ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ (၄၃)ႀကိမ္ေျမာက္ အာခါတိုင္းရင္းသား စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္ဖြင့္ပြဲကို ဒီဇင္ဘာလ(၂၈)ရက္ေန႔ နံနက္ပိုင္းက က်င္းပေနရာ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ အသီးသီးမွ အာခါတုိင္းရင္းသားမ်ား စုစည္းတက္ေရာက္ၾကေၾကာင္း သိရသည္။
ႏွစ္သစ္ကူးပြဲေတာ္သို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမ်ားျဖစ္သည့္ က်ိဳင္းတံု၊ မုိင္းေယာင္း၊ မုိင္းယန္း၊ တာခ်ီလိတ္၊ အထူးေဒသ(၄)စသည့္ ေဒသအသီးသီးမွ အာခါတိုင္းရင္းသားမ်ား တက္ေရာက္ၾကၿပီး အာခါတိုင္းရင္းသားရိုးရာအကမ်ား၊ သက္ႀကီးရြယ္အိုမ်ားက ရိုးရာသီခ်င္းမ်ား သီဆိုျခင္း အစီအစဥ္ႏွင့္ ရိုးရာယဥ္ေက်းမႈ ျပခန္းမ်ားကိုလည္း ထည့္သြင္းျပသထားကာ ဒီဇင္ဘာလ (၂၉)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားသို႔ တက္ေရာက္လာသည့္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လုံႏွင့္ အာခါတိုင္းရင္းသားလူမ်ိဳးေရးရာ၀န္ႀကီး ဦးအာေဗလတို႔က ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးကာ ႏွစ္သစ္ကူး မိန္႔ခြန္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ကိုယ္စား ျပည္နယ္ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လုံႏွင့္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးတို႔က ေျပာၾကားကာ အာခါတိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ႀကီး ဦးအာေဗလက ႀကိဳဆိုႏႈတ္ခြန္းဆက္စကားအား ျမန္မာဘာသာျဖင့္ လည္းေကာင္း (၄၃)ႀကိမ္ေျမာက္ အာခါတိုင္းရင္းသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္ က်င္းပေရးအဖြဲ႕ နာယက ဦးမင္းညိဳက အာခါဘာသာျဖင့္ လည္းေကာင္း ေျပာၾကားသည္။
အာခါႏွစ္သစ္ကူးပြဲေတာ္အတြက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕က က်ပ္သိန္း(၃၀)၊ အာခါတိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ႀကီး ဦးအာေဗလ မိသားစုက က်ပ္သိန္း(၆၀)၊ တာခ်ီလိတ္ၿမိဳ႕ ဇန္းမြန္အာခါဟိုတယ္က က်ပ္သိန္း(၃၀)၊ တာခ်ီလိတ္ၿမိဳ႕ ဟိန္းလင္းစံကုမၸဏီက က်ပ္သိန္း(၃၀)၊ မိုင္းလားအထူးေဒသ(၄)မွ အာခါယဥ္ေက်းမႈအဖြဲ႕က က်ပ္(၂၄)သိန္း၊ i am net ကုမၸဏီက က်ပ္(၁၀)သိန္းႏွင့္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးတို႕မွ ႏွစ္သစ္ကူးပြဲေတာ္ အလွဴေငြမ်ားကို အသီးသီး ေပးအပ္ခဲ့ၾကသည္။
အာခါတိုင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္အထိမ္းအမွတ္ ဖူဆယ္ေဘာလုံးၿပိဳင္ပြဲတြင္ ဆုရရိွသည့္ အသင္းမ်ားကိုလည္း ဆုခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု #ဇြဲျမတ္
နှစ်သစ်ကူးပွဲတော်သို့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများဖြစ်သည့် ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း၊ တာချီလိတ်၊ အထူးဒေသ(၄)စသည့် ဒေသအသီးသီးမှ အာခါတိုင်းရင်းသားများ တက်ရောက်ကြပြီး အာခါတိုင်းရင်းသားရိုးရာအကများ၊ သက်ကြီးရွယ်အိုများက ရိုးရာသီချင်းများ သီဆိုခြင်း အစီအစဉ်နှင့် ရိုးရာယဉ်ကျေးမှု ပြခန်းများကိုလည်း ထည့်သွင်းပြသထားကာ ဒီဇင်ဘာလ (၂၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ နှစ်သစ်ကူး မိန့်ခွန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးတို့က ပြောကြားကာ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလက ကြိုဆိုနှုတ်ခွန်းဆက်စကားအား မြန်မာဘာသာဖြင့် လည်းကောင်း (၄၃)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပရေးအဖွဲ့ နာယက ဦးမင်းညိုက အာခါဘာသာဖြင့် လည်းကောင်း ပြောကြားသည်။
အာခါနှစ်သစ်ကူးပွဲတော်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကျပ်သိန်း(၃၀)၊ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလ မိသားစုက ကျပ်သိန်း(၆၀)၊ တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်က ကျပ်သိန်း(၃၀)၊ တာချီလိတ်မြို့ ဟိန်းလင်းစံကုမ္ပဏီက ကျပ်သိန်း(၃၀)၊ မိုင်းလားအထူးဒေသ(၄)မှ အာခါယဉ်ကျေးမှုအဖွဲ့က ကျပ်(၂၄)သိန်း၊ i am net ကုမ္ပဏီက ကျပ်(၁၀)သိန်းနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးတို့မှ နှစ်သစ်ကူးပွဲတော် အလှူငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။
အာခါတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကိုလည်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဇွဲမြတ်
