သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်တွင် ဘိန်းဖြူ (၁၁၀)ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀) သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဒီဇင်ဘာလ (၁၀)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
ကျောက်မဲမြို့မ ရဲတပ်ဖွဲ့ နှင့် အသိသက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အဆိုပါတိုးဂိတ်တွင် ပိတ်ဆို့စစ်ဆေးရေး လုပ်ဆောင်နေစဉ် ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၂)နာရီခွဲခန့်က သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများအား သုံးစွဲ/ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိ၊ သယ်ဆောင်သူ အိုက်ယိုင်အား (ပ)၃၄/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အရ ကျောက်မဲမြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့