ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပါခတ်ရွာတွင် ဒီဇင်ဘာလ (၂၉) ရက်နေ့ ညနေက နေအိမ်တွင် နှစ်လောင်းပြိုင်သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။
သတင်း - #သန်းဇော်
မိုင်းတုံမြို့၏ မြောက်ဘက် (၁၁) မိုင်ခန့်အကွာ လွယ်ခမ်းလုံကျေးရွာအုပ်စု၊ ပါခတ်ကျေးရွာရှိ ဒေါ်အီနာရှဲသည် ဒီဇင်ဘာလ (၂၉) ရက်နေ့ ညနေ(၆)နာရီခန့်က နေအိမ်အနီး မုန့်ဝယ်နေစဉ်၎င်း၏ နေအိမ်ဘက်မှ သေနတ်သံကြား၍ ပြန်လာရာ နေအိမ်တွင် အသက် (၂၅)နှစ်အရွယ် သမီးဖြစ်သူ မနားကျိုနှင့် သားမက်ဖြစ်သူ အသက် (၃၅)နှစ်အရွယ် မောင်မော်ကျိုတို့ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး မောင်မော်ကျို၏ အနီးတွင် သွေးများပေကျံနေသည့် ဓားဦးချွန်တစ်ချောင်းနှင့် တူမီးသေနတ်တစ်လက်ကို တွေ့ရကြောင်း သိရသည်။
သေဆုံးသူများအား ရဲဆေးစာနှင့်အတူ မိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး မိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - #သန်းဇော်
