ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ယာဥ္မွ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိ

ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ယာဥ္မွ ဘိန္းစိမ္းမ်ား ဖမ္းဆီးရမိ
ဒီဇင်ဘာ 15, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕ အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ခရီးသည္တင္ မွန္လုံေမာ္ေတာ္ ယာဥ္တြင္ လုိက္ပါလာသည့္ ခရီးသည္အမ်ိဳးသားတစ္ဦးထံမွ ဘိန္းစိမ္း (၆)ကီလိုေက်ာ္ကို ဒီဇင္ဘာလ (၁၄)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅) ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၁၄) ရက္ေန႔ ည(၁၀)နာရီအခ်ိန္ခန္႔တြင္ ကေလာၿမိဳ႕အထြက္ ပူးေပါင္းစစ္ေဆးေရးစခန္း၌ ခရီးသည္တင္ေမာ္ေတာ္ယာဥ္တစ္စီးအား ရွာေဖြရာ ခရီးသည္ ဦးမွတ္(ခ)ရဲဦး၏ ေက်ာပိုးအိတ္အတြင္းမွ ဘိန္းစိမ္း အေလးခ်ိန္ (၆) ဒႆမ (၃) ကီလိုကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းစိမ္းမ်ားသယ္ေဆာင္လာသည့္ ဦးမွတ္(ခ)ရဲဦးအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်ယာဉ်မှ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
*****************
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မှန်လုံမော်တော် ယာဉ်တွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသားတစ်ဦးထံမှ ဘိန်းစိမ်း (၆)ကီလိုကျော်ကို ဒီဇင်ဘာလ (၁၄)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ ည(၁၀)နာရီအချိန်ခန့်တွင် ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်း၌ ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား ရှာဖွေရာ ခရီးသည် ဦးမှတ်(ခ)ရဲဦး၏ ကျောပိုးအိတ်အတွင်းမှ ဘိန်းစိမ်း အလေးချိန် (၆) ဒဿမ (၃) ကီလိုကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းစိမ်းများသယ်ဆောင်လာသည့် ဦးမှတ်(ခ)ရဲဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~