တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ပုန်းညှက်လမ်းတွင် အသက်(၅၅)နှစ်ကျော် ဟု သိရသည့် အမျိုးသားတစ်ဦး ဆိုင်ကယ်စီးနေရင်းလဲကျကာ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။
၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က မိုးရွာနေစဉ်တွင် တစ်ဦးတည်း ဆိုင်ကယ်မောင်းလာစဉ် အမျိုးသားတစ်ဦး လဲကျကာ သေဆုံးသွားကြောင်း သတင်းရရှိ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးရာတွင် သေဆုံးနေသူမှာ မိုးမိတ္တူဆိုင်မှ အသက်(၅၅)နှစ်ကျော်ဟု သိရသည့် ဦးဖြူ ဖြစ်နေကြောင်း သိရသည်။
ဆိုင်ကယ်မောင်းနေစဉ် လဲကျမှုကြောင့် မျက်ခုံးထောင့်တွင် ဒဏ်ရာတစ်ခုရရှိသည်ကို တွေ့ရှိရကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းအား ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ - ဆန်ဆိုင်း ထွေ/အုပ်
