဟာရဓာတ်များကို သိရှိခြင်းဖြင့် ထည့်သွင်း အသုံးပြုသင့်သော မြေသြဇာ နှုန်းထားပမာဏများကို သိရှိနိုင်ခြင်း၊ မြေချဉ်၊ မြေငံ ပြဿနာရှိသော မြေများကို ပြုပြင်စိုက်ပျိုးနိုင်ခြင်း၊ မြေထဲရှိ မြေဆွေးဓာတ်အခြေအနေများကို သိရှိခြင်းနှင့် မြေဆီလွှာကောင်းများ ဖြစ်လာစေရန် စီမံဆောင် ရွက်နိုင်ခြင်း ၊သီးနှံ အထွက်နှုန်းများ တိုးတက်စေခြင်းနှင့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေခြင်း အကျိုးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြေဆီလွှာ ဓာတ်ခွဲခြင်း လုပ်ငန်းတွင် ကဏ္ဍ (၁၃)ခု ၊ စိုက်ပျိုးသွင်းရေ ဓာတ်ခွဲခြင်း လုပ်ငန်းတွင် ကဏ္ဍ(၆)ခု ၊ မြေသြဇာ ဓာတ်ခွဲခြင်း လုပ်ငန်းတွင် ကဏ္ဍ(၈)ခု ပါဝင်ပြီး ဓာတ်ခွဲစမ်းသပ်နှုန်းထားများမှာ ကျပ်(၁၅၀၀) မှ ကျပ်(၁၀၀၀၀)ထိသာ သတ်မှတ်ထားကြောင်း သိရသည်။
စိုက်ပျိုးသွင်းရေကို ဓာတ်ခွဲခြင်းဖြင့် ရေတွင်ဆားပါဝင်မှု ပမာဏကို စစ်ဆေးနိုင်ကာ စိုက်ပျိုးမြေပျက်စီးမှု နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ထိခိုက်မှုများကို ကာကွယ်နိုင်မည်ဖြစ်ပြီး ဓာတ်မြေသြဇာကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့်လည်း ပါဝင်သော အာဟာရဓာတ်များကို သိရှိနိုင်ကာ အရည်အသွေးပြည့်မီသော မြေသြဇာများကို တောင်သူများအသုံးပြုနိုင်ခြင်း၊ သီးနှံပင်များအတွက် အကျိုးအရှိဆုံး အထောက်အကူဖြစ်စေခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူးထံက သိရသည်။
ဓာတ်ခွဲခန်း မဖွင့်မီ နိုဝင်ဘာလဆန်းမှ စ၍ မြေနမူနာ(၅၇)ခု ၊ ရေ(၁၁)ခု၊ မြေသြဇာ (၂၅)ခုကို အခမဲ့စ မ်းသပ်ပေးခဲ့ပြီး ဓာတ်ခွဲခန်း သုံးပစ္စည်းများ ပြန်လည်ဖြည့်တင်းနိုင်ရန် ဖွင့်လှစ်ချိန်မှစ၍ အနည်းငယ်သော အခကြေးငွေ သတ်မှတ်ကာ စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဓာတ်ခွဲခန်းအဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုငွေ ကျပ်သိန်း (၂၅၀)၊ ဓာတ်ခွဲခန်းသုံးပစ္စည်းအတွက် ကျပ် သိန်း(၅၀၀)ခန့်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓါတ်ပုံ - ဖီးနစ်
မြေဆီလွှာဓာတ်ခွဲခန်းအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ရာတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
"စိုက်ပျိုးရေးကဏ္ဍအတွက် အလွန်လိုအပ်တဲ့ ဓာတ်ခွဲခန်းတစ်ခုပါ။ ဓာတ်ခွဲခန်း update ဖြစ်ဖို့ကတော့ modernize ဖြစ်တဲ့ စက်ကိရိယာတွေ ပေါ်ရင်ပေါ်သလို ဖြည့့်ဆည်းသွားမှာပါ။ အခုလည်း ရန်ကုန်မှာရှိ တဲ့ ဓာတ်ခွဲခန်း အခြေအနေမျိုး ရှိနေပါပြီ။ အဖြေတွေ တိကျတာနဲ့အမျှ တောင်သူ့အတွက် အကောင်းဆုံး အကြံပြုချက်တွေ ပေးနိုင်မှာပါ"ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူး ဦးခင်မောင်ဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြေဆီလွှာစမ်းသပ်ခြင်းဖြင့် မြေဆီလွှာ ဓာတ်ခွဲခြင်းဖြင့် စိုက်သင့်သော သီးနှံပင်အမျိုးအစားကို ဆုံးဖြတ်နိုင်ခြင်း၊ မြေတွင်းရှိ ရှိရင်းစွဲ အပင်အာဟာရဓာတ်များကို သိရှိခြင်းဖြင့် ထည့်သွင်း အသုံးပြုသင့်သော မြသြေဇာ နှုန်းထားပမာဏများကို သိရှိနိုင်ခြင်း၊ မြေချဉ်၊ မြေငံ ပြဿနာရှိသော မြေများကို ပြုပြင်စိုက်ပျိုးနိုင်ခြင်း၊ မြေထဲရှိ မြေဆွေးဓာတ်အခြေအနေများကို သိရှိခြင်းနှင့် မြေဆီလွှာကောင်းများ ဖြစ်လာစေရန် စီမံဆောင် ရွက်နိုင်ခြင်း၊သီးနှံ အထွက်နှုန်းများ တိုးတက်စခြေင်းနှင့့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစခြေင်း အကျိုးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြေဆီလွှာ ဓာတ်ခွဲခြင်း လုပ်ငန်းတွင် ကဏ္ဍ (၁၃)ခု၊ စိုက်ပျိုးသွင်းရေ ဓာတ်ခွဲခြင်း လုပ်ငန်းတွင် ကဏ္ဍ(၆)ခု၊ မြသြေဇာ ဓာတ်ခွဲခြင်း လုပ်ငန်းတွင် ကဏ္ဍ(၈)ခု ပါဝင်ပြီး ဓာတ်ခွဲစမ်းသပ်နှုန်းထားများမှာ ကျပ်(၁၅၀၀) မှ ကျပ်(၁၀၀၀၀)ထိသာ သတ်မှတ်ထားကြောင်း သိရသည်။
စိုက်ပျိုးသွင်းရေကို ဓာတ်ခွဲခြင်းဖြင့် ရေတွင်ဆားပါဝင်မှု ပမာဏကို စစ်ဆေးနိုင်ကာ စိုက်ပျိုးမြေပျက်စီးမှု နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ထိခိုက်မှုများကို ကာကွယ်နိုင်မည်ဖြစ်ပြီး ဓာတ်မြသြေဇာကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့်လည်း ပါဝင်သော အာဟာရဓာတ်များကို သိရှိနိုင်ကာ အရည်အသွေးပြည့်မီသော မြသြေဇာများကို တောင်သူများအသုံးပြုနိုင်ခြင်း၊ သီးနှံပင်များအတွက် အကျိုးအရှိဆုံး အထောက်အကူဖြစ်စခြေင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူးထံက သိရသည်။
ဓာတ်ခွဲခန်း မဖွင့်မီ နိုဝင်ဘာလဆန်းမှ စ၍ မြေနမူနာ(၅၇)ခု၊ ရေ(၁၁)ခု၊ မြသြေဇာ (၂၅)ခုကို အခမဲ့စ မ်းသပ်ပေးခဲ့ပြီး ဓာတ်ခွဲခန်း သုံးပစ္စည်းများ ပြန်လည်ဖြည့်တင်းနိုင်ရန် ဖွင့့်လှစ်ချိန်မှစ၍ အနည်းငယ်သော အခကြေးငွေ သတ်မှတ်ကာ စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဓာတ်ခွဲခန်းအဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုငွေ ကျပ်သိန်း (၂၅၀)၊ ဓာတ်ခွဲခန်းသုံးပစ္စည်းအတွက် ကျပ် သိန်း(၅၀၀)ခန့်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်