ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ဥကၠဌအျဖစ္ တာဝန္ယူမည့္ ရခိုင္ျပည္နယ္တြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရးႏွင့္ ဖံြ႔ၿဖိဳးေရးစီမံကိန္း၏ လုပ္ေဆာင္ ခ်က္မ်ားအား ေဖာ္ျပမည့္ အင္တာနက္စာမ်က္ႏွာ Website ကို ေအာက္တိုဘာလ (၁၅)ရက္ေန႔တြင္ စတင္လႊင့္တင္လုိက္ၿပီး စီမံကိန္းတြင္ ပူးေပါင္းေဆာင္ရြက္ၾကရန္ကိုလည္း ဖိတ္ေခၚထားသည္။
စီမံကိန္းတြင္ ျပည္သူျပည္သားမ်ား၊ ျပည္တြင္း NGO မ်ားႏွင့္ CSO မ်ား၊ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ား ပူးေပါင္း ပါဝင္ၾကရန္ ေမတၱာရပ္ခံထားၿပီး ရခိုင္ျပည္နယ္ဖံြ႔ၿဖိဳးေရးအတြက္ ပံ့ပိုးကူညီေပးရန္ ကမ္းလွမ္း ထားသည့္ နိုင္ငံမ်ား၊ ကုလသမဂၢေအဂ်င္စီမ်ား၊ World Bank ႏွင့္ ADB ကဲ့သို႔ေသာ ဘ႑ာေရး အဖဲြ႔အစည္းမ်ား၊ Nippon Foundation ကဲ့သို႔ေသာ INGO အဖဲြ႔အစည္းမ်ားႏွင့္ မိတ္ေဆြနိုင္ငံမ်ား ပါဝင္ၾကရန္လည္း ဖိတ္ေခၚထားသည္။
အဆိုပါ website ( http://rakhine.unionenterprise.org )သည္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ဥကၠဌအျဖစ္ တာဝန္ယူေဆာင္ရြက္မည့္ ရခိုင္ျပည္နယ္တြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖံြ႔ၿဖိဳးေရးစီမံကိန္း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ၏ တရားဝင္ အင္တာနက္စာမ်က္ႏွာ Website ျဖစ္ၿပီး ရခိုင္ျပည္နယ္အေရးႏွင့္ ပတ္သက္၍ လုပ္ေဆာင္ခ်က္မ်ားႏွင့္ လွဴဒါန္းလိုသူမ်ား ဆက္သြယ္လွဴဒါန္းႏိုင္မည့္ ဘဏ္စာရင္းမ်ားကိုလည္း ေဖာ္ျပထားျခင္းျဖစ္သည္။
ရခိုင္ျပည္နယ္တြင္း လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာအကူအညီမ်ား ထိထိေရာက္ေရာက္ ေပးအပ္ေရးႏွင့္ ဒုကၡသည္မ်ား ျပန္လည္လက္ခံေရး၊ ျပန္လည္ေနရာခ်ထားေရးႏွင့္ ျပန္လည္ထူေထာင္ေရး၊ ေဒသဖံြ႔ၿဖိဳးေရးႏွင့္ ေရရွည္ပဋိပကၡကင္းေဝးေရးတို႔ကို လုပ္ေဆာင္ရာတြင္ ႏိုင္ငံေတာ္အစိုးရႏွင့္အတူ
ရခိုင္ျပည္နယ္တြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖံြ႔ၿဖိဳးေရးစီမံကိန္းတြင္ နိုင္ငံေတာ္အစိုးရႏွင့္အတူ ျပည္တြင္း ၊ ျပည္ပႏုိင္ငံအဖဲြ႔အစည္းစံု၊ အလႊာစံုတို႔ က႑စံု၊ လုပ္ငန္းမိ်ဳးစံုတြင္ ပါဝင္ေဆာင္ရြက္ေရးအတြက္ ရည္ရြယ္ဖြဲ႔စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္ ေျမာက္ျခမ္း ဘူးသီးေတာင္၊ ေမာင္ေတာေဒသမ်ား၌ အၾကမ္းဖက္သမားမ်ားက ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၉)ရက္ေန႔တြင္ လည္းေကာင္း၊ ARSA အစြန္းေရာက္ အၾကမ္းဖက္သမားမ်ားက ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၂၅)ရက္ေန႔နံနက္ပိုင္းမွစ၍ လည္းေကာင္း တုိက္ခိုက္မႈေၾကာင့္ ေဒသခံျပည္သူမ်ားမွာ ထြက္ေျပးတိမ္းေရွာင္ေနရျခင္းျဖစ္သည္။
သတင္း - အင္မိုင္ခ
စီမံကိန်းတွင် ပြည်သူပြည်သားများ၊ ပြည်တွင်း NGO များနှင့် CSO များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံထားပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးရန် ကမ်းလှမ်း ထားသည့် နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ World Bank နှင့် ADB ကဲ့သို့သော ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ Nippon Foundation ကဲ့သို့သော INGO အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ ပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားသည်။
အဆိုပါ website ( http://rakhine.unionenterprise.org )သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)၏ တရားဝင် အင်တာနက်စာမျက်နှာ Website ဖြစ်ပြီး ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များနှင့် လှူဒါန်းလိုသူများ ဆက်သွယ်လှူဒါန်းနိုင်မည့် ဘဏ်စာရင်းများကိုလည်း ဖော်ပြထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးတို့ကို လုပ်ဆောင်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ
ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်း၊ ပြည်ပနိုင်ငံအဖွဲ့အစည်းစုံ၊ အလွှာစုံတို့ ကဏ္ဍစုံ၊ လုပ်ငန်းမျိုးစုံတွင် ပါဝင်ဆောင်ရွက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ခြမ်း ဘူးသီးတောင်၊ မောင်တောဒေသများ၌ အကြမ်းဖက်သမားများက ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် လည်းကောင်း၊ ARSA အစွန်းရောက် အကြမ်းဖက်သမားများက ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့နံနက်ပိုင်းမှစ၍ လည်းကောင်း တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
သတင်း - အင်မိုင်ခ