ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးထံမှ စိတ်ကြွဆေးပြား (၆၀၀)ဖမ်းမိ၍ မူးယစ်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အိုရီယမ်တယ်တိုးဂိတ်တွင် ဒီဇင်ဘာလ (၂၈) ရက်နေ့ ည (၁၁)နာရီအချိန်က စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးအား စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသည့် မြင့်နိုင်ဆိုသူ၏ အင်္ကျီအိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀)ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြား သယ်လာသည့် မြင့်နိုင်နှင့် အဆိုပါဆိုင်ကယ်ဖြင့် လိုက်ပါလာသူ ညိုဝင်းကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
