ေရႊစက္ေတာ္ဘုရားပဲြေတာ္တြင္ ယာဥ္ပိတ္ဆို႔မႈမရိွေစေရးအတြက္ ယာဥ္ရပ္နားကြင္း ႏွစ္ကြင္း တိုးခ်ဲ႕တည္ေဆာက္

ေရႊစက္ေတာ္ဘုရားပဲြေတာ္တြင္ ယာဥ္ပိတ္ဆို႔မႈမရိွေစေရးအတြက္ ယာဥ္ရပ္နားကြင္း ႏွစ္ကြင္း တိုးခ်ဲ႕တည္ေဆာက္
ဒီဇင်ဘာ 19, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မန္းေရႊစက္ေတာ္ ဘုရားပဲြေတာ္ကာလတြင္ ယာဥ္ပိတ္ဆို႔မႈျဖစ္ေလ့ရိွသျဖင့္ ေမာ္ေတာ္ယာဥ္ ရပ္နားကြင္း (၂)ကြင္း တိုးခ်ဲ႕တည္ေဆာက္လ်က္ရိွေၾကာင္း သိရသည္။

“ေမာ္ေတာ္ယာဥ္ေတြကို ညအိပ္ရပ္နားခြင့္ တစ္စီးကို က်ပ္(၅၀၀)ကေန က်ပ္(၁၀၀၀) ေကာက္ခံ သြားမွာျဖစ္ၿပီး လံုျခံဳေရးအေစာင္႔ေတြ ထားရိွေပးသြားမွာျဖစ္လို႔ ကိုယ္႔ကားကို စိတ္ခ်လက္ခ် ထားရိွ ႏိုင္ၾကမွာျဖစ္ပါတယ္”ဟု ေဂါပကဥကၠဌ ဦးသိန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဘုရားဖူးမ်ား စည္ကားသည္႔ ရက္မ်ားတြင္ ယာဥ္ပိတ္ဆို႔မႈႏွင္႔ ယာဥ္မေတာ္တဆမႈအႏၱရာယ္ကို ကာကြယ္ႏုိင္ရန္ႏွင့္ ပဲြေတာ္အတြင္း မီးေဘးအႏၱရာယ္က်ေရာက္ခဲ့ပါက အလြယ္တကူ မီးၿငိႇမ္းသတ္ႏုိင္ရန္ အဆိုပါ ယာဥ္ရပ္နားကြင္းမ်ားကို တုိးခ်ဲ႕ တည္ေဆာက္ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္အတြက္ ဘုရားပြဲေတာ္ကို ဇန္နဝါရီလ (၂၁)ရက္ေန႔မွ ဧၿပီလ (၂၀)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ယခင္ႏွစ္မ်ားက ယာဥ္ရပ္နားရန္အတြက္ ကားႀကီးကြင္းႏွင့္ ကားေလးကြင္း (၂)ခုသာရိွခဲ့ရာမွ ငဖဲလမ္းဘက္ အထြက္ရိွ ေဇာ္ဂ်ီကုန္းႏွင္႔ ငဖဲေစာင္းတန္းဘက္ရိွ သမုန္းကုန္း ေနရာမ်ားတြင္ ေမာ္ေတာ္ယာဥ္ရပ္နား ကြင္း(၂)ကြင္း တိုးခ်ဲ႕တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော် ဘုရားပွဲတော်ကာလတွင် ယာဉ်ပိတ်ဆို့မှုဖြစ်လေ့ရှိသဖြင့် မော်တော်ယာဉ် ရပ်နားကွင်း (၂)ကွင်း တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။

“မော်တော်ယာဉ်တွေကို ညအိပ်ရပ်နားခွင့် တစ်စီးကို ကျပ်(၅၀၀)ကနေ ကျပ်(၁၀၀၀) ကောက်ခံ သွားမှာဖြစ်ပြီး လုံခြုံရေးအစောင့်တွေ ထားရှိပေးသွားမှာဖြစ်လို့ ကိုယ့်ကားကို စိတ်ချလက်ချ ထားရှိ နိုင်ကြမှာဖြစ်ပါတယ်”ဟု ဂေါပကဥက္ကဌ ဦးသိန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘုရားဖူးများ စည်ကားသည့် ရက်များတွင် ယာဉ်ပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆမှုအန္တရာယ်ကို ကာကွယ်နိုင်ရန်နှင့် ပွဲတော်အတွင်း မီးဘေးအန္တရာယ်ကျရောက်ခဲ့ပါက အလွယ်တကူ မီးငြှိမ်းသတ်နိုင်ရန် အဆိုပါ ယာဉ်ရပ်နားကွင်းများကို တိုးချဲ့ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွက် ဘုရားပွဲတော်ကို ဇန်နဝါရီလ (၂၁)ရက်နေ့မှ ဧပြီလ (၂၀)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက ယာဉ်ရပ်နားရန်အတွက် ကားကြီးကွင်းနှင့် ကားလေးကွင်း (၂)ခုသာရှိခဲ့ရာမှ ငဖဲလမ်းဘက် အထွက်ရှိ ဇော်ဂျီကုန်းနှင့် ငဖဲစောင်းတန်းဘက်ရှိ သမုန်းကုန်း နေရာများတွင် မော်တော်ယာဉ်ရပ်နား ကွင်း(၂)ကွင်း တိုးချဲ့တည်ဆောက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~