မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပိတ်ကျေးရွာအနီးတွင် ပိတ်ဆို့စစ်ဆေးနေစဉ် ကွတ်ခိုင်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် Toyota Landcruiser တစ်စီးအား ရှာဖွေရာ ဆီတိုင်ကီအံဝှက်အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၃၄၀၀၀၀)နှင့် စပယ်ယာဘီးအတွင်းထည့်သွင်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၂၇၀၀၀၀) စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၆၁၀၀၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြား (၆)သိန်းကျော်အား သယ်ဆောင်လာသည့် ယာဉ်မောင်းဖြစ်သူ တင်ဌေးနှင့် မာနော်တို့အား လားရှိုးမြို့နယ်မြေရဲစခန်းတွင် မယ(ပ) ၇၀/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့
*******
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မူဆယ် - မန္တလေး ပြည်ထောင်စုကားလမ်း ဟိုပိတ်ကျေးရွာအနီးတွင် ဒီဇင်ဘာလ (၄)ရက်နေ့ နံနက် (၉)နာရီခွဲခန့်က မော်တော်ယာဉ်တစ်စီးဖြင့် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ( ၆)သိန်းကျော်အား ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပိတ်ကျေးရွာအနီးတွင် ပိတ်ဆို့စစ်ဆေးနေစဉ် ကွတ်ခိုင်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် Toyota Landcruiser တစ်စီးအား ရှာဖွေရာ ဆီီတိုင်ကီအံဝှက်အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၃၄၀၀၀၀)နှင့် စပယ်ယာဘီးအတွင်းထည့်သွင်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၂၇၀၀၀၀) စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၆၁၀၀၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြား (၆)သိန်းကျော်အား သယ်ဆောင်လာသည့် ယာဉ်မောင်းဖြစ်သူ တင်ဌေးနှင့် မာနော်တို့အား လားရှိုးမြို့နယ်မြေရဲစခန်းတွင် မယ(ပ) ရ၀/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့
