ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အဝင် လားရှိုး - မန္တလေး ကားလမ်းတွင် နိုဝင်ဘာလ (၂၀)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား (၅)သောင်းကျော်သယ်ဆောင်လာသည့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်တွင် စစ်ဆေးနေစဉ် အသက် (၁၉)နှစ်နှင့် (၂၀)နှစ်အရွယ် လူငယ်နှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၅၂၀၀၀)အား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် စိုင်းအောင်ဟိန်းဦးနှင့် စိုင်းဆိုင်မိန်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
