ဘုရားရန်ပုံငွေ ကျပ်သန်း (၄၀၀)ဖြင့် တည်ဆောက်နေသည့် မန်းစက်တော်ရာဘုရား လှေတင်တံတား ရာခိုင်နှုန်း ၉၀ ကျော်ပြီးစီး

ဘုရားရန်ပုံငွေ ကျပ်သန်း (၄၀၀)ဖြင့် တည်ဆောက်နေသည့် မန်းစက်တော်ရာဘုရား လှေတင်တံတား ရာခိုင်နှုန်း ၉၀ ကျော်ပြီးစီး
ဒီဇင်ဘာ 22, 2017
By Tachileik News Agency

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ရွှေစက်တော်ဘုရားသို့သွားရာ (၃)မိုင်လမ်း၌ ဘုရား ရန်ပုံငွေဖြင့် လှေတင်တံတား တည်ဆောက်လျက်ရှိရာ ဒီဇင်ဘာ(၂၁)ရက်နေ့တွင် ရာခိုင်နှုန်း (၉၀) ကျော်ပြီးစီးနေပြီဖြစ်၍ ဘုရားပွဲတော်အမီ လုံးဝ ပြီးစီးမည်ဖြစ်ကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


လှေတင်တံတားမှာ အရှည်ပေ(၅၀၀)၊အကျယ် ပေ(၃၀)၊အမြင့် ပေ(၂၀)၊တံတားတိုင်(၈)တိုင်ပါရှိသည့် သံကူကွန်ကရစ်တံတားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဆောက်လုပ်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့တို့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဘုရားကြီးရန်ပုံငွေ ကျပ် သန်း (၁၄၀၀)အကုန်အကျခံတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

"ဘုရားပွဲတော်ဖွင့်ပွဲအမီပြီးစီးစေဖို့အတွက် တံတားတည်ဆောက်ရေးအထူးအဖွဲ့(၅)၊ ဆိပ်ဖြူက ဝန်ထမ်းတွေ နေ့ဆိုင်းညဆိုင်းနဲ့ ကုသိုလ်ပြုဆောင်ရွက်နေပြီး လိုအပ်တဲ့ လုပ်သားတွေကိုတော့ နေ့စားပေးခေါ်ရပါတယ်"ဟု တာဝန်ခံအင်ဂျင်နီယာ ဦးသိန်းထွန်းအောင်က ပြောသည်။

အဆိုပါတံတားကြီးမတည်ဆောက်မီက ဘုရားပွဲတော်ကာလအတွင်း သစ်၊ ဝါးများဖြင့် တံတားတည်ဆောက်ပြီး ဘုရားပွဲတော်ရာသီပြီးပါက ဖျက်သိမ်းရသဖြင့် ရွှေစက်တော်ဘုရားသို့ မိုးရာသီတွင် သွားလာရန် ခက်ခဲခြင်းကြောင့် ယခုတံတားအား တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်




~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ရွှေစက်တော်ဘုရားသို့သွားရာ (၃)မိုင်လမ်း၌ ဘုရား ရန်ပုံငွဖြေင့် လှေတင်တံတား တည်ဆောက်လျက်ရှိရာ ဒီဇင်ဘာ(၂၁)ရက်နေ့တွင် ရာခိုင်နှုန်း (၉၀) ကျော်ပြီးစီးနပြေီဖြစ်၍ ဘုရားပွဲတော်အမီ လုံးဝ ပြီးစီးမည်ဖြစ်ကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

"ကွန်ကရစ်ခင်းလုပ်ငန်း ပေ(၅၀၀)လုံးခင်းပြီးသွားပါပြီ။ နှစ်လက္မထု ကတ္တရာခင်းဖို့၊ တံတားလက်ရန်းတပ်ဖို့နဲ့ မီးတိုင်တွေတပ်ဖို့ပဲကျန်တော့တာကြောင့် ဘုရားပွဲတော်အမီ ပြီးစီးနိုင်မှာပါ"ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလှိုင် က တာချီလိတ်အေဂျင်စီသို့ ပြောသည်။

လှေတင်တံတားမှာ အရှည်ပေ(၅၀၀)၊အကျယ် ပေ(၃၀)၊အမြင့် ပေ(၂၀)၊တံတားတိုင်(၈)တိုင်ပါရှိသည့် သံကူကွန်ကရစ်တံတားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဆောက်လုပ်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့တို့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဘုရားကြီးရန်ပုံငွေ ကျပ် သန်း (၁၄၀၀)အကုန်အကျခံတည်ဆောက်နခြေင်းဖြစ်ကြောင်း သိရသည်။

"ဘုရားပွဲတော်ဖွင့်ပွဲအမီပြီးစီးစေဖို့အတွက် တံတားတည်ဆောက်ရေးအထူးအဖွဲ့(၅)၊ ဆိပ်ဖြူက ဝန်ထမ်းတွေ နေ့ဆိုင်းညဆိုင်းနဲ့ ကုသိုလ်ပြုဆောင်ရွက်နပြေီး လိုအပ်တဲ့ လုပ်သားတွေကိုတော့ နေ့စားပေးခေါ်ရပါတယ်"ဟု တာဝန်ခံအင်ဂျင်နီယာ ဦးသိန်းထွန်းအောင်က ပြောသည်။

အဆိုပါတံတားကြီးမတည်ဆောက်မီက ဘုရားပွဲတော်ကာလအတွင်း သစ်၊ ဝါးများဖြင့် တံတားတည်ဆောက်ပြီး ဘုရားပွဲတော်ရာသီပြီးပါက ဖျက်သိမ်းရသဖြင့် ရွှေစက်တော်ဘုရားသို့ မိုးရာသီတွင် သွားလာရန် ခက်ခဲခြင်းကြောင့် ယခုတံတားအား တည်ဆောက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~