တာချီလိတ် မြို့မရဲစခန်း၏ အချုပ်ထောင်တွင် အချုပ်တရားခံ အမျိုးသား (၁၀၁)ဦးနှင့် အမျိုးသမီး (၁၂)ဦး ရှိသည့်အနက် အချုပ်တရားခံ အမျိုးသား (၃၂)ဦးထားရှိသည့် အချုပ်ခန်းအမှတ် (၃)၏ အမိုးသံတန်းအား ဖြတ်၍ သက်ငယ်မုဒိန်းမှုဖြင့် ထောင်ဒဏ် (၂၂)နှစ် ချမှတ်ခံထားရသည့် နေလင်း (ခ) နေမင်း၊ ထောင်ဒဏ် (၁၆)နှစ် ကျခံနေရသည့် မူးယစ်တရားခံ ကိုသက်(ခ)မြဝင်း၊ ခိုးမှုတရားခံများဖြစ်သည့် စောမျိုးအောင်နှင့် စိုင်းမင်းသူ၊ မူးယစ်တရားခံ ဥာဏ်လင်း(ခ)ဥာဏ်ဝင်းတို့ ဇန်နဝါရီလ (၆)ရက်နေ့တွင် ထွက်ပြေးသွားခဲ့ကြရာ နာရီ (၅၀)အတွင်း ရဲတပ်ဖွဲ့က အဆိုပါထွက်ပြေးသူ (၅)ဦးနှင့်အတူ ကူညီသူများကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ST
“တရားခံဖမ်းဆီး ရမိရေးအတွက် တပ်ဖွဲ့ဝင်တွေအားလုံး ကြိုးစား လုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်ယောက်ကတော့ နောက်ဆုံး လွတ်မြောက်နေတဲ့ တရားခံဖမ်းဆီးရာမှာ ခက်ခက်ခဲခဲ လုံးထွေး သတ်ပုတ် ဖမ်းဆီးခဲ့ကြတဲ့သူတွဖြေစ်လို့ ဂုဏ်ပြုချီးမြှင့်တာပါ။ အခုလို ဂုဏ်ပြုတာက မှုခင်းနှိမ်နှင်းရေးတွေ လုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ခွန်အားရှိအောင် အသိအမှတ်ပြု ဂုဏ်ပြုရခြင်းဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဂုဏ်ပြုချီးမြှင့်ခံရသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်မြင့်နိုင်နှင့် ရဲတပ်သား ဖေသက်ဟန်တို့ ဖြစ်ကြပြီး ထောင်ဖောက်ထွက်ပြေးသူများအနက် နောက်ဆုံးလွတ်မြောက်ကျန်နေသည့် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် (၁၆)နှစ် ကျခံနေရသူအား လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့သူများဖြစ်ကြောင်း သိရသည်။
တာချီလိတ် မြို့မရဲစခန်း၏ အချုပ်ထောင်တွင် အချုပ်တရားခံ အမျိုးသား (၁၀၁)ဦးနှင့် အမျိုးသမီး (၁၂)ဦး ရှိသည့်အနက် အချုပ်တရားခံ အမျိုးသား (၃၂)ဦးထားရှိသည့် အချုပ်ခန်းအမှတ် (၃)၏ အမိုးသံတန်းအား ဖြတ်၍ သက်ငယ်မုဒိန်းမှုဖြင့် ထောင်ဒဏ် (၂၂)နှစ် ချမှတ်ခံထားရသည့် နေလင်း (ခ) နေမင်း၊ ထောင်ဒဏ် (၁၆)နှစ် ကျခံနေရသည့် မူးယစ်တရားခံ ကိုသက်(ခ)မြဝင်း၊ ခိုးမှုတရားခံများဖြစ်သည့် စောမျိုးအောင်နှင့် စိုင်းမင်းသူ၊ မူးယစ်တရားခံ ဉါဏ်လင်း(ခ)ဉါဏ်ဝင်းတို့ ဇန်နဝါရီလ (၆)ရက်နေ့တွင် ထွက်ပြေးသွားခဲ့ကြရာ နာရီ (၅၀)အတွင်း ရဲတပ်ဖွဲ့က အဆိုပါထွက်ပြေးသူ (၅)ဦးနှင့်အတူ ကူညီသူများကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ST