ေက်ာက္မဲၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနႏွင့္ ေက်ာက္မဲၿမိဳ႕မ ရဲတပ္ဖြဲ႔တို႔ပါဝင္သည့္အဖြဲ႔သည္ အဆုိပါတိုးဂိတ္တြင္ ဒီဇင္ဘာလ (၈)ရက္ နံနက္(၇)နာရီ(၃၀)ခန္႔တြင္ ကားသံုးစီးေပၚတြင္ တင္ေဆာင္လာသည့္ စုစုေပါင္း အေလးခ်ိန္ (၂.၄၄၅) တန္အား ယာဥ္ေမာင္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မႏၱေလးဘက္မွ လားရႈိးဘက္သို႔ ေမာင္းႏွင္လာသည့္ အဆိုပါ ကား(၃)စီးတြင္ အေအးလံုေဖာ့ဘူးမ်ားျဖင့္ ထည့္သြင္းကာ သယ္ေဆာင္လာသည့္ ပိေတာက္သစ္ခြဲသားမ်ားကို ရွာေဖြေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တရားမဝင္ပိေတာက္သစ္မ်ားအားတင္ေဆာင္လာသည့္ ကား(၃)စီးႏွင့္ ယာဥ္ေမာင္းမ်ားျဖစ္သည့္ ေဝယ်ာ၊ ရန္ႏိုင္ဦးႏွင့္ ေဇာ္ဝင္းေမာင္တို႔အား ျပည္သူပိုင္-၆(၁) အရ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႔
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်တွင် ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် ပိုင်းက မန္တလေးဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် Alphard အဖြူရောင် (၂)စီးနှင့် Grand Star အနက်ရောင်တစ်စီးတို့တွင် သစ်များတရားမဝင်တင်ဆောင်လာသည်ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနနှင့် ကျောက်မဲမြို့မ ရဲတပ်ဖွဲ့တို့ပါဝင်သည့်အဖွဲ့သည် အဆိုပါတိုးဂိတ်တွင် ဒီဇင်ဘာလ (၈)ရက် နံနက်(၇)နာရီ(၃၀)ခန့်တွင် ကားသုံးစီးပေါ်တွင် တင်ဆောင်လာသည့် စုစုပေါင်း အလေးချိန် (၂.၄၄၅) တန်အား ယာဉ်မောင်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် အဆိုပါ ကား(၃)စီးတွင် အအေးလုံဖော့ဘူးများဖြင့် ထည့်သွင်းကာ သယ်ဆောင်လာသည့် ပိတောက်သစ်ခွဲသားများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင်ပိတောက်သစ်များအားတင်ဆောင်လာသည့် ကား(၃)စီးနှင့် ယာဉ်မောင်းများဖြစ်သည့် ဝေယျာ၊ ရန်နိုင်ဦးနှင့် ဇော်ဝင်းမောင်တို့အား ပြည်သူပိုင်-၆(၁) အရ ကျောက်မဲမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့