နည္းပညာတကၠသိုလ္(မေကြး) မွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၏ Project (၄၁)ခု ပါဝင္ျပသေနသည့္ တတိယ အႀကိမ္ေျမာက္ Science and Technology Fair 2018 ျပပဲြ၊ ၿပိဳင္ပဲြအား နည္းပညာတကၠသိုလ္ (မေကြး)တြင္ ဇန္နဝါရီလ (၁၈)ရက္ေန႔က က်င္းပေနေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔ ေမဂ်ာက လက္ခုပ္သံနဲ႔ ပန္ကာ အဖြင္႔၊အပိတ္နဲ႔ ပန္ကာရဲ႕ Speed ကို Control လုပ္တဲ႔ Circuit ရယ္၊ အိမ္၊ ျခံတံခါးေတြကို Password နဲ႔ထိန္းခ်ဳပ္ၿပီး အဖြင္႔အပိတ္လုပ္တာတို႔၊ ညေမွာင္တာနဲ႔ မီးအလိုအေလွ်ာက္ လင္းေစတာတို႔၊ အခန္းတြင္း အပူခ်ိန္ကိုခ်ိန္ညိႇၿပီး ေလေအးေပးစက္အလိုေလ်ာက္ ပြင္႔ေစတာတို႔ ျပဳလုပ္ေပးတဲ႔ Home Automatic Security System ေတြ၊ ဖုန္းကို Bluetooth နဲ႔ခ်ိတ္ၿပီး အတက္ အဆင္းေတြကိုပါ ေမာင္းႏွင္ႏိုင္တဲ႔ တင့္ကား စသျဖင့္ ပါရိွပါတယ္။ ဒီလိုပဲြမ်ိဳးကို ကၽြန္ေတာ္တို႔ အေနနဲ႔ ႀကိဳ ဆိုပါတယ္။ ကၽြန္ေတာ္တို႔ သင္ၾကားရတဲ႔ပညာရပ္ဟာ စာေတြ႔နဲ႔တင္ မဟုတ္ဘဲ လက္ေတြ႔ပါ ေပါင္းစပ္သင္ ၾကားရတာမ်ိဳးပါ။ အခုလို ကၽြန္ေတာ္တို႔လုပ္ေဆာင္ခ်က္ေတြကို ခင္းက်င္းျပသ ၿပိဳင္ဆိုင္ခြင္႔ရ တဲ႔ အတြက္ လက္ေတြ႔လုပ္ေဆာင္ႏိုင္မႈကို တိုးတက္ေစမွာျဖစ္ပါတယ္"ဟု မေကြးနည္းပညာတကၠသိုလ္ Electronic Major မွ 5th Year ေက်ာင္းသား ကိုေအာင္မ်ိဳးဟိန္းက ေျပာသည္။
အဆိုပါ project မ်ားအနက္ (၃)ခုအား ေရြးခ်ယ္ၿပီး အထက္ဗမာျပည္ နည္းပညာတကၠသိုလ္မ်ားအဖဲြ႔ (မႏၱေလးနည္းပညာတကၠသိုလ္)ႏွင့္ ေနျပည္ေတာ္အဆင့္မ်ားအထိ အဆင့္ဆင့္ ယွဥ္ၿပိဳင္ရန္ ေစလႊတ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
"ဒါက တတိယအႀကိမ္ေျမာက္လို႔ဆိုေပမဲ့ ပထမအႀကိမ္နဲ႔ ဒုတိယအႀကိမ္ေတြက Bar Camp ျဖစ္တဲ႔အတြက္ ေက်ာင္းသားေတြက သူတို႔လုပ္ထားတဲ႔ Project ေတြကို ျပသၾကတာျဖစ္ပါတယ္။ ဒီႏွစ္မွာက်ေတာ႔ ျပပဲြေရာ ၿပိဳင္ပဲြပါ ပါလာပါတယ္။ ကေလးေတြက ကိုယ္႔ေက်ာင္းတြင္းၿပိဳင္ပဲြမွာလည္း ယွဥ္ၿပိဳင္ခ်င္ၾကၿပီး သူမ်ားေတြ ဆီမွာလည္း သြားၿပီးေတာ႔ ယွဥ္ၿပိဳင္ခ်င္ၾကတာေၾကာင္႔ ၿပိဳင္ပဲြအေနနဲ႔ဆိုရင္ ေတာ႔ ဒါပထမဆံုးအႀကိမ္လို႔ ေျပာရမွာပါ"ဟု နည္းပညာတကၠသိုလ္(မေကြး)ပါေမာကၡခ်ဳပ္ ေဒါက္တာ ျမနႏၵာလြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ျပပြဲတြင္ နည္းပညာတကၠသိုလ္၏ ေမဂ်ာ(၄)ခုမွ နည္းပညာ ဖန္တီးမႈမ်ားကို ျပသယွဥ္ၿပိဳင္ေနျခင္း ျဖစ္ၿပီး ျပပြဲသို႔ မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳႏွင္႔ အစိုးရအဖဲြ႔ဝင္ ဝန္ႀကီးမ်ားလည္း လာေရာက္ၾကည့္ရႈအားေပးေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု #ဖီးနစ္
"ကျွန်တော်တို့ မေဂျာက လက်ခုပ်သံနဲ့ ပန်ကာ အဖွင့်၊အပိတ်နဲ့ ပန်ကာရဲ့ Speed ကို Control လုပ်တဲ့ Circuit ရယ်၊ အိမ်၊ ခြံတံခါးတွေကို Password နဲ့ထိန်းချုပ်ပြီး အဖွင့်အပိတ်လုပ်တာတို့၊ ညမှောင်တာနဲ့ မီးအလိုအလျှောက် လင်းစေတာတို့၊ အခန်းတွင်း အပူချိန်ကိုချိန်ညှိပြီး လေအေးပေးစက်အလိုလျောက် ပွင့်စေတာတို့ ပြုလုပ်ပေးတဲ့ Home Automatic Security System တွေ၊ ဖုန်းကို Bluetooth နဲ့ချိတ်ပြီး အတက် အဆင်းတွေကိုပါ မောင်းနှင်နိုင်တဲ့ တင့်ကား စသဖြင့် ပါရှိပါတယ်။ ဒီလိုပွဲမျိုးကို ကျွန်တော်တို့ အနေနဲ့ ကြို ဆိုပါတယ်။ ကျွန်တော်တို့ သင်ကြားရတဲ့ပညာရပ်ဟာ စာတွေ့နဲ့တင် မဟုတ်ဘဲ လက်တွေ့ပါ ပေါင်းစပ်သင် ကြားရတာမျိုးပါ။ အခုလို ကျွန်တော်တို့လုပ်ဆောင်ချက်တွေကို ခင်းကျင်းပြသ ပြိုင်ဆိုင်ခွင့်ရ တဲ့ အတွက် လက်တွေ့လုပ်ဆောင်နိုင်မှုကို တိုးတက်စေမှာဖြစ်ပါတယ်"ဟု မကွေးနည်းပညာတက္ကသိုလ် Electronic Major မှ 5th Year ကျောင်းသား ကိုအောင်မျိုးဟိန်းက ပြောသည်။
အဆိုပါ project များအနက် (၃)ခုအား ရွေးချယ်ပြီး အထက်ဗမာပြည် နည်းပညာတက္ကသိုလ်များအဖွဲ့ (မန္တလေးနည်းပညာတက္ကသိုလ်)နှင့် နေပြည်တော်အဆင့်များအထိ အဆင့်ဆင့် ယှဉ်ပြိုင်ရန် စေလွှတ် သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒါက တတိယအကြိမ်မြောက်လို့ဆိုပေမဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေက Bar Camp ဖြစ်တဲ့အတွက် ကျောင်းသားတွေက သူတို့လုပ်ထားတဲ့ Project တွေကို ပြသကြတာဖြစ်ပါတယ်။ ဒီနှစ်မှာကျတော့ ပြပွဲရော ပြိုင်ပွဲပါ ပါလာပါတယ်။ ကလေးတွေက ကိုယ့်ကျောင်းတွင်းပြိုင်ပွဲမှာလည်း ယှဉ်ပြိုင်ချင်ကြပြီး သူများတွေ ဆီမှာလည်း သွားပြီးတော့ ယှဉ်ပြိုင်ချင်ကြတာကြောင့် ပြိုင်ပွဲအနေနဲ့ဆိုရင် တော့ ဒါပထမဆုံးအကြိမ်လို့ ပြောရမှာပါ"ဟု နည်းပညာတက္ကသိုလ်(မကွေး)ပါမောက္ခချုပ် ဒေါက်တာ မြနန္ဒာလွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အဆိုပါ ပြပွဲတွင် နည်းပညာတက္ကသိုလ်၏ မေဂျာ(၄)ခုမှ နည်းပညာ ဖန်တီးမှုများကို ပြသယှဉ်ပြိုင်နေခြင်း ဖြစ်ပြီး ပြပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း လာရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ #ဖီးနစ်