ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှ ရန်ကုန်သို့ပို့ဆောင်ရန် တင်ဆောင်လာသည့် ကြက်ဥအတုဟု ယူဆရသည့် ဥများနှင့် ဆန်ခေါက်ဆွဲအတုဟု ယူဆရသည့် ခေါက်ဆွဲအချို့ကို ရေပူအမြဲတမ်းစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးရမိထားသဖြင့် ဇန်နဝါရီလ (၉)ရက်နေ့က လားရှိုးမြို့မဈေးမှ စားသောက်ကုန် များကိုလည်း ရှမ်းပြည်နယ်စားသုံးသူရေးရာဌာနပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာ အတုဟုယူဆရသည့် ကြက်ဥနှင့် ခေါက်ဆွဲများ ထပ်မံစစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။
ဇန်နဝါရီလ (၆) ရက်နေ့က ရေပူစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့သည့် ကြက်ဥ အတုဟု ယူဆရသည်များ နှင့် ခေါက်ဆွဲအတုဟု ယူဆရသည်များကို သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးစီမံကွပ်ကဲရေးဌာနမှ ဓါတ်ခွဲစမ်းသပ်မှုပြုလုပ်နေဆဲဖြစ်ပြီး ၎င်းစားသောက်ကုန် အတုများ တွေ့ရှိခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ လားရှိုးမြို့မဈေးအတွင်း စားသောက်ကုန်များကို စစ်ဆေးမှု ပြုလုပ်ရခြင်းဖြစ်ကာ တစ်ပါတည်း စစ်ဆေးမှု အနေဖြင့် ရက်လွန်စားသောက်ကုန်များ၊ ကုန်ဆုံးရက်သတ်မှတ်မှုမပါရှိသည့် စားသောက်ကုန်များ ရောင်းချ နေခြင်းများကိုလည်း ပြုလုပ်နေခြင်း ဖြစ်ပြီး တစ်လလျှင် (၂) ကြိမ်ခန့် ယခုကဲ့သို့ စစ်ဆေးမှု ပြုလုပ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - နေဖြိုးမြင့်
"ဒီနေ့ စစ်ဆေးရင်းတွေ့တဲ့ ကြက်ဥနဲ့ခေါက်ဆွဲတွေကိုလည်း ကြက်ဥအတုလား အစစ်လားဆိုတာရယ် ခေါက်ဆွဲ အတုလား အစစ်လား ဆိုတာရယ် ဓာတ်ခွဲစမ်းသပ်ပြီး တော့မှ ဆက်လုပ်ဖို့ရှိပါတယ်။ မျက်မြင် စစ်ဆေးချက် အရတော့ ကြက်ဥအတုလို့ ယူဆလို့ရတာတွေရယ်၊ ခေါက်ဆွဲအတု လို့ ထင်ရတာတွေရယ်လည်း တွေ့ထားတယ် နမူနာတွေယူလာပြီး ဓာတ်ခွဲစမ်းသပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်ဆေးရင်းနဲ့ ရက်လွန်နေတဲ့ မုန့်တွေလည်း တွေ့တယ်။ တစ်ချို့ဆို ၂၀၁၇ ခုနှစ်မှာ ကုန်ဆုံးရက်ဖြစ်နေ တာတွေရှိ တယ်။ ဆိုင်တွေက ဒီလိုပဲဆက်ရောင်းနေ တာတွေ့တယ်။ အဲဒါမျိုးကျ တစ်ခါတည်း သိမ်းဆည်းပြီးတော့ ဖျက်ဆီးလိုက်တယ်" ဟု ရှမ်းပြည်နယ် စားသုံးသူ ရေးရာဌာန(လားရှိုး) မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
ရက်လွန်မုန့်များအား ရောင်းချနေသည့်ဆိုင်ရှင်များကို သတိပေးမှုပြုလုပ်ခဲ့ပြီး အဆိုပါ ရက်လွန်မုန့်များနှင့် ကုန်ဆုံးရက် မပါဝင်သည့် မုန့်များကို ဆက်လက်ရောင်းချပါက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ညှိနှိုင်း ကာ ဈေးရောင်းချခွင့် ပိတ်ပင်သည် အထိ ပြင်းထန်စွာအရေးယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ (၆) ရက်နေ့က ရေပူစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့သည့် ကြက်ဥ အတုဟု ယူဆရသည်များ နှင့် ခေါက်ဆွဲအတုဟု ယူဆရသည်များကို သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးစီမံကွပ်ကဲရေးဌာနမှ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်နေဆဲဖြစ်ပြီး၎င်းစားသောက်ကုန် အတုများ တွေ့ရှိခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ လားရှိုးမြို့မဈေးအတွင်း စားသောက်ကုန်များကို စစ်ဆေးမှု ပြုလုပ်ရခြင်းဖြစ်ကာ တစ်ပါတည်း စစ်ဆေးမှု အနဖြေင့် ရက်လွန်စားသောက်ကုန်များ၊ ကုန်ဆုံးရက်သတ်မှတ်မှုမပါရှိသည့် စားသောက်ကုန်များ ရောင်းချ နခြေင်းများကိုလည်း ပြုလုပ်နခြေင်း ဖြစ်ပြီး တစ်လလျှင် (၂) ကြိမ်ခန့် ယခုကဲ့သို့ စစ်ဆေးမှု ပြုလုပ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - နဖြေိုးမြင့်