ျမန္မာႏိုင္ငံဘဏ္မ်ား၏ ေခၚယူအပ္ေငြစာရင္း အတိုးႏႈန္းကို ၂၀၁၈ ဇန္နဝါရီလ ၂ ရက္ေန႔မွစ၍ (၂)ရာခိုင္ႏႈန္း ေျပာင္းလဲသတ္မွတ္

ျမန္မာႏိုင္ငံဘဏ္မ်ား၏ ေခၚယူအပ္ေငြစာရင္း အတိုးႏႈန္းကို ၂၀၁၈ ဇန္နဝါရီလ ၂ ရက္ေန႔မွစ၍ (၂)ရာခိုင္ႏႈန္း ေျပာင္းလဲသတ္မွတ္
ဒီဇင်ဘာ 20, 2017
By Tachileik News Agency

ျမန္မာႏိုင္ငံဘဏ္မ်ား၏ ေခၚယူအပ္ေငြစာရင္း (Call Deposit Account)ကို ယခင္က အတိုးႏႈန္း (၆)ရာခုိင္ႏႈန္း ေပးေနရာမွ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂)ရက္ေန႔မွစ၍ အတိုးႏႈန္း (၂)ရာခုိင္ႏႈန္းသို႔ ေလွ်ာ့ခ် သတ္မွတ္လိုက္ၿပီး အျခားအပ္ေငြစာရင္းမ်ား၏ အတိုးႏႈန္း ေျပာင္းလဲျခင္းမရိွေၾကာင္း သိရသည္။

ေခၚယူအပ္ႏွံေငြစာရင္းမ်ားသည္ ဘဏ္မ်ားအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္လာျခင္းေၾကာင့္ ယင္းကဲ့သုိ႔ ျပင္ဆင္သတ္မွတ္လာျခင္းျဖစ္ေၾကာင္း စီးပြားေရးပညာရွင္တစ္ဦးျဖစ္သည့္ ခင္ေမာင္ညိဳ (ေဘာဂေဗဒ)က သံုးသပ္သည္။

“အမွန္ကေတာ့ သူတို႔ ဒါကိုဖ်က္ခ်င္တာ။ ဟိုတုန္းကလည္း ဒီဟာက သူတို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘဏ္တစ္ခုနဲ႔ တစ္ခု အၿပိဳင္အဆိုင္ ဆြဲေဆာင္ၾကတာေပါ့ေနာ္ ။ ဒီ Call Deposit က။ အမွန္ကေတာ့ ေသာၾကာေန႔အပ္ၿပီး တနလၤာေန႔ျပန္ထုတ္တဲ့ကိစၥဆိုေတာ့ သူတို႔မွာ Deposit (အပ္ေငြ) ကေတာ့ မ်ားလာတယ္။ လက္ေတြ႔မွာ ဒီဟာကို ျပန္ေခ်းဖို႔က အဆင္မေျပဘူး။ ေသာၾကာေန႔ေခ်းၿပီး တနလၤာေန႔ ျပန္အပ္တဲ့ ေခ်းေငြကလည္း ရိွမွာမဟုတ္ဘူး။ ဒီေတာ့ ဒီဟာက ၾကာလာေတာ့ သူတို႔အတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္လာတယ္။ ဒါေၾကာင့္ တစ္ျဖည္းျဖည္းနဲ႔ ဖယ္ခ်င္တဲ့သေဘာေပါ့။ ဒီဟာကို အားမေပးေတာ့ဘူးေပါ့။ ေနာက္က်ရင္ လံုးဝေတာင္ ရပ္မယ့္သေဘာထင္ပါတယ္။ ဒါက သူတို႔အတြက္ လံုးဝအဆင္မေျပေပမဲ့ အရင္တုန္းကေတာ့ ရည္ရြယ္ခ်က္ႏွစ္ခုနဲ႕ လုပ္ပံုရတယ္။ တစ္ခုက ဘဏ္အခ်င္းခ်င္း ၿပိဳင္တာရယ္၊ ေနာက္တစ္ခုက ကိုယ့္ရဲ႕ Deposti (အပ္ေငြ)မ်ားတယ္ဆိုတာမ်ိဳး Deposit ratio (အပ္ေငြရာခုိင္ႏႈန္း) မ်ားေအာင္ လုပ္တာနဲ႔တူတယ္”ဟု စီးပြားေရးပညာရွင္တစ္ဦးျဖစ္သည့္ ခင္ေမာင္ညိဳ (ေဘာဂေဗဒ)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံဘဏ္မ်ားအသင္း၏ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အထူးအစည္းအေဝးတြင္ ေခၚယူ အပ္ေငြစာရင္း (Call Deposit Account) အတိုးႏႈန္းကို ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ (၂) ရက္ေန႔မွ စတင္၍ (၂)ရာခုိင္ႏႈန္းသို႔ ေျပာင္းလဲသတ္မွတ္ရန္ ေဆြးေႏြးဆံုးျဖတ္ခဲ့ၾကပါသည္။

ေခၚယူအပ္ႏွံေငြစာရင္းမွာ ကနဦးအပ္ႏွံေငြ က်ပ္ (၁၀)သိန္းျဖင့္ စာရင္းဖြင့္လွစ္ၿပီး လက္က်န္ေငြ အနည္းဆံုး က်ပ္ (၁)သိန္းထားရိွကာ ေန႔စဥ္ ေငြလက္က်န္အေပၚ အတိုးႏႈန္းတြက္ေပးျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံဘဏ်များ၏ ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account)ကို ယခင်က အတိုးနှုန်း (၆)ရာခိုင်နှုန်း ပေးနေရာမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့မှစ၍ အတိုးနှုန်း (၂)ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်လိုက်ပြီး အခြားအပ်ငွေစာရင်းများ၏ အတိုးနှုန်း ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။

ခေါ်ယူအပ်နှံငွေစာရင်းများသည် ဘဏ်များအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာခြင်းကြောင့် ယင်းကဲ့သို့ ပြင်ဆင်သတ်မှတ်လာခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် ခင်မောင်ညို (ဘောဂဗေဒ)က သုံးသပ်သည်။

“အမှန်ကတော့ သူတို့ ဒါကိုဖျက်ချင်တာ။ ဟိုတုန်းကလည်း ဒီဟာက သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဘဏ်တစ်ခုနဲ့ တစ်ခု အပြိုင်အဆိုင် ဆွဲဆောင်ကြတာပေါ့နော်။ ဒီ Call Deposit က။ အမှန်ကတော့ သောကြာနေ့အပ်ပြီး တနင်္လာနေ့ပြန်ထုတ်တဲ့ကိစ္စဆိုတော့ သူတို့မှာ Deposit (အပ်ငွေ) ကတော့ များလာတယ်။ လက်တွေ့မှာ ဒီဟာကို ပြန်ချေးဖို့က အဆင်မပြေဘူး။ သောကြာနေ့ချေးပြီး တနင်္လာနေ့ ပြန်အပ်တဲ့ ချေးငွေကလည်း ရှိမှာမဟုတ်ဘူး။ ဒီတော့ ဒီဟာက ကြာလာတော့ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်။ ဒါကြောင့် တစ်ဖြည်းဖြည်းနဲ့ ဖယ်ချင်တဲ့သဘောပေါ့။ ဒီဟာကို အားမပေးတော့ဘူးပေါ့။ နောက်ကျရင် လုံးဝတောင် ရပ်မယ့်သဘောထင်ပါတယ်။ ဒါက သူတို့အတွက် လုံးဝအဆင်မပြေပေမဲ့ အရင်တုန်းကတော့ ရည်ရွယ်ချက်နှစ်ခုနဲ့ လုပ်ပုံရတယ်။ တစ်ခုက ဘဏ်အချင်းချင်း ပြိုင်တာရယ်၊ နောက်တစ်ခုက ကိုယ့်ရဲ့ Deposti (အပ်ငွေ)များတယ်ဆိုတာမျိုး Deposit ratio (အပ်ငွေရာခိုင်နှုန်း) များအောင် လုပ်တာနဲ့တူတယ်”ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် ခင်မောင်ညို (ဘောဂဗေဒ)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံဘဏ်များအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထူးအစည်းအဝေးတွင် ခေါ်ယူ အပ်ငွေစာရင်း (Call Deposit Account) အတိုးနှုန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့မှ စတင်၍ (၂)ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

ခေါ်ယူအပ်နှံငွေစာရင်းမှာ ကနဦးအပ်နှံငွေ ကျပ် (၁၀)သိန်းဖြင့် စာရင်းဖွင့်လှစ်ပြီး လက်ကျန်ငွေ အနည်းဆုံး ကျပ် (၁)သိန်းထားရှိကာ နေ့စဉ် ငွေလက်ကျန်အပေါ် အတိုးနှုန်းတွက်ပေးခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~