ရွမ္း၊ ကယားႏွင့္ မေကြးတို႔မွ ဆိုင္ကယ္အစီးေရ ၃၀ ခိုးယူခံရမႈအား စစ္ေဆးေဖၚထုတ္သည့္ ကယားျပည္နယ္မွ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ အရပ္သားသက္ေသမ်ားကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဂုဏ္ျပဳ

ရွမ္း၊ ကယားႏွင့္ မေကြးတို႔မွ ဆိုင္ကယ္အစီးေရ ၃၀ ခိုးယူခံရမႈအား စစ္ေဆးေဖၚထုတ္သည့္ ကယားျပည္နယ္မွ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ အရပ္သားသက္ေသမ်ားကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဂုဏ္ျပဳ
ဒီဇင်ဘာ 11, 2017
By 🌸
ရွမ္းျပည္နယ္၊ မေကြးတုိင္းေဒသႀကီးႏွင့္ ကယားျပည္နယ္တို႔မွ ခိုးယူခံထားရသည့္ ဆုိင္ကယ္အစီးေရ (၃၀)အား စစ္ေဆးေဖၚထုတ္ႏုိင္ခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္(၉)ဦးႏွင့္ အရပ္သားသက္ေသ(၂)ဦးတို႔အား ဒီဇင္ဘာလ (၁၁)ရက္ေန႔ တြင္ ကယားျပည္နယ္ရဲတပ္ဖြဲ႕မွဴး႐ုံး ကႏၵရဝတီခန္းမ၌ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ဂုဏ္ျပဳမွတ္တမ္းလႊာ ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ ေညာင္ေရႊၿမိဳ႕မရဲစခန္းတြင္ မိတၳီလာမွ ဆိုင္ကယ္ခိုးသည့္အဖြဲ႔မ်ားအား ဖမ္းဆီးရမိထားေၾကာင္း သတင္းအရ ကယားျပည္နယ္အတြင္း ေပ်ာက္ဆုံးေနသည့္ ဆိုင္ကယ္မ်ား စုံစမ္းေဖာ္ထုတ္ရန္ လြိဳင္ေကာ္ခရိုင္ မွဳခင္း ႏွိမ္ႏွင္းေရးဌာနမွ ရဲအုပ္ျမသန္းဦးစီးအဖြဲ႔အား သြားေရာက္ စစ္ေဆးရန္ တာဝန္ေပးအပ္ခဲ့ေသာေၾကာင့္ ႏိုုဝင္ဘာလ (၂၂) ရက္ေန႔တြင္ ေညာင္ေရႊၿမိဳ႕မရဲစခန္းသို႔ သြားေရာက္ခဲ့ၿပီး စစ္ေဆးခဲ့ရာမွ ဆိုင္ကယ္ခိုးယူသည့္ အဖြဲ႕မွ လူမ်ားအား ထပ္မံဖမ္းဆီးရမိၿပီး ၎တို႔ခိုးယူထားသည့္ ဆုိင္ကယ္ အစီးေရ (၃၀)အား ေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ရရွိေသာ သက္ေသခံဆိုင္ကယ္မ်ားအား ဆိုင္ကယ္မ်ားေရာင္းခ်ထားသည့္ေနရာမ်ားမွ သိမ္းဆည္းႏုိင္ခဲ့ရာ သိမ္းဆည္းရမိသည့္ HONDA CLICK (၉) စီး ၊ HONDA WAVE (၇) စီး၊ HONDA DREAM (၅) စီး ၊ HONDA CBR-150 (၃) စီး ၊ LUOJIA (၃) စီး၊ YAMAHA DT (၂) စီးႏွင့္ YAMAHA FZ (၁)စီးတို႔အား သက္ဆိုင္ရာရဲစခန္းမ်ားသို႔လႊဲေျပာင္း၍ အမွဳဖြင့္လွစ္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု #ကယားျပည္နယ္ရဲတပ္ဖြဲ႕မွဴး႐ုံး

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်း၊ ကယားနှင့် မကွေးတို့မှ ဆိုင်ကယ်အစီးရေ ၃၀ ခိုးယူခံရမှုအား စစ်ဆေးဖေါ်ထုတ်သည့် ကယားပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားသက်သေများကို ပြည်နယ်ဝန်ကြီးချုပ် ဂုဏ်ပြု
**********
ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ခိုးယူခံထားရသည့် ဆိုင်ကယ်အစီးရေ (၃၀)အား စစ်ဆေးဖေါ်ထုတ်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်(၉)ဦးနှင့် အရပ်သားသက်သေ(၂)ဦးတို့အား ဒီဇင်ဘာလ (၁၁)ရက်နေ့ တွင် ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ကန္ဒရဝတီခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့မရဲစခန်းတွင် မိတ္ထီလာမှ ဆိုင်ကယ်ခိုးသည့်အဖွဲ့များအား ဖမ်းဆီးရမိထားကြောင်း သတင်းအရ ကယားပြည်နယ်အတွင်း ပျောက်ဆုံးနေသည့် ဆိုင်ကယ်များ စုံစမ်းဖော်ထုတ်ရန် လွိုင်ကော်ခရိုင် မှုခင်း နှိမ်နှင်းရေးဌာနမှ ရဲအုပ်မြသန်းဦးစီးအဖွဲ့အား သွားရောက် စစ်ဆေးရန် တာဝန်ပေးအပ်ခဲ့သောကြောင့် နိုုဝင်ဘာလ (၂၂) ရက်နေ့တွင် ညောင်ရွှေမြို့မရဲစခန်းသို့ သွားရောက်ခဲ့ပြီး စစ်ဆေးခဲ့ရာမှ ဆိုင်ကယ်ခိုးယူသည့် အဖွဲ့မှ လူများအား ထပ်မံဖမ်းဆီးရမိပြီး ၎င်းတို့ခိုးယူထားသည့် ဆိုင်ကယ် အစီးရေ (၃၀)အား ဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ရရှိသော သက်သေခံဆိုင်ကယ်များအား ဆိုင်ကယ်များရောင်းချထားသည့်နေရာများမှ သိမ်းဆည်းနိုင်ခဲ့ရာ သိမ်းဆည်းရမိသည့် HONDA CLICK (၉) စီး ၊ HONDA WAVE (၇) စီး၊ HONDA DREAM (၅) စီး ၊ HONDA CBR-150 (၃) စီး ၊ LUOJIA (၃) စီး၊ YAMAHA DT (၂) စီးနှင့် YAMAHA FZ (၁)စီးတို့အား သက်ဆိုင်ရာရဲစခန်းများသို့လွှဲပြောင်း၍ အမှုဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~