ကယားပြည်နယ် လွိုင်လင်လေးမြို့ (ယခင် လွိုင်လင်လေးကျေးရွာအုပ်စု) ရေပေးဝေနေသည့် ဘီလူးချောင်းမှာ ရေအရည်အသွေး လျော့နည်းလာခြင်း၊ နွေရာသီတွင် လိုအပ်သည့် ရေပမာဏ အပြည့်အဝ မရနိုင်ခြင်းများကြောင့် နမ့်တဘက်ချောင်းမှ ရေပေးဝေရေးစီမံကိန်းအား (၂)နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအနေဖြင့် နွေရာသီတွင်ရေအခက်အခဲဖြစ်လေ့ရှိသည့် လွိုင်လင်လေးမြို့အပါအဝင် ကျေးရွာ(၄)ရွာအတွက် တစ်ရက်လျှင် ရေဂါလန်(၇၇၂၀၀၀)ခန့် ပေးဝေနိုင်ရန် လျာထားပြီး လွိုင်ကော်မြို့ ရေပေးဝေရေး အထောက်အကူအတွက် တစ်ရက်လျှင် ရေဂါလန်(၁၂၀၀၀၀၀)ခန့် ပေးပို့နိုင်ရန် လျာထားကြောင်း သိရသည်။
အဆိုပါ ပင်မစီမံကိန်းအား အပိုင်း(၃)ပိုင်းခွဲခြား ဆောင်ရွက်သွားရန် လျာထားပြီး အပိုင်း(၁) အနေဖြင့် လွိုင်လင်လေးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများအား ရေပေးဝေရန်၊ အပိုင်း(၂)အနေဖြင့် လွိုင်ကော်မြို့နှင့် ပိုက်လိုင်း တစ်လျှောက် ကျေးရွာများသို့ ရေပေးဝေနိုင်ရန်၊ အပိုင်း(၃)အနေဖြင့် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မိုင်းလုံးရေသန့်စင်စက်ရုံသို့ ရေပေးဝေရန်ဖြစ်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှ စီးဆင်းလာသော နမ့်တဘက်ချောင်းသည် ကယားပြည်နယ် ထီးစဲခါးကျေးရွာ အနီး ရှမ်း- ကယားနယ်စပ်မှ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး နမ့်တဘက်ချောင်း၏ တစ်မိနစ် ရေထုစီးနှုန်းမှာ မိုးရာသီတွင် (၂၂၀၀၀၀) ကုဗပေ၊ ဆောင်းရာသီတွင် (၁၆၂၀၀၀) ကုဗပေနှင့် နွေရာသီတွင် (၁၂၀၀၀၀) ကုဗပေနှုန်းရှိကြောင်း သိရသည်။
နမ့်တဘက်ချောင်း ရေပေးဝေရေးစီမံကိန်းမှ တစ်ရက်လျှင် ပျမ်းမျှရေဂါလန်(၂)သန်း ထုတ်ယူမည်ဖြစ်ရာ ရေအနည်းဆုံးဖြစ်သည့် နွေရာသီတွင်ပင် ချောင်းရေထုစီးနှုန်း၏ (၁.၂) ရာခိုင်နှုန်းခန့်သာ ထုတ်ယူသုံးစွဲမည်ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လက်ရှိချောင်းရေစီးမှုအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအနဖြေင့် နွေရာသီတွင်ရေအခက်အခဲဖြစ်လေ့ရှိသည့် လွိုင်လင်လေးမြို့အပါအဝင် ကျေးရွာ(၄)ရွာအတွက် တစ်ရက်လျှင် ရေဂါလန်(၇၇၂၀၀၀)ခန့် ပေးဝေနိုင်ရန် လျာထားပြီး လွိုင်ကော်မြို့ ရေပေးဝေရေး အထောက်အကူအတွက် တစ်ရက်လျှင် ရေဂါလန်(၁၂၀၀၀၀၀)ခန့် ပေးပို့နိုင်ရန် လျာထားကြောင်း သိရသည်။
အဆိုပါ ပင်မစီမံကိန်းအား အပိုင်း(၃)ပိုင်းခွဲခြား ဆောင်ရွက်သွားရန် လျာထားပြီး အပိုင်း(၁) အနဖြေင့် လွိုင်လင်လေးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများအား ရေပေးဝေရန်၊ အပိုင်း(၂)အနဖြေင့် လွိုင်ကော်မြို့နှင့် ပိုက်လိုင်း တစ်လျှောက် ကျေးရွာများသို့ ရေပေးဝေနိုင်ရန်၊ အပိုင်း(၃)အနဖြေင့် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မိုင်းလုံးရေသန့်စင်စက်ရုံသို့ ရေပေးဝေရန်ဖြစ်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ
