KNPP တပ္ဖြဲ႕ဝင္သံုးဦး အသတ္ခံရမႈႏွင့္ အရပ္သားတစ္ဦးေပ်ာက္ဆံုးေနမႈအား ေျဖရွင္းေပးရန္ ဆႏၵထုတ္ေဖၚသည့္ လူငယ္ ၅ ဦး တရားစြဲခံရ

KNPP တပ္ဖြဲ႕ဝင္သံုးဦး အသတ္ခံရမႈႏွင့္ အရပ္သားတစ္ဦးေပ်ာက္ဆံုးေနမႈအား ေျဖရွင္းေပးရန္ ဆႏၵထုတ္ေဖၚသည့္ လူငယ္ ၅ ဦး တရားစြဲခံရ
ဒီဇင်ဘာ 31, 2017
By Tachileik News Agency

KNPP မွတပ္ဖြဲ႔ဝင္သုံးဦး အသတ္ခံရမႈႏွင့္ အရပ္သားတစ္ဦး ေပ်ာက္ဆံုးေနမႈအား တရားမွ်တစြာ ေျဖရွင္းေပးရန္   ဒီဇင္ဘာလ (၂၀) ရက္ေန႔က ဆႏၵေဖာ္ထုတ္ခဲ့သူမ်ား အနက္ လူငယ္ (၅)ဦးကို ဆႏၵထုတ္ေဖၚရန္ ႀကိဳတင္ အေၾကာင္းမၾကားဘဲ ေဆာင္ရြက္မႈျဖင့္ ဒီဇင္ဘာလ (၃၀) ရက္ေန႔တြင္ ပုဒ္မ (၁၉)ျဖင့္ တရားစြဲဆိုလိုက္ေၾကာင္း သိရသည္။

"ၿငိမ္းစုစီဥပေဒ နဲ႔လိြဳင္ေကာ္ၿမိဳ႕နယ္ စခန္းမွဴးက စြဲတာေပါ့။ ဒီေန႔လည္း စစ္ေဆးတာေတြလုပ္တယ္။ အခုလို တရားစြဲ ခံရတဲ့အေပၚ ကၽြန္ေတာ္တို႔အေနနဲ႔ ေနာင္တမရဘူး။ ကၽြန္ေတာ္တုိ႔က ဒီအျဖစ္အပ်က္အေပၚ အေရးတယူ တေလးတစားနဲ႔ ေျဖး႐ွင္းေပးဖို႔ တိုက္တြန္း တာပဲ႐ွိတယ္။ ႀကိဳတင္အေၾကာင္း မၾကားလို႔က်ေတာ့ တရားစြဲၿပီး ဒီလူေလးဦးသတ္ခံရတာက်ေတာ့ တန္းမေျဖ႐ွင္းေပးဘူးဆိုေတာ့ ဘယ္ဟာက ပိုအေရးႀကီးေနတာလဲေပါ့ "ဟု ဆႏၵထုတ္ေဖၚမႈအား ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ကိုဒီးဒီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

(၇)မုိင္ ယာယီဂိတ္တြင္ KNPP တပ္ဖြဲ႔ဝင္သုံးဦး အသတ္ခံရၿပီး အရပ္သားတစ္ဦး ေပ်ာက္ေနမႈအား တပ္မေတာ္အေနျဖင့္ တရားမွ်တစြာေျဖ႐ွင္းေပးရန္ ကရင္နီလူငယ္အဖြဲ႔မွ လူငယ္မ်ားဦးေဆာင္၍ ဆႏၵထုတ္ေဖၚခဲ့ၾကရာ အဓိက ဦးေဆာင္သူမ်ားျဖစ္သည့္ ဒီးဒီ ၊ခြန္ရဲမင္းေက်ာ္ ၊ ဂြၽန္ေပါ ၊ မ်ိဳးလိႈင္ဝင္းႏွင့္ ဘိုဘိုတို႔ ငါးဦးအား တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ (၅) ရက္ေန႔တြင္ ႐ုံးတင္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

KNPP မှတပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရမှုနှင့် အရပ်သားတစ်ဦး ပျောက်ဆုံးနေမှုအား တရားမျှတစွာ ဖြေရှင်းပေးရန် ဒီဇင်ဘာလ (၂၀) ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့သူများ အနက် လူငယ် (၅)ဦးကို ဆန္ဒထုတ်ဖော်ရန် ကြိုတင် အကြောင်းမကြားဘဲ ဆောင်ရွက်မှုဖြင့် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပုဒ်မ (၁၉)ဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

"ငြိမ်းစုစီဥပဒေ နဲ့လွိုင်ကော်မြို့နယ် စခန်းမှူးက စွဲတာပေါ့။ ဒီနေ့လည်း စစ်ဆေးတာတွေလုပ်တယ်။ အခုလို တရားစွဲ ခံရတဲ့အပေါ် ကျွန်တော်တို့အနေနဲ့ နောင်တမရဘူး။ ကျွန်တော်တို့က ဒီအဖြစ်အပျက်အပေါ် အရေးတယူ တလေးတစားနဲ့ ဖြေးရှင်းပေးဖို့ တိုက်တွန်း တာပဲရှိတယ်။ ကြိုတင်အကြောင်း မကြားလို့ကျတော့ တရားစွဲပြီး ဒီလူလေးဦးသတ်ခံရတာကျတော့ တန်းမဖြေရှင်းပေးဘူးဆိုတော့ ဘယ်ဟာက ပိုအရေးကြီးနေတာလဲပေါ့ "ဟု ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုဒီးဒီက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

(၇)မိုင် ယာယီဂိတ်တွင် KNPP တပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရပြီး အရပ်သားတစ်ဦး ပျောက်နေမှုအား တပ်မတော်အနဖြေင့် တရားမျှတစွာဖြေရှင်းပေးရန် ကရင်နီလူငယ်အဖွဲ့မှ လူငယ်များဦးဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြရာ အဓိက ဦးဆောင်သူများဖြစ်သည့် ဒီးဒီ၊ခွန်ရဲမင်းကျော်၊ ဂျွန်ပေါ၊ မျိုးလှိုင်ဝင်းနှင့် ဘိုဘိုတို့ ငါးဦးအား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~