ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕တြင္ ပုဂၢလိက ေမာ္ေတာ္ယဥ္ႀကီးၾကပ္ေရးေကာ္မတီ ( ရ.က.တ ) ဥကၠဌအား လက္နက္ကိုင္အဖြဲ႔တစ္ဖြဲ႔က ေသနတ္ျဖင့္ ၀င္ေရာက္ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာမ်ားရရွိကာ ဖားကန္႔ ျပည္သူ႔ေဆးရံုတြင္ ေသဆံုးသြားေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံက သိရသည္။
၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၉)ရက္ေန႔ ေန႔လယ္(၁၂)နာရီ၀န္းက်င္အခ်ိန္က မရွီကေထာင္ရပ္ကြက္ ေဘလီ တံတားထိပ္ရွိ ေမာ္ေတာ္ယာဥ္ဂိတ္တြင္ ထိုင္ေနသည့္ ဦးခင္စိုးအား လက္နက္ကိုင္အဖြဲ႔တစ္ဖြဲ႔က ေသနတ္ျဖင့္ ၀င္ေရာက္ ပစ္ခတ္ရာတြင္ ၎မွာ (၄)ခ်က္ထိမွန္သြားကာ ဖားကန္႔ျပည္သူ႔ေဆးရံု အေရာက္တြင္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္ပြားမႈႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။
သတင္း - အင္မိုင္ခ
ဓါတ္ပံု - စဝ္မုိးလင္း
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ပုဂ္ဂလိက မော်တော်ယဉ်ကြီးကြပ်ရေးကော်မတီ ( ရ.က.တ ) ဥက္ကဌအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုကြောင့် ဒဏ်ရာများရရှိကာ ဖားကန့် ပြည်သူ့ဆေးရုံတွင် သေဆုံးသွားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံက သိရသည်။
၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နေ့လယ်(၁၂)နာရီဝန်းကျင်အချိန်က မရှီကထောင်ရပ်ကွက် ဘေလီ တံတားထိပ်ရှိ မော်တော်ယာဉ်ဂိတ်တွင် ထိုင်နေသည့် ဦးခင်စိုးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ရာတွင်၎င်းမှာ (၄)ချက်ထိမှန်သွားကာ ဖားကန့်ပြည်သူ့ဆေးရုံ အရောက်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - စဝ်မိုးလင်း