သီေပါျပည္သူ႔ေဆးရံုတြင္ ေန႔စဥ္အာဟာရေကြ်းေမြးျခင္းႏွင့္ တန္ဖိုးသင့္ထမင္း/ဟင္းေရာင္းခ်ျခင္းအစီအစဥ္ ပံုမွန္ေဆာင္ရြက္ေန

သီေပါျပည္သူ႔ေဆးရံုတြင္ ေန႔စဥ္အာဟာရေကြ်းေမြးျခင္းႏွင့္ တန္ဖိုးသင့္ထမင္း/ဟင္းေရာင္းခ်ျခင္းအစီအစဥ္ ပံုမွန္ေဆာင္ရြက္ေန
ဒီဇင်ဘာ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ရွိ ကုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုတြင္ လူနာမ်ားအတြက္ ေန႔စဥ္အာဟာရ ေကၽြးေမြးျခင္းႏွင့္ လူနာေစာင့္မ်ားအတြက္ တန္ဖိုးသင့္ ထမင္း/ဟင္းမ်ား ေရာင္းခ်ေပးသည့္ အစီအစဥ္မွာ အလွဴရွင္မ်ား ပံ့ပိုးမႈျဖင့္ ပံုမွန္ လည္ပတ္ ေဆာင္ရြက္ ေပးေနႏုိင္ၿပီ ျဖစ္ေၾကာင္း သိရသည္။

“လူနာတိုင္းနဲ႔ သင့္ေတာ္ၿပီး အာဟာရလည္းျပည့္ဝတဲ့ အစားအစာေတြကို ေန႔စဥ္ အာဟာရဒါနအျဖစ္ ျပဳလုပ္ေပးေနပါတယ္။ လွဴခ်င္တဲ့သူက မ်ားလာတဲ့အတြက္ လာမယ့္ႏွစ္ထဲအထိ စာရင္းေပးထားတာေတာင္ ရွိတယ္။ လူနာရွင္ေတြအတြက္ စရိတ္စက သက္သာေအာင္ ေရာင္းခ်ေပးေနတဲ့ တန္ဖိုးသင့္ ထမင္း/ဟင္းကို တစ္ရက္စာ လွဴဒါန္းၾကတာေတြလည္း မ်ားလာတယ္”ဟု သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါျပည္သူ႔ေဆးရံုတြင္ လူနာမ်ားအတြက္ အာဟာရဒါနေကၽြးေမြးျခင္းအား ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ (၁၈) ရက္ေန႔မွ စတင္၍ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး လူနာေစာင့္မ်ားအတြက္ တန္ဖိုးနည္းထမင္းဟင္းကိုပါ သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုအုပ္ႀကီး၏ မတည္ေငြျဖင့္ ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အခု ဒီလို တန္ဖိုးသင့္ထမင္း/ဟင္း ေရာင္းခ်ေပးေတာ့ နယ္ကေဆးရံုလာတက္တဲ့သူေတြမွာ အမ်ားႀကီးစရိတ္ သက္သာသြားတယ္။ ဝယ္စားရင္လည္း ထမင္းနဲ႔ ဟင္းပါမွ က်ပ္ (၃၀၀)ပဲျဖစ္တဲ့အတြက္ အဆင္ေျပတယ္”ဟု လူနာရွင္တစ္ဦးျဖစ္သည့္ ကိုသန္းစိုးက ေျပာသည္။

သီေပါၿမိဳ႕ ကုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုႀကီးတြင္ လူနာေစာင့္မ်ားအတြက္ တန္ဖိုးသင့္ ထမင္း/ဟင္း ေရာင္းခ်ေပးျခင္းအား အလွဴရွင္မရိွသည့္ေန႔မ်ားတြင္ ဝန္ထမ္းသံုးဦးျဖင့္ ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆရာက သံုးေသာင္းပဲ မတည္ေပးထားတယ္။ သူတုိ႔ဝယ္တဲ့ ကုန္က်စရိတ္နဲ႔ ျပန္ရတာက သူတို႔ လည္ပတ္ႏုိင္ေနတယ္။ လူနာေတြကို ေန႔စဥ္ေကၽြးေမြးတဲ့ အာဟာရဒါနအတြက္ အသံုုးျပဳတဲ့ စားဖိုေဆာင္နဲ႔ လူသံုးဦးခန္႔ထားတာကေန လူနာေစာင့္ေတြအတြက္ပါ တန္ဖိုးနည္းထမင္းဟင္းကို ေဆးရံုမွာ Canteen သေဘာမ်ိဳး လုပ္လာႏုိင္တယ္။ ခ်က္ျပဳတ္တာေတြအားလံုးကလည္း အခ်ိန္ကုန္သက္သာ၊ အႏၱရာယ္ကင္းတဲ့ အစားအေသာက္ေတြျဖစ္ေအာင္ စီမံေပးပါတယ္။ ေနာက္ပိုင္းမွာ အလွဴရွင္ေတြက လူနာေတြအတြက္ အာဟာရဒါနတင္မကဘဲ လူနာေစာင့္ေတြအတြက္ပါ လွဴဒါန္းလာတာေတြရိွတယ္”ဟု သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းက ေျပာသည္။

အလွဴရွင္မ်ားေဆာင္ရြက္ေပးေနသည့္ လူနာမ်ားအတြက္ ေန႔စဥ္အာဟာရဒါနမွာ နံနက္ပိုင္းတြင္ ေကြကာႏွင့္ ၾကက္ဥ၊ ေန႔လယ္ပိုင္းတြင္ ၾကက္သားဆန္ျပဳတ္၊ ညေနပိုင္းအတြက္ ေကြကာအုပ္ႏွင့္ ၾကက္ဥျပဳတ္တို႔ စီစဥ္ေပးၿပီး လူနာမ်ားအတြက္ လိုအပ္သည့္ အာဟာရမ်ားကိုတြက္ခ်က္၍ လိုအပ္သည့္ အာဟာရျပည့္ဝသင့္ေတာ္ေစရန္ တြက္ခ်က္ကာ ေကၽြးေမြးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် လူနာများအတွက် နေ့စဉ်အာဟာရ ကျွေးမွေးခြင်းနှင့် လူနာစောင့်များအတွက် တန်ဖိုးသင့် ထမင်း/ဟင်းများ ရောင်းချပေးသည့် အစီအစဉ်မှာ အလှူရှင်များ ပံ့ပိုးမှုဖြင့် ပုံမှန် လည်ပတ် ဆောင်ရွက် ပေးနေနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“လူနာတိုင်းနဲ့ သင့်တော်ပြီး အာဟာရလည်းပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ် အာဟာရဒါနအဖြစ် ပြုလုပ်ပေးနေပါတယ်။ လှူချင်တဲ့သူက များလာတဲ့အတွက် လာမယ့်နှစ်ထဲအထိ စာရင်းပေးထားတာတောင် ရှိတယ်။ လူနာရှင်တွေအတွက် စရိတ်စက သက်သာအောင် ရောင်းချပေးနေတဲ့ တန်ဖိုးသင့် ထမင်း/ဟင်းကို တစ်ရက်စာ လှူဒါန်းကြတာတွေလည်း များလာတယ်”ဟု သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါပြည်သူ့ဆေးရုံတွင် လူနာများအတွက် အာဟာရဒါနကျွေးမွေးခြင်းအား ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှ စတင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူနာစောင့်များအတွက် တန်ဖိုးနည်းထမင်းဟင်းကိုပါ သီပေါမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး၏ မတည်ငွဖြေင့် ရောင်းချပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“အခု ဒီလို တန်ဖိုးသင့်ထမင်း/ဟင်း ရောင်းချပေးတော့ နယ်ကဆေးရုံလာတက်တဲ့သူတွေမှာ အများကြီးစရိတ် သက်သာသွားတယ်။ ဝယ်စားရင်လည်း ထမင်းနဲ့ ဟင်းပါမှ ကျပ် (၃၀၀)ပဲဖြစ်တဲ့အတွက် အဆင်ပြေတယ်”ဟု လူနာရှင်တစ်ဦးဖြစ်သည့် ကိုသန်းစိုးက ပြောသည်။

သီပေါမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်များအတွက် တန်ဖိုးသင့် ထမင်း/ဟင်း ရောင်းချပေးခြင်းအား အလှူရှင်မရှိသည့်နေ့များတွင် ဝန်ထမ်းသုံးဦးဖြင့် ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“ဆရာက သုံးသောင်းပဲ မတည်ပေးထားတယ်။ သူတို့ဝယ်တဲ့ ကုန်ကျစရိတ်နဲ့ ပြန်ရတာက သူတို့ လည်ပတ်နိုင်နေတယ်။ လူနာတွေကို နေ့စဉ်ကျွေးမွေးတဲ့ အာဟာရဒါနအတွက် အသုံးပြုတဲ့ စားဖိုဆောင်နဲ့ လူသုံးဦးခန့်ထားတာကနေ လူနာစောင့်တွေအတွက်ပါ တန်ဖိုးနည်းထမင်းဟင်းကို ဆေးရုံမှာ Canteen သဘောမျိုး လုပ်လာနိုင်တယ်။ ချက်ပြုတ်တာတွေအားလုံးကလည်း အချိန်ကုန်သက်သာ၊ အန္တရာယ်ကင်းတဲ့ အစားအသောက်တွဖြေစ်အောင် စီမံပေးပါတယ်။ နောက်ပိုင်းမှာ အလှူရှင်တွေက လူနာတွေအတွက် အာဟာရဒါနတင်မကဘဲ လူနာစောင့်တွေအတွက်ပါ လှူဒါန်းလာတာတွေရှိတယ်”ဟု သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ပြောသည်။

အလှူရှင်များဆောင်ရွက်ပေးနေသည့် လူနာများအတွက် နေ့စဉ်အာဟာရဒါနမှာ နံနက်ပိုင်းတွင် ကွေကာနှင့် ကြက်ဥ၊ နေ့လယ်ပိုင်းတွင် ကြက်သားဆန်ပြုတ်၊ ညနေပိုင်းအတွက် ကွေကာအုပ်နှင့် ကြက်ဥပြုတ်တို့ စီစဉ်ပေးပြီး လူနာများအတွက် လိုအပ်သည့် အာဟာရများကိုတွက်ချက်၍ လိုအပ်သည့် အာဟာရပြည့်ဝသင့်တော်စေရန် တွက်ချက်ကာ ကျွေးမွေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~