အဆိုပါ ေတြ႔ဆံုပြဲတြင္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) တြင္ လက္မွတ္ေရးထိုးၿပီးေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္း (၈) ဖြဲ႔ႏွင့္အတူ ေဆာင္ရြက္လ်က္ရွိသည့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ အဆင့္ဆင့္၏ လက္ရွိေဆာင္ရြက္လ်က္ရွိေသာ အေျခအေနမ်ားႏွင့္ NCA လက္မွတ္ မေရးထိုးရေသးေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ား ပါဝင္လက္မွတ္ေရးထိုးေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ေတြ႔ဆံုပြဲသို႔ JMC-U ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ တာဝန္ရွိသူမ်ားႏွင့္ တ႐ုတ္ႏိုင္ငံ၏ အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာ စြန္းေဂၚရွန္း (H.E. Mr. Sun Guoxiang) ဦးေဆာင္ေသာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာဌာနမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
ဓါတ္ပံု #JMC
**********
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ တရုတ်နိုင်ငံက ပံ့ပိုးသည့် အမေရိကန်ဒေါ်လာ ငါးသိန်းအား တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း (H.E. Mr. Sun Guoxiang) က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ဒီဇင်ဘာလ (၁၇) ရက်နေ့ တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ လာရောက်တွေ့ဆုံစဉ် လှူဒါန်းေပးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့နှင့်အတူ ဆောင်ရွက်လျက်ရှိသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်၏ လက်ရှိဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း (H.E. Mr. Sun Guoxiang) ဦးဆောင်သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဓါတ်ပုံ #JMC
