ျမန္မာႏိုင္ငံလံုးဆုိင္ရာ ရွမ္းလူငယ္မ်ား ေတြ႔ဆံုႏွီးေႏွာဖလွယ္ပြဲတြင္ မူးယစ္ေဆးျပႆနာ၊ လူ႔အခြင့္အေရးနွင့္ ႏုိင္ငံေရးေဆြးေႏြးပြဲ ေခါင္းစဥ္မ်ား ေဆြးေႏြးမည္

ျမန္မာႏိုင္ငံလံုးဆုိင္ရာ ရွမ္းလူငယ္မ်ား ေတြ႔ဆံုႏွီးေႏွာဖလွယ္ပြဲတြင္ မူးယစ္ေဆးျပႆနာ၊ လူ႔အခြင့္အေရးနွင့္ ႏုိင္ငံေရးေဆြးေႏြးပြဲ ေခါင္းစဥ္မ်ား ေဆြးေႏြးမည္
ဒီဇင်ဘာ 17, 2017
By Tachileik News Agency

ျမန္မာႏုိင္ငံလံုးဆုိင္ရာ ရွမ္းလူငယ္မ်ား ေတြ႕ဆံုႏွီးေႏွာဖလွယ္ပြဲ တတိယအႀကိမ္အား ဒီဇင္ဘာလ (၂၇)ရက္ေန႔မွ စ၍ သံုးရက္တာ က်င္းပမည္ျဖစ္ၿပီး မူးယစ္ေဆးဝါးျပႆနာ၊ လူ႔အခြင့္အေရးနွင့္ ႏုိင္ငံေရး ေဆြးေႏြးပြဲ ေခါင္းစဥ္မ်ားကို ဦးစားေပးေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

“အမ်ားအားျဖင့္ေတာ့ လူငယ္ေတြၾကားက မူးယစ္ေဆးဝါးျပႆနာ၊ လူ႔အခြင့္အေရးနဲ႔ ႏုိင္ငံေရးေဆြးေႏြးပြဲ ေတြမွာ ကၽြန္ေတာ္တို႔လည္း ပါဝင္မွာျဖစ္တဲ့အတြက္ ဒါေတြကိုေတာ့ အဓိကထည့္သြင္းေဆြးေႏြးသြားမွာ ျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံလံုးဆုိင္ရာ ရွမ္းလူငယ္ကြန္ရက္ ဦးေဆာင္ေကာ္မတီဝင္တစ္ဦးျဖစ္သည့္ စိုင္းေနာ္ဆိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ႏွစ္ႏွစ္တစ္ႀကိမ္က်င္းပသည့္ ျမန္မာႏုိင္ငံလံုးဆုိင္ရာ ရွမ္းလူငယ္မ်ား ေတြ႔ဆံုႏွီးေႏွာဖလွယ္ပြဲအား ၂၀၁၇ ခုႏွစ္တြင္ ပဲခူးတုိင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ေအာင္ျမင္(ေတာကၽြဲအင္း)ၿမိဳ႕၊ သေျပတန္းရွမ္းရြာတြင္ ဒီဇင္ဘာလ (၂၇)ရက္ေန႔မွ (၂၉)ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး လူငယ္ (၅၀၀)အထိ ဖိတ္ၾကား ထားေၾကာင္း သိရသည္။

“ ရွမ္းျပည္နယ္တြင္း ၿမိဳ႕နယ္တုိင္းနဲ႔ ရွမ္းလူမ်ိဳးမ်ားေနထုိင္တဲ့ အျခားေဒသေတြမွာလည္း ဖိတ္ေခၚ ထားပါတယ္။ ရွမ္းျပည္နယ္ အတြင္း ၿမိဳ႕နယ္ေတြမွာေတာ့ တစ္ၿမိဳ႕နယ္ကို သံုးဦးႏႈန္းနဲ႔ ဖိတ္ထားၿပီး အျခားျပည္နယ္နဲ႔ တုိင္းေဒသႀကီးေတြမွာေတာ့ တိုင္း/ျပည္နယ္ ကိုယ္စားျပဳအေနနဲ႔ ဖိတ္ထားပါတယ္။ ေလ့လာခ်င္တဲ့ လူငယ္ေတြလည္း ခြင့္ျပဳထားတာေၾကာင့္ ဖိတ္ထားတဲ့ဦးေရထက္ပိုတက္လည္း ရပါတယ္”ဟု ျမန္မာႏိုင္ငံလံုးဆုိင္ရာ ရွမ္းလူငယ္ကြန္ရက္ ဦးေဆာင္ေကာ္မတီဝင္တစ္ဦးျဖစ္သည့္ စိုင္းေနာ္ဆိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ ႏွီးေႏွာဖလွယ္ပြဲတြင္ ရွမ္းလူမ်ိဳးမ်ားေနထုိင္ရာ ေဒသတိုင္းမွ လူငယ္ကိုယ္စားလွယ္မ်ားအား ဖိတ္ၾကားႏိုင္ေရးအတြက္ ရွမ္းလူငယ္အဖြဲ႕အစည္းမ်ား၊ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႔မ်ားမွတစ္ဆင့္ ခ်ိတ္ဆက္ ဖိတ္ၾကားထားေၾကာင္း သိရသည္။

ရွမ္းလူငယ္မ်ားအခ်င္းခ်င္း ခ်စ္ခင္ရင္းႏွီးကၽြမ္းဝင္မႈ ရိွလာေစရန္၊ ပိုမုိက်ယ္ျပန္႔ေသာ ကြန္ရက္မ်ား ခ်ိတ္ဆက္ ႏုိင္ေစရန္၊ လူငယ္မ်ား ရင္ဆုိင္ေနရသည့္ စိန္ေခၚမႈျပႆနာမ်ားအား ေျဖရွင္းရန္၊ လူငယ္မ်ား၏ ဘဝေရွ႕ေရးပိုမိုဖြံ႕ၿဖိဳးတိုးတက္လာမႈစီမံကိန္းမ်ား ပူးေပါင္းေရးဆြဲႏုိင္ရန္ႏွင့္ ဦးေဆာင္ေကာ္မတီမ်ား ျပန္လည္ေရြးခ်ယ္ေရးအတြက္ အဆိုပါ ႏွီးေႏွာဖလွယ္ပြဲအား က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးေဆာင္ေကာ္မတီဝင္ဦးေရမွာ ကိုယ္စားျပဳတက္ေရာက္သည့္ ေဒသအလုိက္ေရြးခ်ယ္မည္ျဖစ္ၿပီး ဒုတိယအႀကိမ္ ႏွီးေႏွာဖလွယ္ပြဲသို႔ ဖိတ္ၾကားထားသည့္ အခ်ိဳ႕ေဒသမ်ားမွ တက္ေရာက္လာျခင္း မရိွသျဖင့္ ယခုႏွစ္တြင္ ပိုမိုတက္ေရာက္လာရန္ ေမွ်ာ္လင့္ထားေၾကာင္း ဦးေဆာင္ေကာ္မတီထံမွ သိရသည္။

ပဲခူးတိုင္းေဒသႀကီးတြင္ တက္ေရာက္မည့္ အနယ္နယ္အရပ္ရပ္မွ လူငယ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ခရီးစရိတ္ကို မိမိအစီအစဥ္ျဖင့္ လာေရာက္ရမည္ျဖစ္ၿပီး ေတြ႔ဆံုႏွီးေႏွာ ဖလွယ္ပြဲတက္ေရာက္မည့္ ကာလအတြင္း ေနထုိင္စားေသာက္မႈအား စီစဥ္ေပးထားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲ တတိယအကြိမ်အား ဒီဇင်ဘာလ (၂၇)ရက်နေ့မှ စ၍ သုံးရက်တာ ကျင်းပမည်ဖြစ်ပြီး မူးယစ်ဆေးဝါးပြဿနာ၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ခေါင်းစဉ်များကို ဦးစားပေးဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

“အများအားဖြင့်တော့ လူငယ်တွကြေားက မူးယစ်ဆေးဝါးပြဿနာ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ ကျွန်တော်တို့လည်း ပါဝင်မှာဖြစ်တဲ့အတွက် ဒါတွေကိုတော့ အဓိကထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် စိုင်းနော်ဆိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲအား ၂၀၁၇ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အောင်မြင်(တောကျွဲအင်း)မြို့၊ သပြေတန်းရှမ်းရွာတွင် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လူငယ် (၅၀၀)အထိ ဖိတ်ကြား ထားကြောင်း သိရသည်။

“ ရှမ်းပြည်နယ်တွင်း မြို့နယ်တိုင်းနဲ့ ရှမ်းလူမျိုးများနေထိုင်တဲ့ အခြားဒေသတွေမှာလည်း ဖိတ်ခေါ် ထားပါတယ်။ ရှမ်းပြည်နယ် အတွင်း မြို့နယ်တွေမှာတော့ တစ်မြို့နယ်ကို သုံးဦးနှုန်းနဲ့ ဖိတ်ထားပြီး အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ တိုင်း/ပြည်နယ် ကိုယ်စားပြုအနေနဲ့ ဖိတ်ထားပါတယ်။ လေ့လာချင်တဲ့ လူငယ်တွေလည်း ခွင့်ပြုထားတာကြောင့် ဖိတ်ထားတဲ့ဦးရေထက်ပိုတက်လည်း ရပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် စိုင်းနော်ဆိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ရှမ်းလူမျိုးများနေထိုင်ရာ ဒေသတိုင်းမှ လူငယ်ကိုယ်စားလှယ်များအား ဖိတ်ကြားနိုင်ရေးအတွက် ရှမ်းလူငယ်အဖွဲ့အစည်းများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှတစ်ဆင့် ချိတ်ဆက် ဖိတ်ကြားထားကြောင်း သိရသည်။

ရှမ်းလူငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်၊ ပိုမိုကျယ်ပြန့်သော ကွန်ရက်များ ချိတ်ဆက် နိုင်စေရန်၊ လူငယ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုပြဿနာများအား ဖြေရှင်းရန်၊ လူငယ်များ၏ ဘဝရှေ့ရေးပိုမိုဖွံ့ဖြိုးတိုးတက်လာမှုစီမံကိန်းများ ပူးပေါင်းရေးဆွဲနိုင်ရန်နှင့် ဦးဆောင်ကော်မတီများ ပြန်လည်ရွေးချယ်ရေးအတွက် အဆိုပါ နှီးနှောဖလှယ်ပွဲအား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဦးဆောင်ကော်မတီဝင်ဦးရေမှာ ကိုယ်စားပြုတက်ရောက်သည့် ဒေသအလိုက်ရွေးချယ်မည်ဖြစ်ပြီး ဒုတိယအကြိမ် နှီးနှောဖလှယ်ပွဲသို့ ဖိတ်ကြားထားသည့် အချို့ဒေသများမှ တက်ရောက်လာခြင်း မရှိသဖြင့် ယခုနှစ်တွင် ပိုမိုတက်ရောက်လာရန် မျှော်လင့်ထားကြောင်း ဦးဆောင်ကော်မတီထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် တက်ရောက်မည့် အနယ်နယ်အရပ်ရပ်မှ လူငယ်ကိုယ်စားလှယ်များအနဖြေင့် ခရီးစရိတ်ကို မိမိအစီအစဉ်ဖြင့် လာရောက်ရမည်ဖြစ်ပြီး တွေ့ဆုံနှီးနှော ဖလှယ်ပွဲတက်ရောက်မည့် ကာလအတွင်း နေထိုင်စားသောက်မှုအား စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~