ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု၊ ဂျိုးဖြူကျေးရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်က မြေသယ်ကားတစ်စီး တိမ်းမှောက်ရာမှ ဘေးမှ မောင်းနှင်လာသော ဆိုင်ကယ်ပေါ်သို့ လဲကျခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူမှာ ကားအောက်တွင်ပိနေပြီး အသက်ရှိသေး သဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
“ကားအောက်မှာ ပိနေတဲ့လူကတော့ အသက်ရှိပါသေးတယ်။ အခုချိန်ထိ စကားပြောနိုင်ပါတယ်။ ဖြစ်နေတာကတော့ တစ်နာရီလောက်ရှိပြီ။ အခုတော့ ကရိန်းတွေလည်း ရောက်လာပြီး ကားကို ပြန်မတင်နပြေီ။ မီးသတ်နဲ့ နှလုံးလှအဖွဲ့လည်း ရောက်နေပါပြီ။ အောက်မှာ ပိနေတဲ့လူကို ပြန်ကယ်ထုတ်နိုင်ဖို့လုပ်နေပါပြီ။”ဟု မိုင်းဇင်းကျေးရွာအုပ်စု ရပ်/ကျေးစာရေး ဦးကျော်စိုးလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ကားအောက်တွင် ပိနေသူမှာ ဒုအရာခံဗိုလ်အောင်ကျော်မိုး ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - အောင်မြင်ပါစေ